April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာ အလောင်း ၃၁ လောင်း ဘင်္ဂလားဒေ့ရှ် တွေ့

(ဓါတ်ပုံ - Facebook)
ငြိမ်းချမ်း
17.5.2013

မြန်မာ နိုင်ငံ နယ်စပ် အနီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံ တက္ကနာ မြို့နယ် အတွင်း ပင်လယ် ကမ်းခြေမှ မြန် မာ နိုင် ငံသား အလောင်း ၃၁ လောင်းဆယ်ယူ ရရှိပြီး ယင်းအလောင်းများအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီ စဉ် နေကြောင်း သိရသည်။ 

ရရှိသော အလောင်း များမှာ ကလေး ၁၁ ဦး၊ အမျိုး သမီး ၆ ဦးနှင့် ကျန်အလောင်း များမှာ အမျိုးသား များ ဖြစ် သည်။ 

မြန်မာ နိုင်ငံသားဟု အတည် ပြုနိုင် ခြင်းမှာ အလောင်း များတွင် မြန်မာ ငွေများ တွေ့ရှိ ခြင်းနှင့် အဝတ် အစား များကြောင့်ဟု တက္ကနာ မြို့နယ် ရဲစခန်းမှူး ဒီဘာကော် ဆဲဒွတ် Dibakor Serdous က ဧရာ ဝတီသို့ ပြောသည်။ 

“သူတို့တွေ ဆီကနေ မြန်မာငွေ တသိန်းကျော် ရပါတယ်။ နောက်ပြီး အဝတ် အစားက ကျနော်တို့ နိုင်ငံက ရခိုင်တွေ ဝတ်သလို အဝတ် အစား မျိုးတွေ ဖြစ်နေ တာကြောင့် မြန်မာ နိုင်ငံ သားလို့ အတည် ပြုနိုင် တာဖြစ်တယ်” ဟု တက္ကနာ ရဲစခန်းမှူးက ပြောသည်။ 

ယင်းအလောင်း များကို တက္ကနာ မြို့နယ် ဆာဘို ဒီယာ (ရှင်မဖြူ) ကျွန်း ဆိပ်ကမ်း၏ တောင်ဘက် မေလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ငါးဖမ်း လှေများက စတင် တွေ့ရှိပြီး သက်ဆိုင် ရာကို အကြောင်း ကြားခြင်းဖြစ်ကြောင်း တက္ကနာ မြို့မှ ဘင်္ဂလား ဒေ့ရှ် စစ်ထောက်လှမ်း ရေးဌာနမှ နိုဒူလ် Nodul က ပြော သည်။ 

“အလောင်းတွေ တွေ့တယ်လို့ နယ်ခြား စောင့်တပ် စခန်းကို အကြောင်း ကြားတော့ နယ်ခြား စောင့်တပ်နဲ့ ကမ်းခြေ စောင့်တပ် တွေက ထွက်ပြီး ဆယ်ယူတာ ဖြစ်ပါတယ်” ဟု နိုဒူလ်က ပြောသည်။ 

တက္ကနာမြို့အခြေ စိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှူးမှ မြန်မာ နစကသို့ မြန်မာ နိုင်ငံ သားများ အလောင်းကို မြန်မာနိုင်ငံ ကိုပြန်လည် လွှဲပြောင်း လိုကြောင်း အကြောင်း ကြားသော်လည်း မုန် တိုင်းကြောင့် အလုပ်များနေ သည့်အတွက် အကြောင်း မပြန်နိုင်သေးကြောင်း ပြန်ကြား သည်ဟုတက္က နာ ရဲစခန်း မှူး က ပြောသည်။

ယခု ရရှိသော အလောင်း များသည် မဟာဆင် မုန်တိုင်း မလာမီ ၁၃ ရက်နေ့က ထွက်ပြေး ကြသော မွတ်စလင် ဒုက္ခသည်များ ဖြစ်နိုင်ကြောင်း ဘင်္ဂလား ဒေ့ရှ် အာဏာပိုင် များက သုံးသပ် ယူဆ နေသည်။

ရခိုင် ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှ မဟာဆင် မုန်တိုင်းကို ကြောက်ရွံ့ပြီး ထွက်ပြေးလာကြသောလှေတစီးစစ်တွေမြို့အနီး ပွဲကြည့်တောင်အရပ်တွင်နစ်မြုပ်၍ လူ ၅၀ ကျော် ပျောက် ဆုံး နေကြောင်း မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြ ခဲ့သည်။

တက္ကနာ ကမ်းခြေ တွင် ရရှိသော အလောင်း များမှာ ခလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကျန်အလောင်း များမှာ အမျိုးသား များဖြစ်သည်။ 

“ကျနော်တို့ ကတော့ ဒီအလောင်း တွေကို မိသားစုထံ ပြန်ပို့ ချင်ပါတယ်။ ခက်နေတာ ကလည်း မဟာစင် မုန်တိုင်းကြောင့် အလုပ်ရှုပ် နေကြတော့ မြန်မာ ဘက်ကိုလည်း အပြစ် ပြောလို့ မရဘူး။ အစိုးရရဲ့ ဆုံးဖြတ် ချက်ကို စောင့်ကြည့် နေပါတယ်။ ဒီမှာ မြှုပ်ဆို ရင်လည်း ကျနော်တို့ တာဝန် ပါဘဲ။ မြန်မာကို ပို့ပါဆိုရင် လည်း ပို့ပေး ပါ့မယ်” ဟု တက္ကနာ မြို့နယ် စခန်းမှူး ဒီဘာကော် ဆဲဒွတ် Dibakor Serdous က ပြော သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus