မောင်တော၌ နစကနှင့်စစ်တပ် သေနတ်ပစ် လေ့ကျင့်မည်
နစကနှင့် စစ်တပ် သေနတ်ပစ် လေ့ကျင့်မည် ဖြစ်၍ မောင်တောတွင် ညမထွက်ရ
RB News
RB News
9.5.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းရှိ ရွာအချို့၌ ည ၇ နာရီတွင် ဆယ် အိမ် မှူး များမှ မနက်ဖြန် မှစ၍ နစကနှင့် စစ်တပ်က သေနတ်ပစ် လေ့ကျင့်မည် ဖြစ်၍ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိ ၅ ရက် တိတိ အပြင် မထွက်ရန် လိုက်လံ၍ နှိုးဆော်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
“ည ၇ နာရီ လောက်က စပြီး၊ ဝါးချ၊ သန္တာ (စိုင်းဒါ) ၊ သရေ ကုန်းဘောင်၊ ဒုချီ ရာတန်း၊ ပညောင်ပင်ကြီး (ဒုံးခါလီ) ကျေးရွာ တွေက ဆယ်အိမ်မှူး တွေက မနက်ဖြန် ကစပြီး ၅ ရက်တိတိ ညနေ ၆ နာရီ ကနေ မနက် ၆ နာရီ အထိ အပြင် မထွက် ရဘူးလို့ လိုက်ပြော နေတယ်။ စစ်တပ်နဲ့ နစက တွေ က သေနတ် ပစ် လေ့ကျင့်မယ် လို့ပြောနေတယ်။ ဘာတွေလဲတော့ ကျွန်တော်တို့ လည်းသေချာမသိဘူး” ဟု မောင်တော မှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြော ပါသည်။
“သေနတ်ပစ် လေ့ကျင့်တယ် ဆိုတာ လေ့ကျင့်ရေး စခန်းတွေမှာ လုပ်ရတဲ့ ကိစ္စပါ။ အခု ရွာထဲလူ တွေကို အပြင် မထွက်နဲ့ သေနတ်ပစ် လေ့ကျင့်မယ် ဆိုတော့ တစ်ခုတော့ လွှဲနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကို အိမ်အပြင် မထွက် ခိုင်းဘဲ ဘာတွေ အကောက်ကြံမယ် ဆိုတာကို စိုးရိမ် ပူပန် နေရတယ်” ဟု ၎င်းမှ ဆက်လက် ပြောသည်။