နောက်ဆုံးသတင်း/ဆောင်းပါးများ

အုန်းတောလေးမှ ဒုက္ခသည်များ တဲများ ပျက်သွား၍ အခက်ကြုံနေ

RB News 
17.5.2013 

စစ်တွေ ။ ။ စစ်တွေမြို့၊ အုန်းတောလေး ကျေးရွာရှိ ဒုက္ခသည် စခန်းရှိ တဲအချို့မှာ လေပြင်းတိုက်၍ ပျက်စီး သွားသောကြောင့် ဒုက္ခသည် များနေထိုင်ရေး အတွက် အခက်ကြုံ လျက်ရှိသည်။ 

“မနေ့က (မေလ ၁၆ ရက်) မနက်ပိုင်းမှာ လေပြင်း တိုက်ပြီး တဲအချို့ ပျက်သွားတယ်။ ကျွန်တော် တို့ကို မုန်တိုင်း လာမယ်လို့ သတိပေး ထားပေမယ့် ဘယ်သူ့မှ လာမခေါ်ဘူး။ အဲဒီတော့ ကိုယ့်အစီ အစဉ်နဲ့ ကိုယ် အုန်းတောရွာမှာ သွားရှောင် ကြတယ်” ဟု ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောသည်။ 

ယမန်နေ့ နံနက်ပိုင်းမှ စ၍ မုန်တိုင်း ရှောင်ရန် မိမိတို့ အစီအစဉ် ဖြင့် အုန်းတောရွာ သို့သွားခဲ့ သော်လည်း၊ ညနေပိုင်း ပြန်လာသည့် အချိန်တွင် တဲအချို့ ပျက်စီး နေသဖြင့် ဒုက္ခသည် အချို့ နေထိုင်ရန် လွန်စွာ အ ခက်ကြုံ လျက်ရှိသည်။ 

“တဲတွေ ပျက်သွားတာ ဘယ်သူ့မှ လာမကူညီ ကြဘူး။ တဲတွေ ပျက်သွားတဲ့ ဒုက္ခသည် တွေရဲ့ ကလေးတွေ ၊ အသက်ကြီးတဲ့ လူတွေ ကိုတော့ အုန်းတော ရွာကို ပြန်ပို့ လိုက်ရတယ်။ ရွာထဲက အိမ်တွေမှာ အဆင်ပြေ သလို နေနေ ကြတယ်။ ကျွန်တော်တို့ မနေ့က မနက်ပိုင်း ရှောင်ဖို့ သွားခဲ့ပြီးတော့ ညနေ ၅ နာရီ လောက် ပြန် လာ ခဲ့ တယ်” ဟု ၎င်း ဒုက္ခသည်မှ ပြောသည်။ 

“တဲပျက်သွားတဲ့ ဒုက္ခသည်တွေ ကတော့ ကွင်းပြင်မှာ အမိုးအကာ မရှိနေ နေရတယ်”








Comment ရေးရန်

Rohingya Exodus