 |
(ဓါတ်ပုံ - AK Rockefeller) |
MYARF
RB News
8.5.2013
"ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေ ပြီလား (သို့) သမ္မတ ဦးသိန်းစိန် ကိုပေး အပ် ချီးမြှင့် ခဲ့တဲ့ ICG ရဲ့ ငြိမ်းချမ်း ရေးဆု"
ထူးဆန်းသော လောက ကြီးမှာ ထူးဆန်း မှုတွေ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ် တတ်၏။ ဤသို့ နေ့စဉ်နှင့် အ မျှ ဖြစ် ပေါ် နေသော ထူးဆန်း မှုတွေ ထဲတွင် လူသားများ နားလည် လက်ခံ တတ်သော၊ လူသား များ၏ စိတ်နှလုံးကို ချမ်းမြေ့ စေသော ထူးဆန်း မှုမျိုးနှင့် လူသားများ နားမလည် လက်မခံ တတ်သော၊ လူသား များ၏ စိတ်နှလုံးကို မခံချိ မခံသာ ဖြစ်စေသော ထူးဆန်းမှုမျိုး ဟူ၍ နှစ်မျိုး နှစ်စား ဖြစ်ပေါ် တတ်၏။ ကမ္ဘာ တည် သရွေ့လည်း ဖြစ်နေ ဦးမှာပင်။
သို့သော် သိပ်မကြာခဲ့သော နေ့တစ်နေ့၌ ကမ္ဘာပေါ်တွင် ဘယ်တုန်း ကမှ မဖြစ်ပေါ်၊ မဖြစ်ပွား ခဲ့သော ထူးဆန်းမှု တစ်ခု အမှန် တကယ် ဖြစ်ပေါ် ခဲ့၏။ ထိုထူးဆန်းမှု ကိုတော့ အသိဥာဏ် ရှိသူတိုင်း၊ စဉ်းစား ဆင်ခြင်တတ် သူတိုင်း ဘယ်သူ ကမှ မည်သည့် အကြောင်း မျိုးနှင့် ဖြစ်ပါစေ နားလည် သဘောတူ လက်ခံ လိမ့်မည် မဟုတ်ချေ။ ဘယ်တုန်း ကမှလည်း တူပေ လိမ့်မည် မဟုတ်။ ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံရဖို့ရန် လူ သား ပေါင်းများစွာကို သတ်ဖို့ လိုနေပြီးလား ဟုပင် ကမ္ဘာသူ ကမ္ဘာသား တိုင်း၏ ရင်ထဲ၊ စိတ်နှလုံး ထဲ ၌ တွေးတော မှုတွေ ခံစား ဖြစ်ပေါ် စေခဲ့၏။ တိတိ ကျကျ ပြောပြ ရလျှင် သိပ်မကြာ သေးခင်က ကမ္ဘာ့စံပြ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဖြစ်သော အမေရိကန် နိုင်ငံရှိ ICG အဖွဲ့က စစ်ဝတ်လဲပြီး အရပ်သား အရေခြုံ အစိုးရကို ဦးဆောင် နေသော မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်ကို ပဋိပက္ခ ဖြေရှင်း ရေးဆု ဆိုပြီး ငြိမ်း ချမ်း ရေးဆု တစ်ဆု ပေးအပ် ချီးမြှင့် ပေးခြင်းပင် ဖြစ်သည်။ ထူးဆန်း တကာထဲ၌ အထူးဆန်း ဆုံးလုပ် ရပ်၊ ဖြစ်ရပ် တစ်ခု ဖြစ်၏။ အမှန် တရားကို မြတ်နိုး တတ်သော၊ လူ့အခွင့် အရေးကို အရေး ထားသော ပုဂ္ဂိုလ်တိုင်း၏ နှလုံးသားကို မီးတောက် တွေထဲ တည့်သွင်း လိုက်သလို နာကျင် ခံစား စေ၏။ အထူး သဖြင့် ကမ္ဘာ့ ဖိနှိပ် အခံ ရဆုံး၊ လူ့အခွင့် အရေး အချိုးဖောက် ခံရဆုံး လူနည်းစု လူမျိုး တစ်မျိုး၏ မျှော်လင့် ချက် ရောင်ခြည်ကို မှောင်မိုက် ပျက်သုဉ်း စေ၏။ ထိုလူမျိုးစု ထဲမှ ခေတ်ပညာတတ် လူငယ် တစ်ယောက် က "ကိုယ့်အပေါ် တရားဝင် လူ့အခွင့် အရေး ချိုးဖောက် နေသူ၊ ကိုယ့်လူနည်းစု ဖြစ်တဲ့ လူမျိုး တစ်မျိုးသား လုံးကို မျိုးတုံး သွားအောင်ထိ အချိန် ဇယား အစီအစဉ် တကျ လုပ်ဆောင် နေသူ၊ ကိုယ့်ညီအစ်မ များကို လမ်းမကြီးပေါ် အတင်း အဓမ္မ မုဒိမ်းကျင့် နေသော အစိုးရကို ဦးဆောင် နေသူ၊ ကိုယ့်ညီအစ်မ များကို အပြစ် မဲ့စွာ ဖမ်းဆီးပြီး အကြောင်း မဲ့စွာနှင့် နှစ်ရှည် လများ တောင်ဒဏ် ချမှတ် နေသူ၊ ကိုယ့်ရွာသား၊ မျိုးသား များကို ကြက်ငှက်သတ် သလို လွယ်လွယ် လေးနှင့် ရက်ရက် စက်စက် သတ်ဖြတ် နေသူ၊ ကိုယ့်ပြော ပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ သွားလာခွင့်၊ လက်ထပ်ခွင့်၊ ပညာသင် ယူခွင့်၊ နိုင်ငံသား ဖြစ်ခွင့် စသည့် "ခွင့်" များကို ပိတ်ပင် တားမြစ် ဟန့်တား နေသူ၊ ကိုယ့် ကို ကျွန်ထက်၊ တိရိစ္ဆာန် ထက် နှိမ့်ချ ဆက်ဆံ နေ သူ၊ ကိုယ့် အိမ် များကို လောင်စာ ဆီလောင်းပြီး မီးရှို့နေသူ၊ ကိုယ့်စား ၀တ် နေရေး ကို ဖြတ်တောက် စေ သူ၊ ဒီမို ကရေစီ အရေခြုံပြီး ကမ္ဘာကြီးကို ဗြောင်လိမ် နေသူ၊ ထိုကဲ့သို့ သော သူမျိုးကိုမှ ICG က ပဋိပ က္ခ ဖြေရှင်း ရေးဆု ဆိုပြီး ငြိမ်းချမ်း ရေးဆု တစ်ဆု ပေးအပ် ချီးမြှင့်ခဲ့ ခြင်းသည် ကိုယ့်ကို ICG အဖွဲ့က သတ်လိုက် သလို ခံစားရ၏"တဲ့။
ဤသို့ ထူးဆန်းသော ငြိမ်းချမ်းရေး ဆုကြောင့် ကမ္ဘာ့ ငြိမ်းချမ်း ရေးကို လိုလားသော လူပုဂ္ဂိုလ် တို့၏ ရင်ထဲတွင် အသိ တရား တစ်ခု ကိန်းဝင် သွားမည်မှာ သေချာပင်။ သြော် …… လောက ကြီးဟာ အသတ် ခံ နေသူ၊ အားနည်း နေသူ တွေနှင့် အတူ မရပ်တည် ဘူးလား။ လောက ကြီးဟာ လက်နက် ကိုင်ဆောင် ထားတဲ့ လူသတ် သမားကို အားပေး နေတာလား၊ ငြိမ်းချမ်း ရေးဆုဟာ ထိုလူသတ် သမားတွေ အတွက်၊ လူ့အခွင့် အရေး ချိုးဖောက် နေသူတွေ အတွက်၊ လူမျိုးတုံး သတ်ဖြတ် နေသူတွေ အတွက် ဂုဏ်ပြုဆု မျိုးလား။ သို့ဆိုလျှင် …. ICG ကိုမေး ပါရစေ …. ခင်ဗျား တို့၏ ငြိမ်းချမ်းရေး ဆုကို ချီးမြှင့် ခံရဖို့ အလို့ငှာ လူ သား မျိုးနွယ်တွေ ဘယ်လောက် များများကို သတ်ဖို့လို နေသလဲ …. ဒီလောက် သတ်မှ ဒီဆု ချီးမြှင့်ခံ ရ တာ ပါဆိုပြီး ကန့်သတ်ချက်၊ သတ်မှတ်ချက် ရှိပါ သလော …. လူမျိုး တစ်မျိုးကို မျိုးတုံး နိုင်အောင်ထိ သတ်နိုင် သူကိုမှ ပေးအပ် ချီးမြှင့် ဂုဏ်ပြု တာလား၊ အပြစ်မဲ့ သူများကို ရက်ရက် စက်စက် သတ်ဖြတ် နိုင်သူ ကိုမှ ချီးမြှင့် တာလား။ ဒီဆုကို ကမ္ဘာကြီးက လူသတ်သမား ခေါင်းဆောင် တွေ အဖြစ် ရှုမြင် ကြတဲ့ Hitler, Joseph Stalin Called As Uncle Joe, Mao Tse Tsung (China), Benito Mussolini (Italy), Ashoka, Embargo Put By George Bush တို့ကို မချီးမြှင့် ခဲ့ဘဲ ဘာဖြစ်လို့ ကျွန်တော် တို့၏ လူသတ် သမား ခေါင်းဆောင်ကြီး ဦးသိန်းစိန်ကို ချီးမြှင့် ခဲ့တာလဲ ….. နားလည် လက်ခံ သဘော တူရန် ခက်ခဲ လွန်းနေလို့ မေးနေ ရတာပါ။
ရိုဟင်ဂျာ ဆိုသော လူမျိုး များသည် မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်၌ ဟိုးနှစ်ပေါင်း များစွာ ခေတ်အဆက် ဆက်က နေထိုင် လာသော လူမျိုး တစ်မျိုး ဖြစ်လင့် ကစား၊ ခေတ်အဆက်ဆက် မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်း တို့တွင် နေရာ ယူ မှတ်တမ်းတင် ခံရလင့် ကစား၊ မြန်မာ နိုင်ငံ၏ လွတ်လပ်ရေး တိုက်ပွဲ၌ အခြားသော မြန်မာ နိုင်ငံ ရှိ လူမျိုး စုများ နှင့်အတူ တက်ညီ လက်ညီ တိုက်ပွဲဝင် ခဲ့သူ ဖြစ်လင့် ကစား၊ ထိုလူမျိုး များသည် ယ္ခု အခါ နိုင်ငံမဲ့ ဘ၀ ရောက်နေ ရခြင်း၊ သမိုင်း မရှိ မှတ်တမ်း မှတ်ရာ မရှိဟု ငြင်းပယ် ခံနေ ရခြင်း၊ လူ့အခွင့် အရေး အချိုး ဖေါက်ဆုံး၊ ကမ္ဘာ့ အဖိနှိပ် ခံရဆုံး လူမျိုးဟု သတ်မှတ်ခံ နေရခြင်း ဘ၀မျိုးသို့ ရောက်ရှိ နေရ ရှာသည်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့ပြီး ဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ စ၍ စတင် သုတ်သင် ခံလာ နေရသော ရိုဟင်ဂျာ လူမျိုး များသည် သတ်ဖြတ်မှု အမျိုးမျိုး၊ ဖိနှိပ်မှု အမျိုးမျိုး၊ နှိပ်စက်မှု အမျိုးမျိုး၊ တားမြစ်မှု အမျိုးမျိုး ခံနေရသည့် ကြားက ကိုယ့်မြေ၊ ကိုယ့်ဇာတိ ကို ချစ်မြတ်နိုးတဲ့ စိတ်နှင့် ကိုယ့်မြေ၊ ကိုယ့်ဇာတိကို စွန့်ခွာ မသွားဘဲ မိမိ၏ မွေးဇာတိ၌ အခြေ တကျ နေထိုင် လာ၏။ သန်းပေါင်း ၆၀-ကျော် ရှိသည့် မြန်မာ နိုင်ငံမှာ သိန်းပေါင်း ဆယ်ဂဏန်း ကျော်သာ ရှိသည့် ရိုဟင်ဂျာ လူမျိုး များသည် လူနည်းစု ဖြစ်၏။ ကိုယ့် ကံကြမ္မာ ကိုယ် စီရင်ပိုင်ခွင့် မရှိရှာသော ရိုဟင်ဂျာ များသည် ခေတ် အဆက်ဆက် အစိုးရများ၏ နဂါးမင်း၊ ကျီးကန်း၊ ဆွဲတင်စစ် စသော မျိုးတုံးစေနည်းဟု တင်စားရလောက် အောင် ကောက် ကျစ် စဉ်းလဲ၊ ခွဲခြား စစ်ဆေး၊ ရက်စက် ကြမ်းကြုတ်သော အမျိုးမျိုးသော မုန်တိုင်းထဲ၌ ကြံ့ကြံ့ခံ ရပ် တည် ခေါင်း ငုံ့ စစ်ဆေး ခံရင်း ရှိသမျှ အားမွေး အားတင် ထားလျှက် နေရှာ နေရ၏။
အာဏာရှင် တွေသာ အုပ်ချုပ် ခဲ့သည့် မြန်မာ နိုင်ငံ၏ ခေတ်အဆက်ဆက် အာဏာရှင် များသည် လူနည်းစု ရိုဟင်ဂျာ များကို ၁၉၈၂ ခုနှစ် ဥပဒေ ပြဌာန်းခြင်း အားဖြင့် နိုင်ငံသား ဖြစ်ခွင့်မှ ဝေးခဲ့ စေသည်။ လွတ်လပ် စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပညာ သင်ယူ နိုင်ခွင့်၊ လွတ် လပ်စွာ လက်ထပ် နိုင်ခွင့်၊ အစိုးရ အဖွဲ့၌ တာဝန် ထမ်းဆောင် နိုင်ခွင့် စသည့် အခွင့် အရေး များကို နိုင်ငံသား ဖြစ်မှ သာလျှင် ရှိသည်ဟု ဆိုပြီး ရိုဟင်ဂျာ များကို နိုင်ငံတွင်းမှ ထွက်ခွာ သွားအောင်၊ မျက်ကန့် နားပင့် အောင် လုပ်ဆောင် ခဲ့၏။ ဒေသန္တာရား ဥပဒေ ပြဌာန်းခြင်း အားဖြင့် ရိုဟင်ဂျာ များကို တရားဝင် လိုင်စင် ရရှိထား သကဲ့သို့ သတ်ဖြတ်မှု၊ ဖမ်းဆီး နှိပ်စက်မှု၊ ဖမ်းဆီး ငွေညှစ်မှု၊ မုဒိမ်းကျင့်မှု၊ အတင်း အဓမ္မ လုပ်အားပေး စေခဲ့မှု စသည်ဖြင့် ပြုလုပ် နေလာ ခဲ့၏။ ဤကဲ့သို့ သော ဖိနှိပ်မှု မျိုးကို ဂုဏ်ပြု ၍ ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကလည်း ရိုဟင်ဂျာ များကို ကမ္ဘာ့ဖိနှိပ် အခံရဆုံး လူမျိုးစုဟု သတ်မှတ် မှတ် တမ်းတင် ခဲ့သည်မှာ ကမ္ဘာ့သိ ဖြစ်သည်။ ဖိနှိပ် ရက်စက် ကြမ်းကြုတ်မှု အမျိုးမျိုး၏ လှိုင်းဂ ယက် တွေ ကြား ၌ မျှော်လင့်ချက် မဲ့သော ရိုဟင်ဂျာ များစွာ တို့သည် မိမိ၏ ဥစ္စာ ဓနကို အလေး မထားဘဲ မိမိ၏ အ သက် ကိုသာ ရှင်သန် နိုင်ဖို့ ကြိုးစားရင်း နိုင်ငံမှ ထွက်သွား ရရှာ၏။ အသတ်ခံ ရသူ ခံရ၊ နိုင်ငံက ထွက်သွား ရသူ ထွက်ရနှင့် ရိုဟင်ဂျာ လူနည်းစု များသည် ယ္ခု အခါ အလွန်ကို လူနည်းစု ဖြစ်နေ ရရှာ၏။ မျိုး တစ်ဝက် တုံးသွား ရရှာ၏။ အလွန်ကို လူနည်းစု ဖြစ်နေရ ရှာသော ရိုဟင်ဂျာ လူမျိုး များကို ဇစ်မြစ် ပြုတ်၊ လုံးဝ မျိုးတုံး သွားအောင် ခေတ်မီ နည်းပညာ တစ်ခုကို ခေတ် သစ် မြန်မာ အစိုး ရ ခေါင်းဆောင်ကြီး က ထီထွင်စမ်းသပ် ခဲ့၏။ ဒီမိုကရေစီ အရေခြုံပြီး ကမ္ဘာကို ဗြောင်လိမ် ညာနေသော စစ်ဝတ်လဲ အရပ် သား ယောင်ဆောင် ခေါင်း ဆောင်ကြီး ဦးသိန်းစိန်၏ မဟာနည်းဗျူဟာပင်ဖြစ်သည်။လွန်ခဲ့ သောနှစ် မေလ ၂၈-ရက် နေ့မှ စခဲ့သော ဤနည်း ဗျူဟာ သည် ဦးသိန်းစိန်၏ အောင်မြင် သော၊ အကွက်ကျ သော၊ နည်းဗျူဟာ ဟုဆို ရမည် ဖြစ်သည်။ ဤနည်း ဗျူဟာ ကြောင့်သာ ဦးသိန်းစိန် သည် ကမ္ဘာ့ အရပ်ရပ်က အလှူ ငွေများ၊ ငြိမ်းချမ်း ရေးဆုများ၊ လက်ခုပ်သံ များ ရရှိခဲ့ခြင်း ဖြစ်သည်။ မေလ ၂၈-ရက် နေ့တွင် ရခိုင် ပြည်နယ် ၏ တောင်ကုတ် မြို့၌ ရန်ကုန်၊ မန္တလေးမှ အစ္စလာမ် ဘာသာဝင် ၁၀-ဦးကို ဦးသိန်းစိန်၏ မဟာ ဗျူဟာ ဖော်ဆောင်ရေး အဖွဲ့ဝင် ရခိုင် တိုင်းရင်း သားများ (အစိုးရ အဖွဲ့များ အပါ အ၀င် ၃၀၀ -ယောက် တို့က လူမဆန်စွာ သတ်ဖြတ် ခဲ့သည်။ နည်းပညာ တိုးတက် လာသော ယနေ့ ကမ္ဘာကြီးသည် ဦးသိန်းစိန်၏ မဟာဗျူဟာကို ရိပ်မိအောင် မကြိုးစားခဲ့ဘဲ အသတ်ခံလူ ၁၀-ယောက်၏ ကြည့် မကောင်း သော အလောင်းများကို ဂရုဏာ မျက်လုံး များနှင့် ကြည့်ရှု ခဲ့၏။ ကမ္ဘာသူ ကမ္ဘာသား များ၏ ဂရု ဏာ စောဒက တက်သံတွေ ဦးသိန်းစိန် နားထဲ ၀င်လာသော အခါ ဦးသိန်းစိန်က လူသတ် သမား များကို စုံ စမ်း ရှာဖွေရေးအဖွဲ့ ဆိုပြီး ကော်မရှင် တစ်ရပ် ဖွဲ့စည်း ပေးခဲ့သည်။ ဘုမသိ ဘာမသိသော ကမ္ဘာကြီး ကလည်း ဦးသိန်းစိန် အစိုးရကို လက်ခုပ် သြဘာ ပေးခဲ့ကြ၏။ ကိုယ်တိုင် လူသတ် သမား ခေါင်းဆောင် ကြီး ဖြစ်နေ သော ဦးသိန်းစိန်က ၎င်း၏ လူသတ်ဂိုဏ်း လုပ်ဖော် ကိုင်ဖက် များကို အမှန် တကယ် ဖော် ထုတ် အရေးယူ မလားဟု သံသယ ၀င်ခဲ့သော သူများသည် ဤကမ္ဘာပေါ်၌ ရိုဟင်ဂျာ လူမျိုးမှအပ ဘယ်သူမှ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် တစ်ခါ သေဖူး ပျဉ်းမနိုးဘဲ မဟုတ်လား။ ရိုဟင်ဂျာ များ သည် အခါခါ သေနေရ သောကြောင့် ဖြစ်သည်။
ဘာသာ တရား အားထုတ်သော အပြစ်မဲ့ ပြည်သူ ၁၀-ဦးကို ရက်စက်စွာ သတ်ဖြတ် ခြင်းနှင့် တစ်ပြိုင်နက် ချက်ချင်း ဆူပူ အုံကြွ လာအောင် ရိုဟင်ဂျာ များကို နိုးဆွပေးရန် လုပ်ကြံ နေသော ဦးသိန်းစိန်၏ မဟာ ဗျူဟာ သည် ၁၀-ရက် အထိ အကောင် အထည် ပေါ်မလာပေ။ ဖိနှိပ်မှု မျိုးစုံ ခံနေ ခဲ့သော ရိုဟင်ဂျာ များမှာ ခံနိုင် ရည်က အတိုင်းထက် အလွန်ကို ရှိနေသော ကြောင့် ဖြစ်သည်။ ၁၀-ရက် အထိ ကြန့် ကြာ နေသော ဦးသိန်းစိန်၏ မဟာ ဗျူဟာကို ဦးသိန်းစိန်က ဇွန်လ ၈-ရက် နေ့၌ တစ်ဆင့်ထိုး အကောင် အထည် ဖော် လုပ်ဆောင် လိုက်၏။ ဤနေ့သည် ဦးသိန်းစိန် တစ်ယောက် ကမ္ဘာ့ ဇတ် ခုံ ပေါ်က နိုင်သည့် အထိ၊ ဦးသိန်းစိန်၏ ငြိမ်းချမ်း ရေးဆု ရရှိ သည့်အထိ အောင်မြင် ခဲ့သော နေ့ ထူး နေ့မြတ် ဖြစ်သည်။ ၀တ်ပြုပြီး ဗလီက ဆင်းလာသော အပြစ်မဲ့ လူအုပ်ကို ဦးသိန်းစိန်၏ မဟာ ဗျူ ဟာ ဖေါ်ဆောင်ရေး အဖွဲ့ဝင် များက အကြောင်းမဲ့ သေနတ် ပစ်ခတ် ခဲ့၍ လူအုပ်ထဲမှ ရှစ် တန်း ကျောင်း သား တစ်ယောက် ပွဲ့ချင်း ပြီး သေဆုံး သွားရှာသည်။ ခုခံ အားမရှိသော ရိုဟင်ဂျာ များသည် ဤနေ့မှ စ၍ ရခိုင် ပြည်နယ်ရှိ မြို့အနယ် နယ်၌ မျိုးတုံး ခံနေရ ပြန်ပြီးဖြစ် သည်။ ဒေါသဖြင့် လောင်ကျွမ်း နေသော မီးထဲကို မိမိ၏ အိမ် များ ခေါင်း ငုံ့ လောင်းကျွမ်း ခံနေရ၏။ ခေါင်းငုံ့လောင် ကျွမ်းခံ နေသော အိမ်ထဲ၌ မိမိ၏ သား၊ သမီးများ ပိတ်မိ ခံနေ ရ၏။ ကျန်ရစ် သူများသည် မိမိ၏ ဥစ္စာ ဓန များကို ပဓါန မထားဘဲ အသက် ကိုသာ ဆက်ဖို့ ကြိုးစား ခဲ့ သော်လည်း ဒေါသနှင့် ပေါက်ကွဲ နေသော မီးတောင်ထဲ အပစ်ခံ ရသူ တစ်မျိုး၊ ကျည်ဆံ၏ အားပြမှု ခံရသူ တစ်ပုံ၊ ချော်ရည်ထဲ မျှောပါခဲ့ ရသူ ပေါင်းများစွာ တို့သည် အားငယ်စိတ် နှင့် အသက် ဆုံးရှုံး ရလေ ၏။ ကျန်ရစ်သူ မိသားစု ၀င်များ၏ သောကကို ကမ္ဘာသူ ကမ္ဘာ သားများ နှစ်သိမ့် ပေးဖို့ ဝေးလေစွ။ ပို၍ပင် သောက တိုးစေ နေ၏။ ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေပြီလား။
ကျန်ရစ်သူ ဒုက္ခသည် များထဲမှ မျက်နှာဖုံး များဖြစ် ကြသော ခေတ်ပညာ တတ်များ၊ ဘာသာရေး ဆရာများ၊ လူပျို ယောက်ျားလေး များကို မီးတောက်ထဲ အပစ် ခံဖို့ ပျက်ကွက် သည်ဆိုပြီး မီးရှို့မှု ပုဒ်မတပ်၊ ဆူပူမူကို မကူညီ ခဲ့ဘူး ဆိုပြီး ဆူပူမှု ပုဒ်မတပ်၊ ပုဒ်မ အမျိုးမျိုး၊ စွပ်စွဲချက် အဖြာဖြာ တပ်ပြီး စွဲချက် တင် လျှက် ရှေ့နေ လိုက် ခွင့်မရှိ၊ ပြန်လည် ချေပ ခွင့်မသာ၊ တရားရုံး ဆိုင်းဘုတ်ပါ တရားရုံး၌ မတရား သဖြင့် နှစ် ရှည် လများ ထောင်ဒဏ် စီရင် ချမှတ်ခဲ့ပါသည်။ မိန်းကလေး များကို အရွယ် ရောက် သည် ဖြစ်စေ၊ မရောက် သည်ဖြစ်စေ၊ ခွဲခြားရန် ပျက်ကွက် ခဲ့လျက် ဦးသိန်းစိန်၏ မဟာ ဗျူ ဟာ ဖေါ်ဆောင် ရေး အဖွဲ့ဝင် များက သူတို့၏ ဒုတိယ မယားလို၊ ပြည့်တန်ဆာ မိန်းမလို အတင်း အဓမ္မ မုဒိမ်းကျင့် ဆက်ဆံ ခဲ့ပြီး ကိုယ်ဝန် ဆောင်စေ၏။ ဖမ်းဆီး ထောင်ကျ သူများ ကို အကျဉ်းထောင် ထဲ၌ နှိပ်စက်မှု အမျိုး မျိုး ပြု လုပ် ခဲ့ရာတွင် မြေပေါ် ထမင်းဖြန့် ဝေပေးလျှက် ပါးစပ်နှင့် လျက် စား စေခဲ့ ခြင်းများ၊ ကိုယ့်အမျိုး (သား အဘ၊ညီ၊အစ်ကို)အချင်းချင်းများကိုလိင်တူဆက်ဆံစေခဲ့ခြင်းများစသည်ဖြင့်ကြားမကောင်း လောက် အောင် ပင် နှိပ် စက် ပြုမူ ဆက်ဆံ ခဲ့၏။ ဆက်ဆံ နေဆဲပါ။
မီးတောက် ထဲက ကံထောက် လွတ်မြောက် လာသူ၊ ဓါးအောက်က၊ သေနတ် ကျည်ဆံ အောက်က သီးသီး ကလေး လွတ်မြောက် ရှင်လွတ်လာ သူများကို ယာယီ ဒုက္ခသည် စခန်း ဆိုပြီး ဦးသိန်းစိန် အစိုးရ က ကောက်ကျစ် စဉ်းလဲစွာ နှင့် တဲများ ဆောက်ပေး ခဲ့သည်။ ဤဒုက္ခသည် များကို ကမ္ဘာသူ ကမ္ဘာ သား များ အားပြခြင်း အားဖြင့် ဦးသိန်းစိန် အစိုးရ ၏ ၀င်ငွေ တိုးပွား စေ၏။ ကမ္ဘာ့ အာရုံ စူးစိုက် မှုကို ဦးသိန်းစိန် ရရှိအောင် ကြိုးစား ခဲ့၏။ ဒုက္ခသည် များ၏ ကံကြမ္မာကို ဦးသိန်းစိန်က အုပ်စိုး ထားသည်။ ဒုက္ခသည် များ၏ အရေးပေါ် ကျန်းမာရေး လိုအပ်မှုကို လျစ်လျူ ရှု လျှက်၊ တစ်ဖက် မှာလည်း ဦးသိန်းစိန်က နိုင်ငံ တကာကို ဒုက္ခသည် များအတွက် အကူ အညီလို နေသည်ဟု အလှူ တောင်းခံ ခဲ့၏။ နိုင်ငံ တကာ အလှူရှင် များ၏ အလှူငွေ များကို အငမ်း မရ လက်ခံ ယူရင်း အလှူရှင် များကို မိမိ တိုင်းပြည်သို့ ၀င်ခွင့် မပေး ခဲ့ပေ။ ဖုံးအုပ် ထားသော အမှား များကို လှန်ကြည့် မလားဟု သံသယ စိတ်နှင့် ဦးသိန်းစိန် သည် နိုင်ငံ တကာမှ လှူ ဒါန်း သော အလှူ ငွေများကို အယောင် ဆောင် ရခိုင် ဒုက္ခသည် စခန်းသို့ အပြည့် အ၀ ထောက် ပံ့ ပေး လျှက် အမှန် တကယ် ရိုဟင်ဂျာ ဒုက္ခသည် များကို အနည်း အကျဉ်း မျှသာ ပံ့ပိုး ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် များ ကို အသက် ရှင်သန် နိုင်အောင်သာ အထောက် အပံ့ ရသော ရိုဟင်ဂျာ ဒုက္ခသည် များ ၏ နေ့ရက် များသည် အမှောင် ထဲက ငရဲပြည်လို ဖြစ်နေ၏။ ဒုက္ခသည် တွေ အသက် ရှင်သန် မှသာ ဦးသိန်းစိန် လည်း နိုင်ငံ တကာမှ အလှူငွေ ဆက်လက် ရရှိ နေမှာ ဖြစ်သည်။ (OIC အရေး မစိုက်၊ ICG သာရှိလျှင်၊ ICC ကို အရေး မစိုက် Ban ki-moon သာရှိလျှင်၊ HRW ကိုအရေး မစိုက် UN သာရှိလျှင်) ဤကဲ့သို့ သော ပြိုင်ဖက် အားများ ပိုင်ဆိုင် ထားရှိ နေသော ဦးသိန်းစိန်သည် ဒုက္ခသည် စခန်း ထဲရှိ လက်ကျန် ရှိဟင်ဂျာ များကို သတ်ဖြတ် ခြင်း အားဖြင့် ယ္ခု ချီးမြှင့်ခံ ခဲ့ရသော ICG ၏ ဆုထက် အဆပေါင်း များစွာ တန်ဖိုး ရှိသော Noble ဆုကို ရရှိဖို့ ကြိုးစား ဦးမှာ မလွှဲပင်။ ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေ ပြီလား။
ပြုပြင် ပြောင်းလဲ မှုတွေ ပြုလုပ် နေသော ဦးသိန်းစိန်သည် နိုင်ငံရေး အကျဉ်းသား ဆိုပြီး လူပေါင်း ၈၀၀ -ကျော် လွတ်ပေး ခဲ့၏။ အပြန် အလှန် အားဖြင့် နိုင်ငံရေး အကျဉ်း သားများ၏ နေရာလွတ် အ ကျဉ်းထောင် ထဲ၌ အပြစ်မဲ့ ရိုဟင်ဂျာ ၁၀၀၀-ကျော်ကို ဖမ်းဆီး ချုပ်နှောင်၊ ထောင်ဒဏ် ချမှတ် ခဲ့၏။ လွတ် လပ် စွာ ပြောဆို ပိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ ရေးသားခွင့် စသော အခွင့် အရေး အမျိုးမျိုးများ ပေးနေ ခဲ့သော် လည်း တစ် ဖက်မှာ ရိုဟင်ဂျာများ လွတ်လပ်ခွင့် မှန်သမျှကို ထိန်းချုပ် တားမြစ် နေ၏။ ရိုဟင်ဂျာ များကို အတင်း အဓမ္မအားပြရင်း မိမိနိုင်ငံမှထွက်ခွာ သွားရန်ရာဇသံ ပေးသည်နှင့် အတူ အို မင်း နေသော လှေပေါ် တွန်း ပို့ ပေးရင်း မိမိနိုင်ငံမှ ထွက်ခွာ စေ၏။ ဤကဲ့သို့ သော ပြုပြင် ပြောင်းလဲ မှုမျိုး ကို လူ့ အခွင့် အရေး ချစ် မြတ်နိုး သူတိုင်းက ကန့်ကွက် သင့်ပါသည်။ ဖေါ်ထုတ် သင့်ချိန် တန်ပြီ။
ရိုဟင်ဂျာ တစ်ဦးက “ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံဖို့ရာ ဒီနေ့မှ စ၍ ငါလည်း လူတွေကို သတ်နေ ဦးမှာ …. လူတွေ သတ်နေခြင်း အားဖြင့် ဦးသိန်းစိန်လို ငါလည်း တစ်နေ့နေ့ ဒီဆုရ စေရမယ် …. ထိုအချိန် မျိုးမှာ ငါ့ကို လူသတ် သမားလို့ မခေါ်တွင် စေရလို့ ကမ္ဘာကြီးကို ကြိုတင်အသိ ပေးချင်တယ် …. ICG ရဲ့ဆု ကို နောက်ထပ် ချီးမြှင့် ခံရမည့် သူက ငါသာလျှင် အစောဆုံး ဖြစ်အံ့”တဲ့။
ငြိမ်းချမ်း ရေးဆု ချီးမြှင့် ခံရဖို့ လူပေါင်း များစွာ သတ်ဖို့ လိုနေပြီး ဆိုတာကို မြန်မာ သမ္မတ ဦးသိန်းစိန်က ကမ္ဘာသူ ကမ္ဘာသား များကို သင်ခန်းစာ ပေးနေခြင်း ဖြစ်သည်။ ဦးသိန်းစိန်၏ သင်ခန်းစာ ကို အတု ယူသူ မှာ ICG က အဦးဆုံး ဖြစ်၏။
ဦးသိန်းစိန်သည် ICG မှ ICC သို့အရောက် လှမ်းနိုင် ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလျှက် ….
MYARF (Maungdaw Youth Activists for Rohingyas’ Freedom)