နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုဒ္ဓဘာသာ ဂိုဏ်းခွဲ အသစ်၏ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ

(ဓါတ်ပုံ - Soe Zeya Tun/Reuters)
MyanmarMuslim InfoCentre
30.5.2013

နောက်ဆုံး ဘာသာရေး အကြမ်းဖက်မှု ဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမြို့မှာ ဗုဒ္ဓဟူးနေ့က ဗုဒ္ဓဘာသာ အကြမ်းဖက် သမား လူအုပ်ကြီးဟာ ဗလီတစ်လုံး၊ မွတ်စလင် စာသင်ကျောင်း တစ်ကျောင်းနှင့် ဈေး ဆိုင် များ ကို မီးရှို့အပြီးမှာ လုံခြုံရေးတပ်ဖွဲ့ တွေဟာ ပြန်လည် တည်ငြိမ် စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ ရပါ တယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲ အသစ်ဟာ မြန်မာနိုင်ငံ တစ်ဝှမ်းပျံ့နှံ့ နေတယ် ဆိုတဲ့ လက္ခဏာ ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ နယ်စပ်အနီးရှိ လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေဟာ ယခုနှစ် အတွင်း ယခင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသတွေနဲ့ မိုင်ပေါင်းရာနဲ့ ချီကွာဝေးပါတယ်။ ဖြစ်စဉ်မှာ မွတ်စလင် တစ် ဦး သေ ဆုံးပြီး ဗုဒ္ဓဘာသာဝင် လေးဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ လားရှိုး ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဝေ လင်း က ပြောပါတယ်။
လားရှိုးမြို့ ရှိ အလွတ်တန်း ဓာတ်ပုံဆရာ ဦးခွန်ဇော်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ မှာတော့ လူငယ် အများ အပြား ပါဝင်တဲ့ အကြမ်းဖက် လူအုပ်ကြီးဟာ တုတ်၊ ဓားများ ကိုင်ဆောင်ပြီး ဆိုင်ကယ် များဖြင့် မြို့အတွင်း လှည့်လည် နေတယ်လို့ ပြောသွားပါတယ်။ “သူတို့က မြို့ထဲကို ပတ်ပြီးတော့ ဖျက် ဆီးနေကြတာ” လို့ ၎င်းက ပြောသွားသည်။

မွတ်စလင်များဟာ မြို့ ကို စွန့် ခွာပြေးသွားကြကြောင်း မျက်မြင်သက်သေများက ပြောသည်။ ရုပ်ရှင်ရုံ တစ် ရုံ နှင့် မွတ်စလင်ဆိုင်များ ဗုဒ္ဓဟူးနေ့ က ဖျက်ဆီးခံလိုက်ရသည်ဟု အကြမ်းဖက်မှုကို မျက်မြင်တွေ့ ခဲ့ သူ NLD ပါတီမှ ဦးမျိုးမြင့်က ပြောသည်။

အင်္ဂါနေ့ ညနေခန့်က ဖြစ်ပွားခဲ့သော ဗလီနှင့်တကွ အခြားအဆောက်အဦးများ မီးရှို့ခံရမတွင်လဲ အခြားဒေ သများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ကဲ့သို့ပင် မြန်မာရဲတပ်ဖွဲ့နှင့် စစ်တပ်သည် ဒေါသ ထွက်နေသော ဗုဒ္ဓဘာ သာဝင် လူအုပ်ကြီးကို လူစုကွဲသွားစေရန် မပြုလုပ်ချင် (သို့) မပြုလုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။

လားရှိုး မြို့ သို့ လာရောက် လည်ပတ်နေသော ဖင်လန်နိုင်ငံသား ကျောင်းသား တစ်ဦးဖြစ်သူ Lauri Nio က လူအုပ်ကြီးက ဗလီကို စတင် မီးတင်ရှို့ပြီး ဆိုင်များကို စတင်ဖျက်ဆီးအပြီး ၂နာရီခန့် အကြာ တွင် ရောက် ရှိလာကြောင်း၊ ရဲများသည် အခင်းဖြစ်ပွားရာတွင် မိနစ်အနည်းငယ်ခန့်သာ ရှိနေပြီး ညဘက်ရောက်မှ လူအင်အား ပိုမိုများသော တပ်ဖွဲ့ သည် တစ်ခေါက် ပြန်လည်ရောက် ရှိလာပြီး လမ်းများကို ပိတ် လိုက်ကြောင်း၊ သို့ သော် ဆူပူ အကြမ်းဖက် သူများကိုမူ ဘာမှမလုပ်ကြောင်း ၎င်းကပြောသွားသည်။ လူအများ သည် ဈေးအတွင်း စုဝေးကာ အော်ဟစ်အားပေးကြရင်း၊ နိုင်ငံတော်သီချင်းများသီဆိုရင်း ဆိုင်များ ကို ဖျက်ဆီးကြကြောင်း ၎င်းကပြောသွားသည်။

DVB မှ ဗုဒ္ဓဟူးနေ့ တွင် Facebook ပေါ်တင်သည့် ဗီဒီယို အရ မီးလောင် ထားပြီးသော အဆောက်အဦးများ ပျက်ဆီးနေသောမော်တော်ဆိုင်ကယ်များနှင့်နိုင်ငံအတွင်းမြင်တွေ့နေကျမြင်ကွင်းမျိုး ဖြစ်လာ ကြောင်း  တွေ့ ရှိ ရသည်။

ယခင်အကြမ်းဖက်မှု များအတိုင်းပင် သတင်းထောက်များလဲ ရွေးချယ် တိုက်ခိုက်ခံ ခဲ့ရသည်။ “သူတို့ ကျွန်တော့်ခေါင်းကို သံတုတ်နဲ့ ရိုက်သွားတယ်” ဟု ဦးခွန်ဇော်ထွန်းက ပြောသည်။ အကြမ်းဖက် လူအုပ်ကြီး သည် ကင်မရာအတွင်းမှ မန်မိုရီကဒ်ကို ဖြုတ်ယူကာ ဖျက်ဆီးသွားကြောင်းလဲ ၎င်းက ပြောကြားသည်။

မတ်လပိုင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကဲ့သို့ပင် လားရှိုး အကြမ်းဖက်မှုသည်လဲ သာ မန် အချင်းများမှုမှ စတင်ခဲ့သည်။ နိုင်ငံပိုင် ရုပ်သံများအရ ဓာတ်ဆီရောင်းသည့် ဗုဒ္ဓဘာသာဝင် အမျိုး သမီးတစ်ဦးသည် ဈေးဝယ်သူ မွတ်စလင်တစ်ဦး၏တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၎င်းအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး ထိန်း သိမ်းခဲ့သည်။ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားအုပ်စုသည် ရဲစခန်းကို ၀ိုင်းရံခဲ့ကြပြီး ရဲတပ်ဖွဲ့မှ တရားခံကို ထုတ်မပေးသောအခါ ဒေါသဖြင့် တုန့်ပြန်ခဲ့ကြသည်။ အချင်းများမှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိ ရသေးပေ။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လားရှိုးမြို့ရဲစခန်း အပြင်ဘက်တွင် ရှိသည့် လူအုပ်တွင် ဘုန်းကြီး အယောက် ၈၀ ခန့် ပါဝင်ကြောင်း ပြောကြားသွားသည်။ ဗုဒ္ဓဟူးနေ့တွင် အထိကရုန်း ကို နှိမ်နင်း ရန် သေ နတ်ပစ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက လားရှိုးမြို့ ရှိ အာဏာ ပိုင်များနှင့် ဘာသာရေး၊ လူမှုရေး အဖွဲ့ အစည်းများက ထပ်မံ အကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်ဟု ၎င်းကပြောကြားသည်။

မွတ်စလင် ရွှေဆိုင်ပိုင်ရှင်နှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတို့၏ ပြဿနာမှစခဲ့သည့် မတ်လမှစ၍ ဗုဒ္ဓဘာသာ ၀င် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့သည်။ မိတ္ထီလာရှိသေဆုံးသူ အများစုမှာ မွတ်စလင်များဖြစ်ကြသည်။

မွတ်စလင်များသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅ရာခိုင်နှုန်းခန့် ရှိပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ မြို့ကြီးပြကြီးများ အနှံ့တွင်တွေ့ရသည်။

ယခုလများအတွင်းဖြစ်ပွားသော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံနှင့် မွတ်စလင်နိုင်ငံများအကြား ဆက် ဆံရေးကို ပြောင်း လဲစေပြီး ဗုဒ္ဓဘာသာဝင် အများစုပါဝင်သည့် အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြား များစွာသော လူမျိုး၊ ဘာသာများနှင့် ရေရှည် ချစ်ကြည်ရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်နိုင် မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။
New York Times သတင်းစာမှ Thomas Fuller ၏ဆောင်းပါးကို MyanmarMuslim InfoCentre မှ ဘာသာပြန်သည်။ မူရင်းဆောင်းပါးလင့်ခ် ။ ။ http://nyti.ms/18uZoIB

Comment ရေးရန်

Rohingya Exodus