နောက်ဆုံးသတင်း/ဆောင်းပါးများ

မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ


RFA မြန်မာပိုင်း
8.5.2013

မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေအတွင်း ဗုဒ္ဓ ဘာသာ ရဟန်း တွေက မူဆလင် တွေအပေါ် အ ကြမ်းဖက် တိုက်ခိုက် ခဲ့တာ တွေကို ရှုတ်ချကြောင်း တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင် လား မား က ပြောကြား လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ နေတဲ့ ဒလိုင်းလားမား က ၀ါရှင်တန် ဒီစီ မေရီလဲန်း တက္ကသိုလ်မှာ မနေ့က ကျင်းပ ခဲ့တဲ့ အန်ဝါ ဆဒတ် ငြိမ်းချမ်း ရေးဆု လက်ခံ ယူတဲ့ ပွဲမှာ ပြောကြား ခဲ့တာပါ။

အခု လတ်တလော မြန်မာ နိုင်ငံက ဗုဒ္ဓ ဘာသာဝင် ရဟန်း တွေတောင် အကြမ်းဖက် မှုတွေမှာ ပါဝင် ပတ် သက် နေကြ ပါတယ်၊ ဒါဟာ အင်မတန် ၀မ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာ ရဟန်းတွေ ဗုဒ္ဓ ရှင်တော်ရဲ့ မျက်နှာ တော်ကို အာရုံ ပြုနိုင် ကြပါစေ၊ နှလုံးသွင်း နိုင်ကြ ပါစေလို့ ဆုတောင်း ပါတယ်၊ ဘာသာရေး အ တွက် ပါဏာတိ ပါတာ ကံကို ကျူးလွန် တယ်ဆိုတာ ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ ကိစ္စ ပါလို့ ဒလိုင်း လားမားက ပြောကြား ခဲ့တာပါ။

မေရီလဲန်း တက္ကသိုလ်မှာ တက်ရောက် လာသူ ပရိသတ်ကို သြ၀ါဒ စကားမြွက် ကြားခဲ့ ရာမှာ ဗုဒ္ဓ အဆုံး အမနဲ့ မေတ္တာ တရား အကြောင်း ဒလိုင်လားမားက ဟောကြား ခဲ့ပါတယ်။

အဲဒီနောက် အမေး အဖြေ အစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံး အမ အကြောင်း မေး ခွန်းကိုဖြေဆို ရာမှာမြန်မာနိုင်ငံက လက်ရှိ အခြေ အနေ တွေကို ဒလိုင်းလားမားက ထည့် သွင်း ဟောကြား ခဲ့တာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus