နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် ငရဲခွေး တစ်ကောင် လွှတ်ထားသည်

တောင်ကုတ်မြို့တွင် ရခိုင်အစွန်းရောက်များ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော မြန်မာ မွတ်စလင် (၁၀) ဦး
သိန်းအောင်
RB News
30.5.2013

သံတွဲမြို့တွင် ရဲအောင်လံ အဝေးပြေး ကားဂိတ်မှူး ကျော်ကျော် ဆိုရင် လူတိုင်းသိ ကြသည်။ ၀၃.၀၆.၂၀၁၂ နေ့ တောင်တွင်းကြီး မြို့သားများ အပါအ၀င် အထက် မြန်မာပြည်မမှ သာသနာ့ ၀န်ဆောင် များ သံတွဲမြို့မှ ရန်ကုန် သို့အပြန် တောင်ကုတ်မြို.အတွင်း ရက်ရက် စက်စက် အသတ်ခံ ရမှုတွင် ရဲအောင် လံ ဂိတ်မှူး ကျော်ကျော်မှ သာသနာ့ ၀န်ဆောင်များ လိုက်ပါ လာသော ကားနံပါတ်၊ထွက်ခွာမည့် အချိန် စ သည့် သတင်း အပြည့်အစုံအား တောင်ကုတ် လူသတ်သမား များထံသို့ ပေးပို့ ခဲ့ပါသည်။ မွတ်စလင်မ် (၁၀)ဦး ရက်စက်စွာ အသတ်ခံရမှု ဖြစ်စဉ်အတွင်း ရဲအောင်လံကျော်ကျော် သည် သံတွဲမြို့မှ အဓိက တရား ခံ တစ်ဦး ဖြစ်ပါသည်။ ယနေ့ အချိန်ထိ ရဲအောင်လံ ကျော်ကျော် အား အာဏာပိုင် အဖွဲ့အစည်း များ မှ ခေါ်ယူ စစ်ဆေး၊ မေးမြန်းခြင်း မရှိသေးပါ။

သံတွဲမြို့တွင် ပြဿနာများအား ကြိုတင် တားဆီး ကာကွယ် နိုင်စေရန် အတွက် မွတ်စလင်မ်နှင့် ဗုဒ္ဓဘာ သာ ရပ်မိ ရပ်ဖများ၊ အာဏာပိုင် အဖွဲ့အစည်း များနှင့် ပါတီ များမှ စုပေါင်းပြီး အဖွဲ့ အစည်း တစ်ခု ဖွဲ့စည်း ကာ စုပေါင်း ဆောင်ရွက် နေကြ ပါသည်။ မြို့ခံ များမှ သံတွဲမြို့ အတွင်း ပြဿနာ တစ်စုံ တစ် ရာ ဖြစ်ပေါ် လာမည်ကို လုံးဝ မလိုလား ကြပေ။ သို့သော် သံတွဲ ခရိုင် အုပ်ချုပ်ရေးမှုးသည် ရခိုင်သား ဘာ သာရေး၊ လူမျိုးရေး အစွန်းရောက် စိတ်ဓါတ် ရှိသူတစ်ဦး ဖြစ်နေသည့် အလျှောက် မြို့မိ၊ မြို့ဖ များ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အားလုံးအား အစဉ်တစိုက် ဖျက်ဆီးရန် ကြိုးစားနေပါသည်။

ခရိုင်မှူးမှ ရဲအောင်လံ ကျော်ကျော် နှင့် နောက်လိုက် တစ်စုအား မွေးထားပြီး သံတွဲမြို့ အနီး တ၀ိုက် ရှိ ကျေးရွာ များတွင် ဘာသာရေး၊ လူမျိုးရေး အရေးအခင်း ဖန်တီးရန် နည်းလမ်း အမျိုးမျိုးဖြင့် လှုံ့ ဆော် နေကြ ပါသည်။ ရဲအောင်လံ ကျော်ကျော် ဦးဆောင်ပြီး သံတွဲမြို့ အတွင်း အရေးအခင်း ဖန်တီးရန် လုပ်ဆောင် နေမှု တချို့ကို ပြောပြ ရမည်ဆိုလျှင် .. မေယုဘေး၊ လုံးသာ၊ ဂျိတ္တော ကျေးရွာ များ တွင် ရေလုပ်ငန်း အငှား လုပ်ကိုင်ရန်ရောက် ရှိနေကြသော ရခိုင်သားများအား စည်းရုံးကာ ၎င်းကျေးရွာ များ မှ မွတ်စလင်မ် အိမ်တချို့အား ဖျက်ဆီးသည့် အပြင် သံတွဲမြို့တွင်းထိ တက်ရောက် ပြဿနာ ရှာရန် ကြိုးစား ခဲ့ကြရာ စစ်တပ်မှ ကြိုတင် တားဆီး နိုင်ခဲ့သောကြောင့် ပြဿနာ မဖြစ်ခဲ့ပေ။ 

သံတွဲမြို့ မြောက်ဘက် (၂) မိုင်ခန့် အကွာ နွားစားပြင်ရွာ အတွင်း လူ (၂၅) ယောက်ခန့် ညအမှောင် ကွယ်ပြီး ၀င်လာကြရာ ကျေးရွာ လုံခြုံရေး အတွက် ညကင်းစောင့် နေသော ရွာသား များမှ သွားရောက် တားဆီးရာ ၎င်းအုပ်စုမှ ဖရိုဖရဲ ထွက်ပြေး ကြပြီး ဖမ်းဆီးရမိသူ အချို့မှ မိမိတို့ ဖားရှာရန် လာကြ တာ ဖြစ်ကြောင်း လိမ်လည် ပြောဆို ကြပါသည်။ သံတွဲ ရဲစခန်း မှလည်း ခရိုင်မှူးအား မလွန် ဆန် နိုင် ဖြစ် နေပါသည်။ ထိုကဲ့သို ဆင်တူရိုးမှား ပြဿနာ ဖန်တီးမှုများ သံတွဲမြို့ အနီး တ၀ိုက် ရှိ ကျေး ရွာများ အတွင်း မကြာခဏ ဖြစ်ပေါ် နေပါသည်။ ၎င်းပြဿနာ များအား ဦးဆောင် ဖန်တီး နေသူမှာ ရဲအောင် လံ ကျော်ကျော် ဖြစ်နေကြောင်း လူတိုင်း သိရှိနေကြ သော်လည်း အထက် အာဏာပိုင် အဖွဲ့ အစည်း မှ ပြဿနာ ဖန်တီးရန် လွှတ်ထားသော ငရဲခွေး ကျော်ကျော် အား မည်သည့် ဥပဒေ နှင့်မှ အရေး ယူ နိုင် ခြင်း မရှိသေးကြောင်း ၊ မြန်မာနိုင်ငံ ဥပဒေ အပေါ်တွင် ငရဲခွေးများ ရှိနေကြောင်း၊ ငရဲခွေးများ အပေါ်တွင် သူတို့ သခင်များ ရှိနေကြောင်း၊ အသိပေး အပ်ပါသည်။

Comment ရေးရန်

Rohingya Exodus