နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်တာနက်ပေါ်က လှုံ့ဆော်သူတွေကို အရေးယူဖို့ အမေရိကန် သံအမတ်ကြီး တိုက်တွန်း

10.5.2013

အင်တာနက် လူမှု ကွန်ရက်တွေ ပေါ်ကနေ အခြေ အနေတွေ မတည် မငြိမ် ဖြစ်အောင် လုပ်ဆောင် နေသူ တွေကို အရေး ယူဖို့ မြန်မာ နိုင်ငံ ဆိုင ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က အစိုးရကို တိုက် တွန်း ခဲ့ပါတယ်။

ရန်ကုန်မြို့ American Center မှာ မေလ ၈ ရက်နေ့က ကျင်းပ ခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုင်ရာ ဆွေးနွေး ပွဲမှာ ပြောကြား ခဲ့ တာပါ။

အင်တာနက် လူမှု ကွန်ရက်မှာ တချို့ သူတွေက နာမည် အတု၊ အကောင့် အတု တွေနဲ့ပြဿနာ တွေ ပိုမို ကြီးထွားအောင် တာဝန်မဲ့ ပြောဆို ရေးသားနေ ကြတယ်လို့ဆိုပါတယ်။ ကိုယ့် အမြင်ကို ပွင့်ပွင့် လင်းလင်း ထုတ်ဖော် ပြောဆိုခွင့် ရလာတဲ့ ဒီကနေ့ အခြေ အနေမှာ တာဝန်ယူတဲ့ သတင်း မီဒီယာ တွေကို လွတ် လွတ် လပ်လပ် ဆောင်ရွက်ဖို့ လိုပြီ လို့လည်း ပြောကြား ခဲ့ပါတယ်။

အမေရိကန် သံရုံး လူထု ဆက်သွယ်ရး လက်ထောက် အရာရှိ Michael Quinlan ကလည်း လွတ် လပ် စွာ ပြောဆိုခွင့်ကို ဥပဒေနဲ့ သတ်မှတ်ဖို့ လိုအပ်ပြီး၊ တရားရေး စနစ်ကလည်း  စောင့်ကြည့်နေရ မှာ ဖြစ် ကြောင်း၊ လူမှုရေး၊ ဘာသာရေး သွေးထိုး လှုံ့ဆော်တာ၊ အသရေ ပျက်အောင် စော် ကား ရေး သား တာတွေ ဟာ လက်ခံ နိုင်စရာ မရှိကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီဆွေးနွေး ပွဲမှာ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆို ခွင့်ရဲ့ အနက် အဓိပ္ပါယ်နဲ့ သဘော သဘာဝ၊ မီဒီယာ လွတ်လပ် မှုနဲ့ မြန်မာ နိုင်ငံ အခြေ အနေ၊ ဆင်ဆာ ပြဿနာ စတာ တွေကို အဓိက ဆွေးနွေးခဲ့ ကြပါတယ်။ ဒီပွဲကို ကျောင်းသူ ကျောင်းသားတွေ၊ စာရေး ဆရာ အယ်ဒီတာ တွေနဲ့ ဘလော့ဂါ တွေ စုစု ပေါင်း လူ ၃၀၀ ၀န်းကျင် တက်ရောက် ခဲ့ကြ ပါတယ်။

Comment ရေးရန်

Rohingya Exodus