နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အလိုတော်ရိ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ မျှော်လင့်စရာ ကြီးကြီးမားမားမရှိ


မောင်သမာဓိ 
RB News
10.5.2013

မေလ (၆) ရက် နေ့မှာ ပြောကြား ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ ရိုဟင်ဂျာ တွေအတွက် အသုံး မ၀င်တဲ့ မိန်းခွန်း တစ်ရပ် ဖြစ်ပါတယ်။ သူ့မိန့်ခွန်းမှာ သမာ သမတ် ရှိသူတွေ အားလုံး အော့ဂလိဆန်တဲ့ “ရခိုင် အစီရင်ခံစာ” ကိုသူက ချီးမွမ်းခန်း ဖွင့်တယ်။ စကားတွေ ရှေ့နောက် မညီ ပြောတယ်။ ပထမတော့ သူက ဘာဘာ ညာညာနဲ့ အခြေခံ အခွင့် အရေး အကြောင်း တွေလေလုံး ထုတ်တယ်။ နောက်ဆုံး နိဂုံးချုပ် မှာတော့ ရခိုင် အလိုကျသာ လုပ်ပေး နိုင်မယ် ဆိုပြီး ပိတ်ပြော သွားခဲ့ ပါတယ်။ 

သူ့မိန့်ခွန်းမှာ“ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင် ခံစာဟာ ပြည့် စုံ ကောင်း မွန် တဲ့ အစီရင်ခံစာ တစ်ခု ဖြစ်ကြောင်း၊ ရခိုင် အရေး ကိစ္စကို ဒီအစီ ရင်ခံစာကို အခြေခံပြီး ဖြေ ရှင်း မှာ ဖြစ်ကြောင်း၊ ရခိုင် တိုင်းရင်းသား တွေရဲ့ ခံစားမှုနှင့် လိုလားချက်တွေကိုလုံးဝ လျစ်လျူရှူမှာ မဟုတ်ကြောင်း” အလေး အနက်ထား ပြောဆို သွားတာ တွေ့ရှိ ရပါတယ်။ ဒါဟာ ရိုဟင်ဂျာ တွေကို ရန်သူ ဟု သတ်မှတ်ကြောင်း ကြေညာခြင်း ဖြစ်ပါတယ်။ ဒါတွေကို ရိုဟင်ဂျာ တွေအနေနဲ့ ဘယ်လိုမှ လက်မ ခံ နိုင်ပါဘူး။ ဒီရခိုင် အစီရင် ခံစာမှာ ရေးထား တွေဟာ ရခိုင်တွေရဲ့ ခံစားမှုနှင့် လိုလားချက် တွေဖြစ် ပါတယ်။ ရခိုင် တွေရဲ့ ခံစားမှုနှင့် လိုလား ချက်တွေက - 

- ရိုဟင်ဂျာ တွေဟာ ဘင်္ဂလီတွေ ဖြစ်တယ်၊ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဘယ်တော့မှ လည်း မရှိစေ ရဘူး။ 

- ဘင်္ဂလီ တွေဟာ ခိုးဝင် လာသူ တွေ ဖြစ်တယ်။ ရခိုင် တွေနဲ့ ဘယ်တော့မှ တန်းမတူ ရဘူး။ ရခိုင်က သခင်၊ ဘင်္ဂလီက ကျွန်ဖြစ် နေရမယ်။ ရခိုင်နဲ့ ဘင်္ဂလီဟာ အိမ်ရှင်နဲ့ ဧည့်သည်လို အမြဲ ကွာခြား နေရမယ်။ - ၁၉၈၂ နိုင်ငံသား ဥပဒေကို လုံးဝ မပြောင်း ရဘူး။ ဒီဥပဒေနဲ့ ဘင်္ဂလီ အနည်းစုကို “ပြု” (သို့မဟုတ်) “ဧည့်” နိုင်ငံသား ပေးပြီး၊ ကျန်တာ တွေကို “နိုင်ငံမဲ့” အဖြစ် ဒုက္ခသည် စခန်းတွေ ဆက်လက် ထားရမယ်။ 

- ဘင်္ဂလီ တွေဟာ နိုင်ငံရေး အရ လွှမ်းမိုး လာတယ်၊ ဒါ့ကြောင့် ဘင်္ဂလီ တွေကို ပါတီ ထောင်ခွင့် ပေးတာ တို့၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခွင့် ပေးတာတို့၊ အုပ်ချုပ် ရေးမှူး ခန့်တာတို့ စတာ တွေကို ပိတ်ပင် ရမယ်။ 

- ဘင်္ဂလီ တွေဟာ စီးပွားရေး အရ လွှမ်းမိုး လာတယ်။ ဒါ့ကြောင့် ဘင်္ဂလီ တွေကို စီးပွားရေး လုပ်ငန်း ကြီးကြီး မားမား တွေကို လုပ်ခွင့် မပေး ရဘူး။ ဗုဒ္ဓ ဘာသာဝင် တွေက ဘင်္ဂလီနဲ့၊ မွတ်စလင် တွေနဲ့ စီး ပွားရေး အရ မဆက်ဆံ ရဘူး။ 

- NGO, INGO တွေက ဘင်္ဂလီတွေကိုဘဲ ကူညီ နေတယ်၊ အရေးစိုက် နေတယ်။ ဒါ့ကြောင့် NGO, INGO တွေက ရခိုင် တွေကိုသာ ထောက်ပံ့ ကူညီ ရမယ်။ ဘင်္ဂလီ တွေကို ဂရုစိုက် စရာ မလိုဘူး။ 

- ဘင်္ဂလီတွေဟာ ကလေးတွေ အများကြီး မွေးပြီး ရခိုင် တွေကို မျိုနေတယ်။ ဒါ့ကြောင့် ဘင်္ဂလီ တွေကို အိမ်ထောင် မပြုနိုင် အောင်၊ ကလေးတွေ မမွေး နိုင်အောင်၊ နိုင်ငံခြားသို့ ထွက်ပြေး သွားအောင် လုပ် ရမယ်။ ဘင်္ဂလား ပင်လယ် အော်ထဲ မောင်းထုတ် ရမယ်။ 

- ဘင်္ဂလီနဲ့ မွတ်စလင်တွေက ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်အောင် (Islamization) လုပ်နေတယ်။ ဒါ့ကြောင့် ဘင်္ဂလီတွေ၊ မွတ်စလင် တွေရဲ့ အစ္စလာမ် ဘာသာကို အကြီး အကျယ် ကန့်သတ် ရမယ်။ ဖျက်ဆီး ရမယ်။ 

- ဘင်္ဂလီ တွေက ရခိုင်ရွာ၊ ရခိုင်မြေ တွေကို သိမ်းပိုက် ထားတယ်။ ဘင်္ဂလီ ရွာတွေကို ဖျက်ပြီး ရခိုင် “နတလ” ရွာတွေ တည်ဆောက် ပေးရမယ်၊ ဘင်္ဂလီ လက်ထဲက လယ်တွေကို ရခိုင်တွေ ကိုပေးရမယ်။ 

- ဘင်္ဂလီ တွေက ရခိုင် တွေရဲ့ ရန်သူ တွေဖြစ်တယ်။ အချက် အချာ ကျတဲ့ နေရာမှာ ရှိတဲ့ ဘင်္ဂလီ ရွာတွေ ကိုဖျက် ပေးရမယ်။ ဘင်္ဂလီ တွေကို သတ်နိုင်ဖို့ အတွက် ရခိုင် တွေကို လက်နက် ထုတ်ပေး ထားရမယ်။ ရခိုင် လုံခြုံရေး တပ်များဖြင့် ဘင်္ဂလီ တွေကို ငြိမ်းချမ်းစွာ မနေနိုင် အောင် လုယက် နှိပ်စက် သတ်ဖြတ် ကြရမယ်။ 

- ဘင်္ဂလီ တွေဟာ ကျွန်တွေ ဖြစ်တယ်။၊ ဒါ့ကြောင့် ဘင်္ဂလီ တွေကို အဆင့်မြင့် အသက် မွေးဝမ်း ကျောင်း ပညာတွေ သင်ခွင့် မပေး ရဘူး။ အစိုး အမှုထမ်းတွေ မဖြစ်စေ ရဘူး ၊မရွှေ့ မပြောင်း နိုင်တဲ့ ပစ္စည်း တွေ ပိုင်ဆိုင်ခွင့် မပေး ရဘူး စတဲ့ အောက်တန်း ကျတဲ့ အချက် တွေဖြစ် ပါတယ်။ ရခိုင် တွေမှာ အခြား အောက် တန်း ကျတဲ့ ခံစားမှုနှင့် လိုလားချက် တွေလဲ ရှိပါတယ်။ 

ရခိုင် အလိုတော်ရိ ဝေလေလေ သမ္မတ ဦးသိန်းစိန်က “ရခိုင် တိုင်းရင်းသား တွေရဲ့ခံစားမှုနှင့် လိုလား ချက် တွေကို လုံးဝ လျစ်လျူ ရှူမှာ မဟုတ်ကြောင်း” ပြောတာ ဟာ အထက်ပါ ရခိုင် တွေရဲ့ အောက်တန်း ကျတဲ့ ခံစားမှုနှင့် လိုလားချက် တွေကို တစ်ခု မကျန် မမှိတ် မသုန် အကောင် အထည် ဖော်မယ် လို့ ပြော ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက “အစ္စလာမ် ဘာသာဝင် တွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ အခွင့် အရေး များကို လက်တွေ့ အကျဆုံး နည်းလမ်း များနဲ့ အရေးယူ ဆောင်ရွက် ပေးမယ်” လို့ဆိုတဲ့ နေရာမှာ“လက်တွေ့ အကျဆုံး နည်းလမ်းများ” ဆိုတာဟာ“ရခိုင်တွေ သဘောတူ ခွင့်ပြု သလောက်” ဘဲလုပ်ပေး နိုင်မယ်လို့ ဆို လိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် “နိုင်ငံသား ဖြစ်ခွင့် ရှိသူများ နိုင်ငံသား ဖြစ်ရေးကို ဆောင်ရွက်မယ်” ဆို တဲ့ နေရာ မှာလဲ“ဖြစ်ခွင့် ရှိသူများ” လို့သုံးနှုန်း ပြောဆို ခြင်းဟာ “ရိုဟင်ဂျာ တွေကို တိုင်းရင်း သား၊ မွေး ရာပါ နိုင်ငံသား အဖြစ် လက်ခံမှာ မဟုတ်ဘဲ ကျွန်သာသာ ရှိတဲ့ “ပြု” နိုင်ငံသား လောက်ဘဲ စဉ်း စားနိုင်မယ်” လို့အတိ အလင်း ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဆို ရိုဟင်ဂျာတွေ၊ အစ္စလာမ် ဘာသာ ၀င် တွေမျှော်လင့်တဲ့ အခြေခံ အခွင့်ရေး တွေရနိုင် စရာ အကြောင်း မရှိ တော့ဘူး။ ရခိုင် အိမ်တွေမှာ ၀က် စာကျွေး၊ ၀က်ခြံရှင်း၊ ထင်းခွေ ရေခပ်၊ အလုပ်ကြမ်း လုပ်ခွင့် လောက်ဘဲ ရဖို့ရှိ တော့တယ်။ 

သူက လုံခြုံရေး အဖွဲ့ တွေကို “ပြည်သူ့ ၀န်ထမ်း ကျင့်ဝတ်နဲ့ အညီ ဘက်လိုက်မှု မရှိဘဲ ဥပဒေ အရ တိတိ ကျကျ လိုက်နာ ဆောင်ရွက်ဖို့ ညွှန်ကြား အမိန့် ပေးထားပြီး ဖြစ်ကြောင်း” ပြောထားတယ်။ လက်တွေ့ မှာတော့ ဘတ်တာ ချည်းဘဲ တွေ့နေ ရပါတယ်။ ဒီနေ့ထိ မွတ်စလင် တွေဟာ စခန်း တွေမှာရော၊ ရွာတွေ မှာပါ အေးချမ်းစွာ ညအိပ်လို့ မရနိုင် ဖြစ်နေတယ်။ နေ့စဉ်နဲ့ အမျှ ဗုဒ္ဓ ဘာသာဝင် လုံခြုံရေး အဖွဲ့ဝင် တွေရဲ့ ညဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ဒဏ်ကို ခံနေရ ပါတယ်။ မွတ်စလင် တွေချည်း ကိုဘဲ ဖမ်းပြီး တရားခံ လုပ်နေတယ်၊ ထောင်နှစ်ရှည် ချနေတယ်။ ရိုဟင်ဂျာ တွေကို ရိုက်နှက် ဖမ်းဆီး ခြိမ်းခြောက်ပြီး အတင်း အဓမ္မ ကွန်ပျူတာမှာ လက်ဗွေနှိပ်စေပြီးတော့ ဘင်္ဂလီဟု ၀န်ခံခိုင်း နေတယ်။ လုံခြုံရေးကို အကြောင်း ပြ ပြီးတော့ မွတ်စလင် တွေရဲ့ ငြိမ်းချမ်း တဲ့ဘ၀ကို ထိုလုံခြုံရေး အဖွဲ့ အစည်း တွေက တိတိ ကျ ကျ ကို ရွေးထုတ်ပြီး ဖျက်ဆီးလျက် ရှိပါတယ်။ 

ဒီတော့ ဆန်၊ ဆီ၊ ဆား လောက်ဖြန့်ဝေခွင့် ရရင် ဟုတ်လှပြီ လို့ထင် နေတတ် တဲ့ UN, INGO တွေ၊ မြန်မာ သယံဇာတ ကိုအမြတ် ထုတ်ဖို့သာ စိတ်ဝင် စားနေတဲ့ USA, EU, ASEAN နဲ့ အခြား နိုင်ငံ တွေ အနေနဲ့ ကလိမ်ကကျစ် အာဏာ ပါးကွက်သား သမ္မတ ဦးသိန်းစိန် ဆိုသူရဲ့ ဝေလေလေ မိန့်ခွန်းကို ထောပနာ မပြုကြဖို့နဲ့ ရိုဟင်ဂျာ တွေရဲ့ရရှိ ခံစားပြီး သား တိုင်းရင်းသား အခွင့် အရေး၊ မွေးရာပါ အခွင့် အရေး များကို နစ်နာ ဆုံးရှူံးအောင် မလုပ် မိဖို့ သတိထား စေလို ပါတယ်။ ရိုဟင်ဂျာနဲ့ အခြား မွတ်စလင် တွေအနေ နဲ့လဲ အပြောနဲ့ အလုပ် မညီတဲ့ ဒီအူကြောင် ကြောင် သမ္မတရဲ့ မိန့်ခွန်း ထဲမှာ ကြီးကြီး မားမား မျှော်လင့် စ ရာ တွေ မရှာမိ ဖို့နဲ့ မိမိ တို့ရဲ့ အသက် အိုးအိမ် စည်းစိမ် တွေကို ဘယ်လို ကာကွယ် စောင့်ရှောက် ကြမလဲ ဆိုတာကို အလေး အနက် စဉ်းစား ဆောင်ရွက် ဖို့လိုပြီ ဖြစ်ကြောင်း သတိပေး နှိုးဆော် အပ်ပါ တယ်။ 

Comment ရေးရန်

Rohingya Exodus