နောက်ဆုံးသတင်း/ဆောင်းပါးများ

အစီရင်ခံစာနှင့် ပတ်သက်၍ ဦးသိန်းစိန်မှ ပြောသည့် မိန့်ခွန်း


ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်၍
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း

နေပြည်တော်
မေလ ၆၊ ၂၀၁၃

ဒီကနေ့ မြန်မာ နိုင်ငံနဲ့ မြန်မာ့ လူ့အဖွဲ့ အစည်း အတွက် ကျွန်တော်တို့ အစိုးရ အနေနဲ့ ကြိုးပမ်း ဆောင် ရွက် နေတဲ့ အသွင် ကူးပြောင်းရေး ဖြစ်စဉ် များဟာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွား ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ များ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ စနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှု ဖြစ်စဉ်နဲ့ ဗဟို ချုပ်ကိုင်သော စီး ပွားရေး စနစ်မှ ဈေးကွက် စီးပွားရေး ရှင်သန်သော ခေတ်မီ အမျိုးသား စီးပွား ပုံစံချ တည်ဆောက်မှု ဖြစ် စဉ် တွေကို ဖော်ဆောင် လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင် ကူးပြောင်းရေး လုပ်ငန်း စဉ်များ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ပြည်သူ လူထု တစ်ရပ်လုံး အနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ် မှုတွေ၊ အခက် အခဲ တွေနဲ့ ပြည့်နှက် နေတဲ့ အပြောင်း အလဲ တွေကို အောင်မြင်အောင် ကြိုးပမ်း ဆောင် ရွက် နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်း စီရဲ့ မျှော်လင့် ချက်များ ရှင်သန် နိုင်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်ကို တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။ ဒီလို လှပတဲ့ အနာဂတ်ကို ပိုင်ဆိုင် နိုင်မယ့် အခွင့် အလမ်းများ ရရှိထား ပေမယ့် တချိန် တည်းမှာပဲ အမှား မခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါ မျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံစားမှု များကို ရှေ့တန်း တင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်း ရောက်တဲ့ လုပ် ရပ် တွေကြောင့် ဆုံးရှုံးမှု တွေနဲ့ အန္တရာယ် တွေကို ကြုံတွေ့ နိုင်ပါတယ်။ ဒါတွေကိုရှောင်လွှဲနိုင်ဖို့ ကျွန်တော် တို့ တစ်ဦး ချင်းစီမှာ တာဝန် ရှိကြောင်း အလေး အနက် ပြောကြား လိုပါတယ်။

၂၀၁၂ ခုနှစ် အတွင်းမှာ ရခိုင် ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေရဲ့ အကြောင်း အရင်း များကို စနစ် တကျ ရှာဖွေ ဖော်ထုတ် ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံ မဖြစ်ပွား စေဖို့ ဆိုတဲ့ ရည်ရွယ်ချက် များနဲ့ ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးအပ် ခဲ့ပါတယ်။ ယင်းကော်မရှင်ရဲ့ အစီ ရင် ခံစာကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ဒီအစီရင် ခံစာကို အသေ အချာ လေ့လာ ဖတ်ရှု ကြည့်တဲ့ အခါမှာ ဘက်ပေါင်းစုံ ကနေ စနစ် တကျ အသေး စိတ် လေ့လာ သုံးသပ် ပြထား တာကို တွေ့ရတဲ့ အတွက် လက်တွေ့ ကျပြီး ပြည့်စုံ ကောင်းမွန်တဲ့ အစီရင် ခံစာ တစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်သလို နိုင်ငံတော် အတွက် စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှု များကိုလည်း အသိ အမှတ် ပြုရမှာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခ များနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည် ချက်ဟာ လက်ရှိ အခြေ အနေကို လက်တွေ့ ကျတဲ့ နည်းလမ်း များနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် နိုင်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးကို ရှေးရှုတဲ့ ဦးတည် ချက်များနဲ့ လုပ်ဆောင် သွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြား လိုပါတယ်။ ဒီနေရာမှာ သမိုင်း သင်ခန်းစာ များကို ပစ် ပယ်မှာ မဟုတ် ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေ များထဲက ရုန်းထ ခွဲ ထွက်ဖို့ လိုအပ်မှာ ဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေ ရှာဖွေ မှုတွေကို ပြုလုပ် ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်း နဲ့ချီပြီး ဒီမိုကရေစီ ရေချိန် နိမ့်ပါး ခဲ့ခြင်းနဲ့ ပွင့်လင်း လွတ် လပ်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်ကို မတည်ဆောက်နိုင် ခဲ့ခြင်း ဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခ တွေ၊ အခက် အခဲ အကျပ် အတည်းတွေ၊ အချင်းချင်း မယုံကြည် မှုတွေ၊ စီးပွားရေး နိမ့်ကျမှု တွေနဲ့ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ခဲ့မှုဆိုတဲ့ ခါးသီးတဲ့ ဒဏ်တွေကို ခံစားခဲ့ ကြရပါတယ်။ ဒီဒဏ်ရာ တွေကို ကုစား နိုင်ဖို့ အတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးကို ဖော်ဆောင် နေရခြင်း ဖြစ်ပါတယ်။ ဒီ လို ဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရှိစေ ဖို့ဆိုတဲ့ အချက်တွေ ကိုလည်း မဖြစ် မနေ တစ်ပါတည်း ကြိုးပမ်း ဖော်ဆောင် နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှု တွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ် သာရဟာ ဘာသာ တရား အချင်းချင်း အ ပြန် အလှန် လေးစား မှုပဲ ဖြစ်ပါတယ်။ ဒီလို အပြန် အလှန် လေးစားမှု ရှိမှသာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင် နိုင်မှာလည်း ဖြစ်ပြီး နိုင်ငံသား တစ်ဦး ချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ် ယုံကြည် မှုနဲ့ ပတ် သက် ပြီးတော့ လည်း ကျွန်တော်တို့ အစိုးရ အနေနဲ့ အစဉ် လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံ အနှစ် သာရ တစ်ခု ဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ် ပြောဆို ပိုင်ခွင့်နဲ့ ပတ်သက် ပြီးတော့လည်း ပြောကြား လိုပါတယ်။ ဒီအခွင့် အရေးကို အလွဲ သုံးပြီး အမုန်း တရားကို တိုးပွား စေ တဲ့ ပြောဆို မှုများ၊ လှုံ့ဆော်မှု များဟာ ပဋိပက္ခ များကို ပိုမို ကြီးထွား စေခဲ့ ပါတယ်။ ဒီနေရာမှာ ကျွန်တော် တို့ သတိပြု ရမယ့် အချက် တစ်ခုဟာ အခွင့် အရေး တစ်ခုကို လွဲမှားစွာ အသုံး ချခြင်းဟာ အခြား အခွင့် အရေး များကို ဆုံးရှုံးစေတယ် ဆိုတာကို သတိပြု ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဗုဒ္ဓ ဘာသာဝင် များရဲ့ ဘုရား၊ ကျောင်းကန်၊ စေတီ ပုထိုးများ၊ ခရစ်ယာန် ဘာ သာဝင် များရဲ့ ဘုရား ရှိခိုး ကျောင်းများ၊ အစ္စလာမ် ဘာသာဝင် များရဲ့ ဗလီ တွေနဲ့ ဟိန္ဒူ ဘာသာဝင် များ ရဲ့ ဘုရား ကျောင်း များအတူ ယှဉ်တွဲ တည်ရှိ နေပြီး နိုင်ငံသား များအကြား မှာလည်း သမိုင်းနဲ့ ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီး ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်မှာ ပေါ်ပေါက် ခဲ့တဲ့ ပဋိပက္ခ များရဲ့ ဇာစ်မြစ်များ ဖြစ်တဲ့ လူဦးရေ ပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်း နိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ် နေမှု၊ ကိုလိုနီ စနစ်ရဲ့ အမွေဆိုး၊ ရခိုင် တိုင်းရင်းသား များနဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့ အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှု များစတဲ့ အ ချက် တွေကို လျစ်လျူ ရှုပြီး ရခိုင်နဲ့ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့ အစည်း နှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓ ဘာသာ များနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခ အဖြစ် ကျဉ်းမြောင်းတဲ့ အမြင်နဲ့ လွဲမှား စွာ ပုံဖော် နေခြင်း၊ ရှုမြင် နေခြင်းဟာ ကြုံတွေ့ နေရတဲ့ ပြဿနာ များကို ဖြေရှင်းရန် ပိုမို ခက်ခဲ စေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိတ္ထီလာနဲ့  ဥက္ကံမြို့ များမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ များဟာလည်း ဘာ သာရေး ပြဿနာ များအဖြစ် မှားယွင်းစွာ ပုံဖော် ခဲ့ခြင်းရဲ့ အကျိုးဆက် များအဖြစ် ရှုမြင် နိုင်ပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခ များကို ဖြေရှင်း ရာမှာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အကြံ ပြုချက်များ အနက် အဓိက အချက် များကို ကြည့်ရင် ပထမ ဆုံး ဆောင်ရွက် ရမယ့် အချက်ဟာ နယ်မြေ ဒေသ တည် ငြိမ် အေးချမ်း ရေးနဲ့ ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရေး အတွက် တရား ဥပဒေ စိုးမိုးရေး အစီ အမံများ ချ မှတ် ဆောင်ရွက် ရေးပဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့ အစည်းများ အနေနဲ့ တည်ငြိမ် အေးချမ်း ရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ကိစ္စရပ် များမှာ အပြည့် အဝ ပူးပေါင်း အကောင် အထည် ဖော်နိုင်ရေး အတွက် ကျွန်တော့် အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့် အာဏာများ အသုံးပြု ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့ အစည်း များဟာ ပြည်သူ့ ၀န်ထမ်း ကျင့်ဝတ်နှင့် အညီ ဘက်လိုက် မှုမရှိဘဲ ဥပဒေ အရ တိတိ ကျကျ လိုက် နာ ဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့် အနေနဲ့  ညွှန်ကြား အမိန့် ပေးထားပြီး ဖြစ်ပါတယ်။ ပဋိ ပက္ခများ အတွင်း ဖြစ်ပွား ခဲ့တဲ့ ဥပဒေ ချိုးဖောက်မှု များကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခ များကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ ရသူများ အ တွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက် ရေးများ ကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အထူး သဖြင့် ဒုက္ခသည် များအတွက် မိုးမကျမီ အမိုး အကာ အောက် အချိန်မီ ရောက်ရှိရေး၊ ကလေး သူ ငယ်များ အာဟာရ ပြည့်ဝ စေရေး၊ စိတ်ပိုင်း ဆိုင်ရာ နာကျင်မှု များနှင့် မလုံခြုံမှု များကို ကု စား ပေးနိုင်ရေး၊ ကူးစက် ရောဂါ များကို ဟန့်တားရေး၊ အသက် မွေးဝမ်း ကျောင်းမှုနှင့် ဒေသ စီးပွားရေး ပုံမှန် အခြေ အနေ ပြန်လည် ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည် ဖော်ရေး တို့ကို အလျင် အမြန် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီ များကိုလည်း ရယူ သွားမှာ ဖြစ်ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်း စဉ်များမှာ ဝင်ရောက် ဆောင်ရွက် ကြမယ့် နိုင်ငံ တကာ အဖွဲ့အစည်း များကိုလည်း အစိုးရ အနေနဲ့ လိုအပ်တဲ့ အကူ အညီများ ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ယခင် ကာလ များက ရခိုင် ပြည်နယ် အတွင်းမှာ လူသားချင်း စာနာ ထောက်ထားမှု အကူ အညီ ပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင် ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့ အစည်း အချို့ရဲ့ လုပ်နည်း ကိုင်နည်း အ မှား များကြောင့် ပြဿနာများ ပိုမို ရှုပ်ထွေး နက်ရှိုင်း ခဲ့တာဟာ လည်း ငြင်းဆို၍ မရသည့် အမှန် တရား ဖြစ် ပါတယ်။ ဒါကြောင့် လက်ရှိ အခြေ အနေ အရ ရခိုင် ပြည်နယ်မှာ ဝင်ရောက် ဆောင်ရွက် ကြမယ့် အဖွဲ့ အစည်းများ အနေနဲ့လည်း အသိုက် အဝန်း နှစ်ခု အကြား ပိုမို ရှုပ်ထွေး စေမယ့် ကိစ္စ ရပ်များ မဖြစ်ပေါ်ဖို့ အ တွက် ဒေသတွင်းမှာ ဖြစ်ပေါ် နေတဲ့ ကန့်သတ်ချက် များကို နားလည် လိုက်နာ ကြဖို့နဲ့ နှစ်ဖက် လူ့ အသိုက် အဝန်း နှစ်ခုလုံးရဲ့ ယုံကြည် ထောက်ခံ မှုကို ရယူရန် ကြိုးစား ကြဖို့လည်း တိုက်တွန်း လိုပါတယ်။

ထို့အပြင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အကြံ ပြုချက်များနဲ့ အညီ ပဋိပက္ခ များပိုမို ဆိုးဝါး မလာရေး အတွက် တရားမဝင် ဆက်လက် ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်း တို့အတွက် လိုအပ်မယ့် လုံခြုံရေး ဆိုင်ရာ အစီ အမံများ ကိုလည်း ချမှတ် သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့် ရှိသူများ နိုင်ငံသား ဖြစ်ရေး ကိစ္စရပ်များ ကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လူမှုရေး သဟဇာတ ဖြစ်မှု တည်ဆောက် ရေးနဲ့ ရခိုင် ပြည်နယ် လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ရေရှည် အစီ အမံ များနဲ့ ဟန်ချက် ညီညီ အကောင် အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီ အမံများ ချမှတ် ရာမှာ ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရဲ့ အကြံပြု ချက်များကို အခြေခံ လုပ်ဆောင် သွားမှာ ဖြစ်သော်လည်း အခြား မတူညီသည့် အမြင် များနဲ့ အကြံပြု ချက်များ ကိုလည်း အလေးထား ထည့်သွင်း စဉ်းစား သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်း ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များကို အလျင် အမြန် အရေးယူ ဆောင်ရွက် နိုင်ဖို့ အရေးကြီး တဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟို ကော်မတီကို ဖွဲ့စည်း ပေးခဲ့ ပါတယ်။ ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟို ကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်း စဉ်များ၊ ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက် များနဲ့ အခြား ဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်း စဉ်များကို ထိရောက်စွာ ပံ့ပိုး ဆောင်ရွက် နိုင်ရေး အတွက် တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီ နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှု စီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘက်စုံ မဟာ ဗျူဟာ ရေးဆွဲရေး ဆိုတဲ့ လုပ်ငန်း ကော်မတီ (၇) ခုကိုလည်း မတ်လ (၂၉) ရက် နေ့မှာ ထပ်မံ ဖွဲ့စည်း ပေးခဲ့ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရခိုင် ပြည်နယ် ပဋိပက္ခကို နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့် အရေး စတဲ့ ရှုထောင်း ပေါင်းစုံ ကနေ အစိုးရ တစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု ပေးပြီး တိကျ ပြတ်သားစွာ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြား လိုပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင် ခံစာပါ တွေ့ရှိချက် များကို ခြုံငုံ သုံးသပ် ရာမှ ရရှိ လာတဲ့ သင်ခန်းစာ တစ်ရပ် ကတော့ ယခင် ကျင့်သုံး ခဲ့တဲ့ မူဝါဒ များကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်း လူ့အခွင့် အရေး ချိုးဖောက် မှုများ ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြောကြား လိုတာ ကတော့ လက်ရှိ ကြုံတွေ့ နေသော ပြဿနာ များကို ဖြေရှင်း ရာမှာ တစ်ဖက်နှင့် တစ်ဖက် အပြစ်တင် ခြင်းများ ရပ်တန့်ပြီး လက်ရှိ အခြေ အနေကို လက်တွေ့ ကျတဲ့ နည်းလမ်း များနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ် တွဲ နေထိုင် နိုင်တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးကို ရှေးရှုတဲ့ ဦးတည် ချက်များနဲ့ လုပ်ဆောင် ရန် အချိန် ကျပြီ ဖြစ်ကြောင်း ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် အရေး ကိစ္စကို ကိုင်တွယ် လုပ်ဆောင်ရာမှာ ကျွန်တော်တို့ အစိုးရ အနေနဲ့ ရခိုင် ပြည်နယ် အတွင်းမှာ မူလက ရောက်ရှိ နေကြတဲ့ အစ္စလာမ် ဘာသာ ကိုးကွယ် သူများအား လူသားချင်း စာ နာထောက် ထားသည့် အနေဖြင့် သူတို့ရဲ့ အခြေခံ ရပိုင်ခွင့် များနဲ့ အခွင့် အရေး များကို လက်တွေ့ အကျဆုံး နည်းလမ်း များနဲ့ အရေးယူ ဆောင်ရွက် ပေးသွားမှာ ဖြစ်သလို ရခိုင် တိုင်းရင်းသား များရဲ့ ခံစားမှုနှင့် လိုလား ချက်များ ကိုလည်း လုံးဝ လျစ်လျူ ရှုမှာ မဟုတ်ကြောင်း အလေး အနက် ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

Comment ရေးရန်

Rohingya Exodus