နစက နယ်မြေမှူးမှ တရက်တည်းတွင် ရိုဟင်ဂျာ များထံမှ သိန်း ၃၀ ဓါးပြကဲ့သို့ ရယူ
RB News
16.6.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ် အ၀န်းတွင် နစက များသည် ရိုဟင်ဂျာ များထံမှ ငွေကြေး များကို ဓါးပြ သဖွယ် လုပ်၍ ရယူလျက် ရှိရာ ဘူးသီးတောင် မြို့နယ်မှ တရက်တည်းတွင် ငွေကျပ် သိန်း ၃၀ ရယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇွန်လ (၃) ရက်နေ့ နေ့လည် ၂ နာရီ ခန့်တွင် နစက နယ်မြေ (၉) နယ်မြေ မှူးနှင့် တပ်ဖွဲ့ဝင် နှစ်ဦး တို့သည် သာ မာန်ဝတ်စုံ များ ၀တ်၍ ဘူးသီးတောင်မြို့နယ် ငရန့်ချောင်း ကျေးရွာအုပ်စု ရပ်ကွက်(၉)၊(၁၀) နှင့် (၁၂) တို့သို့ သွားရောက် ခဲ့သည်။ ရပ်ကွက် များသို့သွားရောက်၍ ရွာသူ ရွာသား များအား အိမ်သာပြင် ဆင် သည်၊ခြံစည်းရိုး ပြုပြင်သည်၊အိမ်များ၌ ထရံများ ပြုပြင်သည်ဟုပြောဆိုပြီး ဖမ်းဆီးမည် ဟု ခြိမ်းခြောက် ၍ ငွေ ညှစ် ခဲ့သည်။
ရပ်ကွက်သုံးခုမှ တရက်တည်းတွင် ငွေကျပ် သိန်း ၃၀ ရယူ၍ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။
“အိမ်သာ ပြင်တယ်၊ ခြံစည်းရိုး၊ ထရံ ပြင်တယ် ဆိုတာတွေက သူ့ပါးစပ်ထဲ ရှိတာကို လျှောက်ပြော နေ တာ ပါ။ ကျွန်တော်တို့ကို အစစ အရာရာ ကန့်သတ် ထားတယ် ဆိုတာ ကျွန်တော်တို့ နားလည်တယ်။ အဲ ဒါကြောင့် ဘာလုပ်လုပ် နစကရဲ့ ခွင့်ပြုချက် ယူပြီးမှ ကျွန်တော်တို့ လုပ်တယ်။ ကျွန်တော်တို့ ဥပဒေ ဘောင် အတွင်းကနေတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဆီက ငွေမရရင် အစား ကောင်းကောင်း မစား ရဘူး ဆိုတော့ သူတို့ သားသမီးတွေ ကောင်းကောင်း စားရဖို့ ကျွန်တော် တို့ ချွေးနဲစာတွေကို ဒမြ တိုက် တာပေါ့ဗျာ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။
နယ်မြေမှူးမှ ဓါးပြသဖွယ် ခြိမ်းခြောက်သဖြင့် ငွေပေး ရသူများမှာ -
(၁) မော်လ၀ီ ဦးအဒူဟိုက်ရ် - ငွေကျပ် တစ်သိန်းငါးသောင်း - ရပ်ကွက် (၁၀)
(၂) ဦးဘာဆဲရ် - ငွေကျပ် တစ်သိန်း - ရပ်ကွက် (၁၀)
(၃) ဦးအီလီယာစ် - ငွေကျပ် နှစ်သိန်း - ရပ်ကွက် (၁၀)
(၄) မော်လ၀ီ ဦးအီဗရာဟင်မ် - ငွေကျပ် ခုနစ်သိန်း - ရပ်ကွက် (၉)
(၅) မော်လ၀ီ ဦးအဇီဇုလ်ဟောခ် - ငွေကျပ် ခုနစ်သိန်း - ရပ်ကွက် (၁၀)
(၆) ဦးဟာဘီအဟမတ် - ငွေကျပ် ငါးသိန်း - ရပ်ကွက် (၁၂)
(၇) ဦးရဟီမုလ္လာ - ငွေကျပ် တစ်သိန်း - ရပ်ကွက် (၁၀)
(၈) ဟာဖီဇ် ဦးရဖိခ် - ငွေကျပ် တစ်သိန်း ငါးသောင်း - ရပ်ကွက် (၁၀)
(၉) ဦးရဟီမုလ္လာ - ငွေကျပ် သုံးသိန်း - ရပ်ကွက် (၁၀)
(၁၀) ဦးအီလီယာစ် - ငွေကျပ် တစ်သိန်း - ရပ်ကွက် (၁၀) - တို့ဖြစ်သည်။