နောက်ဆုံးသတင်း/ဆောင်းပါးများ

၉၆၉ မှ ဖားကန့်မြို့နယ် အလွန်ရှိ တနိုင်းကျေးရွာမှ မွတ်စလင်များအား မောင်းထုတ်ရန် ကြိုးစားနေ

MMCJ
RB News
15.6.2013

ဖားကန့် ။ ။ ကချင် ပြည်နယ်၊ ဖားကန့် မြို့နယ် အလွန်ရှိ တနိုင်း ကျေးရွာမှ မွတ်စလင် လူနည်းစုအား ၉၆၉ အဖွဲ့မှ အာဏာပိုင် များအား ဖိအား ပေး၍ မောင်းထုတ်ရန် ကြိုးစားလျက် ရှိကြောင်း သိရှိ ရပါသည်။ 

တနိုင်း ကျေးရွာတွင် ခရစ်ယာန် ဘာသာဝင် များမှာ လူများစု ဖြစ်ပြီး၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင် များမှာ လူနည်းစု ဖြစ်သော် ငြားလည်း ကျောင်းထိုင် ဆရာတော် ဘုန်းကြီးမှ အာဏာပိုင် များကို ဖိအား အလွန် အကျွံပေး၍ အကောင် အထည် ဖော်လျက် ရှိကြောင်း သိရသည်။ 

ဒေသခံ တစ်ဦး၏ ပြောကြားချက် အရ လွန်ခဲ့သည့် လပိုင်း များတွင် ၉၆၉ အဖွဲ့မှ စာကပ်ခြင်း၊ စာ များ ဖြန့် ဝေခြင်း၊တရား ဟောခြင်းများပြုလုပ် ခဲ့ကြောင်း သိရသည်။ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင် များ၊ ထောက် လှမ်းရေး အဖွဲ့များနှင့် သာသနာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ် သံဃ မဟာ နာယက အဖွဲ့ကို ထိုကဲ့ သို့ မပြု လုပ် ရန် လျှောက်ထား ခဲ့သော် လည်း မြို့နယ် သံဃ မဟာ နာယက ဆရာတော်မှ လူမျိုးရေး အ တွက် လုပ်ခြင်း ဖြစ်သောကြောင့် ဆက် လက်၍ လုပ်ရမည် ဖြစ်ကြောင်း ပြန်လည် မိန့်ကြား ခဲ့သည်။ မြို့ နယ် အုပ် ချုပ်ရေး မှူးမှ ခရစ်ယာန် လူများစုမှ လူနည်းစု ဗုဒ္ဓဘာသာဝင် များအတွက် ယခုကဲ့သို့ ပြုမှုလျှင် လက်ခံ နိုင်မည်လားဟု လျှောက်ထား ခဲ့ရာတွင် ဆရာတော်နှင့် အခြေအတင် ဖြစ်ရန် အခြေအနေ ရှိ ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောသည်။ 

တစ်ဖန် လခဲ့သည့်လ ၂၈ ရက်နေ့တွင် မြို့နယ် ဆရာတော်မှ အာဏာပိုင် များကို ခေါ်၍ အစ္စလာမ် ဘာသာ ၀င် များကို မောင်းထုတ်ရန်၊ နောက်ထပ် မည်သည့် အစ္စလာမ် ဘာသာဝင်ကိုမှ ရွာထဲသို့ ၀င်မခံရန်နှင့် အစ္စ လာမ် ဘာသာဝင်များ လုပ်ကိုင် စားသောက်လျက် ရှိသည့် စီးပွားရေး လုပ်ငန်း များကိုလည်း ပိတ် ပင် ပေး ရန် မိန့်ကြား ခဲ့သည်။ သို့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဥပဒေ အရ လုပ်ခွင့် မရှိကြောင်း၊ နိုင်ငံသား မှတ်ပုံတင် ရှိသူ များမှာ နိုင်ငံ အတွင်း မည်သည့် နေရာတွင် မဆို လုပ်ကိုင် စားသောက် သွားလာ ခွင့်ရှိကြောင်း လျှောက်ထား ခဲ့သည်ဟု သိရသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်ငန်း လုပ်ကိုင်ရန် ငှားရမ်း ထားသည် များကို စာချုပ် သက်တမ်း ပြည့်လျှင် ဆက်လက် မငှားရန် ပြု လုပ်ပါမည် ဟု လျှောက် ထား နှစ် သိမ့် ခဲ့သည်။ 

ဆရာတော်၏ အမိန့်ကို မလိုက်နာ သည်ကို မကျေနပ်သည့် အတွက် လွန်ခဲ့သည့် စနေနေ့ (ဇွန်လ ၈ ရက်) တွင် ဘုန်းကြီးကျောင်း၌ လူ ၁၀၀ ခန့် စုဝေး၍ မြို့နယ် အာဏာပိုင် များကို ဆရာတော်မှ ခေါ်ယူပြီး ဗုဒ္ဓဘာ သာဝင် များ၏ သဘောထားကို ပြောရန် မိန့်ကြား ခဲ့သည်။ ထိုအခါ ရတနာ စည်ဘီယာနှင့် စားသောက် ဆိုင် ပိုင်ရှင် ဒေါ်နုနုဝေမှ တနိုင်းရွာရှိ မွတ်စလင် များအားလုံး ကို မောင်း ထုတ် ပေးရေး၊ နောက်ထပ် မွတ်စလင် လုံးဝ ၀င်မလာရေး၊ မည်သည့် အိမ်တွင်မှ ၀တ်ပြုခြင်းကို ခွင့်မပြုရေး၊ လုပ်ငန်း လုပ်ကိုင်နေ သည် များ ကို ချက်ချင်း ပိတ်သိမ်း ပေးရေး တို့ကို တောင်းဆို ခဲ့သည်။ 

မြို့နယ် အာဏာပိုင် များမှ တောင်းဆိုချက် များကို လိုက်လျောသည့် အနေဖြင့် အစ္စလာမ် ဘာသာဝင် များ၏ စီးပွားရေး လုပ်ငန်း အချို့ကို ချက်ချင်း ပိတ်ခိုင်း ခဲ့ပြီး ထိုနေရာ များမှပင် ချက်ချင်း ပြောင်းရွှေ့ခဲ့ ခိုင်းသည်။ ထိုသို့ ပြောင်းရွှေ့ ခိုင်းခဲ့သည့် အပြင် တနိုင်းရွာတွင် အိမ်ထောင်စု စာရင်း မရှိသူများ အားလုံးကို မိမိတို့၏ နေရပ်သို့ ပြန်ရန် ညွန်ကြား ခဲ့သည်။ တနိုင်း အောက်ပိုင်းတွင် နေထိုင်သူ များမှ ရွာအုပ် ချုပ် ရေးရုံး၊ မြို့နယ် အုပ်ချုပ်ရေးရုံး များသို့ သွားရောက်၍ ယခင်ကတည်းက နေထိုင် နေသည်မှာ မှန် ကန်ကြောင်း ထောက်ခံစာ သွားရောက် တောင်းခံခဲ့ သော်လည်း ရုံးများမှ မပေးသည့် အပြင်၊ အ ခင်း ဖြစ်ပွားလျှင် အသက် အန္တရာယ်ပါ ရှိနိုင် သဖြင့် တနိုင်းရွာမှ ထွက်သွားရန်သာ ညွန်ကြား ခဲ့သည်။ အစ ပိုင်းတွင် အာဏာပိုင် များမှ ၉၆၉ ၏ လှုပ်ရှားမှုကို တားဆီးရန် ကြိုးစား ခဲ့သော်လည်း နောက်ပိုင်းတွင် ၉၆၉ ၏တောင်းဆိုချက် များကို လိုက်လျော၍ အတင်းအဓမ္မ နည်းဖြင့် အကောင်အထည် ဖော်ရန် ကြိုး စား နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ 

တနိုင်းရွာရှိ ဦးနိုင် ဆိုသူမှာ အစ္စလာမ် ဘာသာဝင် များနှင့် ရင်းနှီး ကျွမ်းဝင်သူ ဖြစ်သော်ကြောင့် ၉၆၉ အဖွဲ့မှ မွတ်စလင် တစ်ဦးဦးအား ပြဿနာ ရှာရန် အကူအညီ တောင်းခံ ခဲ့သည်။ ပြဿနာ ဖြစ်ပါက ၎င်းတို့ အဖွဲ့မှ လာရောက်၍ ဆက်လက် လှုပ်ရှားသွားမည်ဟု ပြောကြားကြောင်း သိရသည်။ သို့သော်လည်း ဦးနိုင် ဆိုသူမှ ၎င်းအနေဖြင့် မွတ်စလင် များနှင့် ရင်းနှီးရုံသာမက မွတ်စလင် များ၏ ကျေးဇူးများ ၎င်းအပေါ်တွင် ရှိသောကြောင့် မလုပ်နိုင်ဟု ငြင်းဆို ခဲ့သည်။ 

ထိုသို့ စည်းရုံး၍ မရသောကြောင့် ယခု လာမည့် ၂၀ ရက်နေ့ သို့မဟုတ် ၂၃ ရက်နေ့တွင် ဗုဒ္ဓဘာသာ လူငယ် အဖွဲ့ဖွဲ့၍ မွတ်စလင်များ ပိုင်ဆိုင်သည့် အိုးအိမ်များ လုပ်ငန်းများကို ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။ ရွာအုပ်ချုပ်ရေးရုံးမှ မကြာမကြာ လာရောက်၍ ရွာထဲမှ ထွက်သွားရန် လည်းပြောဆိုခြင်း များပြုလုပ်လျက် ရှိကြောင်း ၎င်းဒေသခံမှ ပြောသည်။ ထို့အပြင် ဆိုင်ကယ် ကယ်ရီ ဆွဲသူများအား ဆိုင်ကယ်စီး၍ ကျသင့်ငွေ မပေးခြင်း၊ မွတ်စလင် ဆိုင်များမှ ပစ္စည်းဝယ်၍ ကျသင့်ငွေ မပေးခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

တနိုင်းရွာရှိ မွတ်စလင် လူနည်းစုမှာ ယခုကဲ့သို့ နှစ်ပေါင်း များစွာ နေထိုင် လာသည့် မိမိတို့၏ ဒေသမှ ထွက် သွားရန် ဖိအားပေးမှုများ နေ့စဉ် ပြုလုပ် နေသောကြောင့် အလွန် စိုးရိမ် ကြောင့်ကြ လျက်ရှိကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus