နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ဘဇာရှိ ရိုဟင်ဂျာများကို နစကများ နည်းမျိုးစုံဖြင့် နှိပ်စက်လျက်ရှိ

RB News
16.6.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ တောင်ဘဇာ တိုက်နယ်ရှိ ရိုဟင်ဂျာ များကို နစက တပ်ဖွဲ့ဝင် များမှ နေ့စဉ်နှင့် အမျှ နည်းလမ်း မျိုးစုံဖြင့် ညှင်းပန်း နှိပ်စက် လျက်ရှိကြောင်း ဒေသခံ များ ၏ ပြောပြ ချက်များ အရ သိရှိ ရပါသည်။ 

“ကျွန်တော်တို့ ရွာက နစကနယ်မြေ (၉) လက်အောက်ခံပါ။ နယ်မြေမှူး၊ စခန်းမှူးတွေ၊ ကင်းစခန်း မှူး တွေ က သူတို့ တာဝန်ကျတဲ့ ကျေးရွာ၊ ရပ်ကွက် တွေမှာ ဓါးပြ တွေလို လုပ်နေတယ်။ ငွေကြေး တတ်နိုင် တဲ့ သူတွေ ဆီက ငွေယူတယ်။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကို ပုဒ်မ တစ်ခုခု တပ်ပြီး မတ ရား ထောင်ချ တယ်” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြောပါသည်။ 

နစကများမှ ဒေသခံ ရိုဟင်ဂျာ များကို တရားမ၀င် ပေါင်းသင်းမှု၊ တရားမ၀င် တစ်ဖက် နိုင်ငံသို့ ကူးမှု၊ တရားမ၀င် မွေးဖွားခြင်း၊ တရားမ၀င် သွားလာမှု၊ တရားမ၀င် နေအိမ် ဆောက်လုပ်မှု ဟူ၍ အမှုပေါင်းစုံကို မဟုတ်မမှန် တပ်၍ နယ်မြေ (၉) လက်အောက်ခံ စခန်းများ ဖြစ်သော စခန်း အမှတ် (၂၁)၊ (၂၂)၊ (၂၃) နှင့် ဦးလှဖေရွာရှိ ကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး၎င်း တို့တောင်းခံ သည့်ငွေကြေး မရမချင်း ရိုက်နှက် နှိပ် စက်သည်ဟုဒေသခံများကပြောသည်။ ငွေကြေး တတ်နိုင်သူ များမှ တောင်းခံ သည့် ငွေကြေး ကို ပေး ၍ နှိပ်စက်ခံပြီး လွတ်မြောက် လာကြသော်လည်း မတတ်နိုင်သူ များမှာမူ ၎င်းတို့ မ ဟုတ် မမှန် စွပ်စွဲ သည့် အတိုင်း ထောင်ချ ခံရသည်ဟု သိရသည်။ 

ထို့အပြင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး နှိမ့်ချ ဆက်ဆံမှုများဖြင့်ဆက်ဆံသည့် အပြင် ဘာ သာရေး စော် ကားမှု များလည်း အမြဲပြုလုပ်ကြောင်း ဒေသခံ များက ပြောသည်။

“လူတိုင်းမှာ ဂုဏ်သိက္ခာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာတော့ ဘာဂုဏ်သိက္ခာမှ မရှိသလို ဖြစ်နေ တယ်။ ကျွန်တော်တို့မှာ မိဘတွေ ပေးထားတဲ့ နာမည်ကို တရားဝင် မှတ်ပုံတင် ထားပေမယ့်လည်း ကျွန်တော်တို့ အားလုံးရဲ့ နာမည်က “ကုလား” ဖြစ်နေတယ်။ ဆက်ဆံတဲ့ ပုံစံတွေက လူကို ဆက်ဆံတာနဲ့ လုံးဝ မတူဘူး။ အမှန်ဆိုရင် ကျွန်တော်တို့ ဆီက မတရား သဖြင့် ငွေတွေကို ဓါးပြလို လုယက်ပြီး စားသောက် နေ တဲ့ ဒီလူတွေ ရှက်တတ်ဖို့ သင့်တယ်။ ဒါပေမယ့် သူတို့ မရှက်တတ် ပါဘူး။ ကျွန်တော်တို့ရဲ့ ဘာသာရေးကို သည်းခံ နိုင်စွမ်း ကုန်အောင် စော်ကားတယ်။ သူတို့က လက်နက်ကိုင်ပြီး အနိုင် ကျင့် နေတော့ လည်း သည်းခံ နေရုံ ကလွဲပြီး ဘာမှ မတတ်နိုင်ဘူး” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus