နောက်ဆုံးသတင်း/ဆောင်းပါးများ

စုံစမ်းရေး ကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်း လိုက်သော သံတစ်ချောင်း



စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံး ရိုက်သွင်း လိုက်သော သံတစ်ချောင်း

(သို့မဟုတ်)

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ

အောင်တင်
1.5.2013

ဘင်္ဂါလီ လူမျိုး များမှာ ရခိုင် လူမျိုးများ ထံတွင် အစေခံ၊ အလုပ် သမား၊ အခစား သမား အဖြစ်သာ နေခဲ့ကြ ရသည်မှာ အစဉ် အလာ တစ်ရပ် ကဲ့သို့ ဖြစ်နေ ခဲ့ပါသည်။ ထိုအချိန် အထိ လူမျိုးစု အလိုက် ကြီးမားသော မည်သည့် ပဋိပက္ခမှ ဖြစ်ပွါး ခဲ့ခြင်း မရှိ ခဲ့ကြောင်း တွေ့ရှိ ရပါသည်။ (၂.၃)

ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင် အစီရင် ခံစာရဲ့ စာမျက်နှာ (၇) မှာရှိတဲ့ အထက်ပါ စာကြောင်းကို ဖတ်မိ လိုက်တာနဲ့ မျက်လုံးက ရှေ့ဆက် ဖတ်ဖို့ မရွေ့တော့ ဘူးဖြစ် သွားတယ်။ ရင်ထဲမှာ နာကြင်မှု တစ်ရပ် ကိုလည်း စူးစူး နစ်နစ် ခံစား မိတယ်။ သြော် ဘယ်လို အသဲ နှလုံးမျိုး၊ ဘယ်လို ပညာတတ် ဆင်ခြင် တုန်တရားနဲ့ အခုလို ရေးရက် လိုက်သလဲ။ မကြောက် တတ်ပါဘူး ဆိုရင်တောင် မရှက်တတ် ကြဘူး လားဗျာ။

အာဖရိက လူမဲ တွေက ဥရောပ တိုက်သား လူဖြူ တွေကို အလုပ် အကျွေး ပြုဖို့ ကျေးကျွန် အဖြစ် ဘုရား သခင် ဖန်ဆင်း ထားတဲ့ အတွက် ဒါဟာ လူသားတိုင်း လိုက်နာ ရမဲ့ လောက ပါလ တရား ဖြစ်တယ်လို့ ဘိုင်ဘယ် ကျမ်းကို ကိုးကားပြီး လူလူချင်း ကျွန်လုပ်နေ ခဲ့တာကို သတိရ မိတယ်။ ဘုရား သခင်က ချမှတ် ထားတဲ့ ဒီသဘာဝ တရား ကြီးဟာ ကျေးကျွန် တွေရဲ့ အကျိုး စီးပွါး အတွက် လည်းဖြစ် တာမို့ ဆန့်ကျင်ရင် သဘာဝ လောကကြီး ဖေါက်လွှဲ ဖေါက်ပြန် ဖြစ်ပြီး ကပ်ဆိုးတွေ ကျနိုင် တယ်လို့လည်း ဆိုခဲ့ ကြတယ်။ ဟိန္ဒူ တွေရဲ့ လူတွေကို အမျိုး အနွယ် ဇာတ်အရ အလုပ် အကိုင်၊ နေရာ ထိုင်ခင်း၊ အဆင့် အတန်း ခွဲခြား ထားခြင်း စနစ် နဲ့လည်း ထပ်တူ ဖြစ်ပါတယ်။

"Slaves, obey your earthly masters with fear and trembling" (Ephesians 6:5). “Tell slaves to be submissive to their masters and to give satisfaction in every respect" (Titus 2:9).

According to Robert Dabney (1820-1898), it was part of God’s natural order in a fallen world that ‘superior’ races should enslave ‘inferior’ races for their own spiritual, moral and material good, and for the social stability of everybody else.

ကျွန်ဟာ ကျွန်နေရာ မှာနေရင် လောက ကြီးက တည်ငြိမ်မယ်။ ပဋိပက္ခ တွေကို ရှောင်ကြဉ် နိုင်မယ် ဆိုတာကို တိုက်ရိုက် ဘဲဖြစ်ဖြစ်၊ သွယ်ဝိုက် လို့ဘဲ ဖြစ်ဖြစ် ယနေ့ ကမ္ဘာ ပေါ်မှာ ယဉ်ကျေးတဲ့ မည်သည့် လူသား ကမှ မပြောကြ တော့ပါဘူး။ သို့သော် ရခိုင် ပြည်နယ် ပဋိပက္ခ များ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ရိုဟင်ဂျာ တွေက ကိုယ့်နေရာ မှန် အခစား၊ အစေခံ၊ ကျွန်က ကျွန်နေရာ မှာ မနေလို့ အခုလို သတ်ပွဲ၊ သေပွဲ တွေဖြစ် ရတယ်လို့ အဓိပ္ပါယ် ကောက် ယူရင် ကောက်ယူ လို့ရနိုင်တဲ့ စကား မျိုးကို ဘာဖြစ်လို့ ရေးသား လိုက်ရ သလဲ ဆိုတာကို ကော်မရှင် အဖွဲ့ဝင်များ အဖြေပေး ဖို့လို ပါမယ်။ ဒီအချက် ကို ဘာရည် ရွယ်ချက်နဲ့ ထဲ့သွင်း ရေးသား ခဲ့ရတာလဲ။ စုံစမ်း စစ်ဆေး ရေး အစီရင် ခံစာရဲ့ ဘယ်လို အပ်ချက် တွေကို ဖြည့်ဆည်း နိုင်မယ် ထင်လို့ ဒီအချက်ကို ဖေါ်ပြခဲ့ ရတာလဲ။ ဒီလို ရေးသား မှုမျိုးဟာ ပဋိပက္ခ တွေဖြစ် နေတဲ့ လူမျိုး နွယ်နှစ်စု ပြန်လည် သဟဇာတ ဖြစ်ရေးကို ဘယ်လို အထောက် အကူ ပြုနိုင် တယ်လို့ မဟာ ညာဏ်ကြီးရှင် ကော်မရှင် အဖွဲ့ဝင် လူကြီး များက ယုံကြည်ပြီး ထည့်သွင်း ခဲ့ရတာလဲ။

ဒေါက်တာ မျိုးမြင့်၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးကိုကိုကြီး အပါအဝင် ကော်မရှင် လူကြီးမင်း များကို “လူကို လူအဖြစ် မမြင်နိုင် ဘူးဆိုရင် လူအဖြစ်ကို တစ်ကယ် ဆုံးရှုံးသွား တာက ဘယ်သူလဲ” လို့ မေးမြန်း ချင်လှ ပါတယ်။ ကိုယ်ဖေါ် တဲ့ဆေး၊ ကိုယ်မစား ရဲဘူး ဆိုရင် သမိုင်း ဆိုတဲ့ တရား သူကြီးက ဘက်မ လိုက်ဘူး၊ လာဘ်ထိုး လို့ မရဘူး၊ မညှာ တတ်ဘူး ဆိုတာ ကိုတော့ သတိပေး လိုက်ချင် ပါတယ်။

စစ်အစိုးရ အဆက်ဆက် တွေက ရိုဟင်ဂျာ တွေကို အဖိုး အဖွား၊ အဖေ အမေနဲ့ သားသမီး၊ မြေးမြစ် တိုင်အေင် အိမ်ထောင်စု စာရင်း တမင်ခွဲ မပေးဘဲ တစ်ခုတည်း ထားပြီး လူဦးရေ ပေါက်ဖွားနှုံး များတယ်လို့ လည်ဆယ် စွပ်စွဲခဲ့ ကြတယ်။ မြန်မာ ပြည်မှာ ကြိုက်တဲ့ လူမျိုးကို အခု ရိုဟင်ဂျာ တွေလို မိသားစု လေးဆက် လောက် အိမ်ထောင်စု စာရင်း တစ်ခုတည်း ထားပေးရင် ဒီလို ဖြစ်နေမှာ ဘဲဆိုတာကို စာနာ တရား ထားပြီး စဉ်းစား နိုင်တဲ့ စွမ်းရည်လည်း ကော်မရှင်မှာ ရှိဟန် မတူဘူး။ ဒါကြောင့် လည်း ပညာတတ် တွေရဲ့ ရခိုင် ကော်မရှင်က အစီရင် ခံစာ ထဲမှာ မြေနိမ့်ရာ လှံစိုက်ပြီး ရိုဟင်ဂျာ တွေဟာ လူဦးရေ ပေါက်ဖွားနှုံး များလွန်း တယ်လို့ စစ်အစိုးရ လေအတိုင်း သံယောင်လိုက် အပြစ်တင် စွပ်စွဲ လိုက်ခြင်း ဖြစ်ဟန် တူပါတယ်။ မိသားစု စီမံကိန်း သဘောမျိုးနဲ့ ပညာပေး တာမျိုးကို ကျနော်တို့ လက်ခံ ပါတယ်။ သို့သော် လူကို လူအဖြစ် မြင်ဖို့ လိုပါတယ်။ နှိမ့်ချ အထင်သေး တဲ့အမြင် (Sterootype) နဲ့ မချဉ်းကပ် သင့်ဘူး။ ရိုဟင်ဂျာ တွေကို လူ့မျိုးဆက် တစ်ဆက် (One Generation) ကျော် အသက် ၁၈ နှစ်ပြည့် တာတောင် လွတ်လွတ် လပ်လပ် လက်ထပ် ခွင့် မရှိ။ လက်ထပ် လိုရင် လျှောက်လွှာ တင်ရတာ၊ လာဘ် ထိုးရတာ၊ လက်ထပ်ခွင့် မရှိဘဲ လက်ထပ် သူတွေကို ထောင်ချ ပစ်တာ၊ မိသားစု တစ်ခုကို ခလေး နှစ်ယောက် ထက် ပိုမယူရ ဆိုတာ တွေနဲ့ လူမဆန်တဲ့ ဖိနှိပ်မှု တွေကြားက ရိုဟင်ဂျာ တွေဟာ လူဦးရေ ပေါက်ဖွားနှုံး များတယ် လို့ ပြောချင် သေးရင် မူလက လူဦးရေ ဘယ်လောက် ရှိခဲ့တယ်။ အခု ဘယ်လောက် ရှိပြီမို့ လူဦးရေ တိုးပွါးနှုံး ဘယ်လောက် ဖြစ်နေတယ် ဆိုတာကို ကိန်းဂဏန်း တွေနှင့် ဖေါ်ပြဖို့ လိုအပ်တယ် ဆိုတာ လောက်တောင် မသိ ဆိုးရွား နိုင်လှတဲ့ သနား စရာ အသုံး ချခံ ခပ်ချာချာ ပညာတတ် ရခိုင် ကော်မရှင် ဟာ အရပ်ထဲ ရွာရိုး လျှောက် ထင်ရာ မြင်ရာ အတင်း လိုက်တုတ် တဲ့ အမယ် အိုကြီး အဆင့် ဘဲရှိနေ တာကို မြင်ရတာ စိတ်မကောင်း စရာပါ။

လူရာချီ အသတ် ခံရ၊ သိန်းချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ရတဲ့ ရိုဟင်ဂျာ တွေကို မျိုးရိုး နဲ့ချီ၊ သမိုင်း နဲ့ချီပြီး ခိုးဝင် လာသူတွေ၊ အောက်တန်း စားတွေ၊ အကြမ်းဖက် လိုသူတွေ၊ ကော်မရှင်ကို လိမ်သူ တွေအဖြစ် အခွင့် ရတိုင်း မညှာ မတာ အတုံးလိုက် အတစ်လိုက် ထိုးနှက် ထားတာက အစီရင် ခံစာ တစ်ခု လုံးမှာ မြင်မကောင်း၊ ရှုမကောင်း လောက်အောင် ဗလပွ ပွစာကြဲ နေပါတယ်။ ရခိုင်တွေ ဘက်ကျ တော့ အစွန်း ရောက်အုပ်စု ကွက်ကွက် ကလေး ကိုတောင် ယောက္ခမနို့ သမက် မစို့ဝန့် သလို ရွှေဖေါ့ ရိုးနဲ့ မဝံ့မရဲ ရွယ်ထား တာလောက် ကိုပင် သန်းရှာ သလို အတော်လေး ဖြဲရဲရှာ ယူရတယ်။ ဒါတောင် ကော်မရှင်က မျှမျှ တတ ဝေဖန်ထား ပါတယ် ဆိုတာကို သက်သေ ပြနိုင်အောင် မကောင်း တတ်လွန်းလို့ ဘုရား စူးလွတ်၊ မိုးကြိုး ပစ်လွတ် ထည့်ပေး လိုက်ရ ဟန်တူ ပါတယ်။

ဦးကိုကိုကြီးက ကျနော်တို့ မျှမျှ တတ ဘက်ပေါင်း စုံက ထည့်သွင်း ထားပါ တယ်လို့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောသွား ပါတယ်။ ၁၈၆၁မှာ ဖြစ်ခဲ့တဲ့ ကျွန်တွေ လွတ်မြောက်ရေး အမေရိကန် ပြည်တွင်း စစ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Abraham Lincoln က My concern is not whether God is on our side. My greatest concern is to be on God's side. ပြောခဲ့တယ်။ ဦးကိုကိုကြီး တို့ ကော်မရှင် အဖွဲ့ဝင် လူကြီးမင်း များအနေ နှင့် အမေရိကန် သမ္မတကြီး အဗရာဟင် လင်ကွန်းနဲ့ ပြောင်းပြန် ဖြစ်တဲ့ မှန်တဲ့ ဘက်မှာ မှန်တဲ့ အတိုင်း ရပ်တည် ရဲဖို့ထက် ကိုယ်လုပ် ခဲ့တာကို မှန်ကြောင်း သက်သေ ပြဖို့ ခက်ခက် ခဲခဲ ပင်ပင် ပမ်းပမ်း ကြိုးစား နေတာကို တွေ့နေ ရတဲ့ အတွက် သနား စရာ တောင် ကောင်းနေ ပြန်ပါတယ်။ ဘယ်သူ မပြု မိမိမှုပါ ဦးကိုကိုကြီး။ ကိုယ်စိုက်တဲ့ အပင်ဘဲ ကိုယ်ရိပ် ရမှာပါ။ လူတိုင်းဟာ ကိုယ့်သမိုင်း ကိုယ်ရေး ရပါတယ်။ အတ္တာဟိ အတ္တနော နာထော။

မိန်းမတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ခလေး ငယ်တွေ အပါ အဝင်၊ ရိုဟင်ဂျာ တွေကို တိုက်ခိုက် မှုတွေမှာ အစိုးရ အုပ်ချုပ်ရေး အဆင့် ဆင့်တွေ၊ နစက၊ လုံထိန်း တွေရဲ့ ပါဝင် ကျူးလွန် မှုတွေကို ဗီဒီယို ကင်မရာ အထောက် အထား တွေအရ ကော၊ မျက်မြင် သက်သေ များအရပါ အထင် အရှားရှိ နေခဲ့ တာကို ကော်မရှင်က စုံစမ်း ဖေါ်ထုတ် ခဲ့ပါ သလား။ အထိကရုန်း ဖြစ်စဉ်မှာ တာဝန်ရှိတဲ့ စစ်ဖက်၊ နယ်ဖက် အရာရှိ တွေကို စုံစမ်းရေး ကော်မရှင်က မစစ်ဆေး နိုင်အောင် ဦးသိန်းစိန် အစိုးရက နယ်ပြောင်း ပစ်တာ ကိုကော ကန့်ကွက် ဘူးပါ သလား။ RNDP အပါ အဝင် ရခိုင် နိုင်ငံရေး ပါတီ ခေါင်းဆောင် တွေက လူမျိုးရေး မုန်းတီး မှုတွေ ပြန့်ပွါး အောင် လူသိ ရှင်ကြား မိန့်ခွန်း တွေပြော၊ စာရွက် စာတန်း တွေထုတ် လှုံ့ဆော် ခဲ့ကြတာ ကိုကော ထိထိ ရောက်ရောက် အရေးယူ ပေးဖို့ လိုအပ် တယ်လို့ အစိုးရကို ထောက်ခံ တင်ပြ ခဲ့ပါ သလား။ နိုင်ငံ တကာ သတင်း ထောက်တွေက အထောက် အထားနဲ့ ထောက်ပြ ထားတဲ့ ရိုဟင်ဂျာ တွေကို အစုလိုက် အပြုံလိုက် သတ်ပြီး မြှုပ်နှံ ထားတဲ့ ကျင်းတွေကို ပြန်လည် တူးဖေါ်ပြီး စစ်ဆေး မှုတွေ လုပ်ခဲ့ ဘူးပါ သလား။ ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ် အကိုင် အခွင့် အလမ်း၊ အုပ်ချုပ် ရေးစတဲ့ မြန်မာ့ လူ့အဖွဲ့ အစည်းက ရှိရှိ သမျှ ကဏ္ဍ အသီး သီးမှာ ရာစုနှစ် တစ်ဝက် ကျော်လောက် ရက်ရက် စက်စက် အချိုးနှိမ်၊ အပစ်ပယ် ခံထား ရလို့ အဖက်ဖက်က အောက်ကျ နောက်ကျ ဖြစ်နေ ရတဲ့ လူ့မျက်နှာမွဲ ရိုဟင်ဂျာ တွေကို လူလိမ်၊ လူညစ်၊ အကြမ်းဖက် သမား၊ လူရိုင်း တွေအဖြစ် မညှာ မတာ ရက်ရက် ရောရော ပုံဖေါ် နေခဲ့တဲ့ ခြင်္သေ့ အတု ကော်မရှင်က ခြင်္သေ့ အစစ်နဲ့ တွေ့တဲ့ အခါ ယုန်ကလေး ဖြစ်သွားပြီ နှာစေး သွားဟန် တူပါတယ်။ စုံစမ်းရေး ကော်မရှင် တစ်ရပ်ရဲ့ အင်္ဂါ ရပ်နှင့် ညီညွတ် အောင် မလုပ် ဆောင်နိုင်ဘဲ ငြိမ်းချမ်း ရေးစင်တာမှာ ခပ်တည်တည် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဝင် လူကြီး တွေဟာ ပြည်တွင်းမှာ အစိုးရ အားကိုးနဲ့ အိမ်ကျယ် လုပ်နိုင် ပေမဲ့ နိုင်ငံတကာ မျက်နှာ စာမှာ နတ်ဝတ် ပုဆိုး တိမ်မီးခိုး ဆင်မြန်း ထားတဲ့ ပြည့်ရှင် မင်းလို လဇင်း ကျွတ်ကြီး ငေါင်းတောင်း တောင်း ဖြစ်နေ တာကို လည်း သတိ ထားမိ ကြဟန် မတူဘူး။

မည်သို့ပင် ဖြစ်စေ ကာမူ စစ်အစိုးရ အဆက် ဆက်ဟာ သူတို့ကို အလုပ် အကျွေး ပြုမဲ့ ပညာတတ် အုပ်စု ဆိုတာကို အရင် ကလည်း အမြဲတမ်း လွယ်လွယ် ကူကူ ရှာဖွေ အသုံးချ နိုင်ခဲ့ သလို အခုလည်း အရင် အတိုင်း အလျှံ ပယ်ရ နေတာ ပါဘဲ ဆိုတာကို ရခိုင် ကော်မရှင်က သက်သေ ပြလိုက် တာပါဘဲ။

ကော်မရှင်ရဲ့ ယေဘုယျ တင်ပြ ချက်တွေ၊ အကြံပြု ချက်တွေမှာ ကောင်းမွန် တာတွေ ရှိပေမဲ့ အစီရင် ခံစာ တစ်ခု လုံးက

(၁) ဦးသိန်းစိန် အစိုးရကို အကာ အကွယ် ပေးရန်
(၂) ရခိုင် အစွန်းရောက် အုပ်စုကို မထိခိုက် စေရန်
(၃) ရိုဟင်ဂျာ များကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန် ဆိုတဲ့

ဒို့တာဝန် အရေး သုံးပါး ကိုတော့ အောင်မြင်စွာ အကောင် အထည်ဖေါ် ဆောင်ရွက် နိုင်ခဲ့ တာကို အထင် အရှား တွေ့ရတယ်။ 

တစ်ကယ်တော့ ရခိုင် ကော်မရှင်ရဲ့ အစီရင်ခံစာ ဟာ ဦးသိန်းစိန် ဖွဲ့ခဲ့တဲ့ ကော်မရှင် တွေအားလုံး အတွက် မသာ ခေါင်းကို နောက်ဆုံး ရိုက်သွင်း လိုက်တဲ့ သံတစ်ချောင်း နဲ့လည်း အလား သဏ္ဍန် တူပါတယ်။ ဒီလို ပုံမျိုး နဲ့ဆို ဦးသိန်းစိန် အစိုးရက နောင် အနာဂတ်မှာ ကော်မရှင် ဆိုတာ များဖွဲ့ရင် မျက်နှာ ပြောင်တိုက် ပါဝင်ရဲ သူများဟာ အာဂ ယောင်္ကျား များသာ ဖြစ်ပေ လိမ့်မယ်။

သို့သော် ဒို့နိုင်ငံ မှာက အာဂ ယောင်္ကျားတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများ လှတာမို့ - ကိုလွှမ်းမိုးရေ - ကျနော် တို့တွေ အမျိုး အတွက် ငိုနေရတာ တွေက တာရှည် အုံးမှာ ပါဗျာ။

  1. U Aung Tin, Your are 100 % right. Exactly, the motives behind so-called inquiry commission are:

    (၁) ဦးသိန်းစိန် အစိုးရကို အကာ အကွယ် ပေးရန်
    (၂) ရခိုင် အစွန်းရောက် အုပ်စုကို မထိခိုက် စေရန်
    (၃) ရိုဟင်ဂျာ များကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန်

    The government sponsored RNDP's Rohingya ethnic cleansing mission is accomplished in particular, and Myanmar is no more a safe place for Muslims in general. We MUST find ways to defend Islam and Muslims in Myanmar. By now, we must apprehend that there is no room for Muslims in Burmanized Democracy.

    Dr. Abdul Hamid
    RSM

Comment ရေးရန်

Rohingya Exodus