နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်းဆုခြွေရုံမှလွဲ၍ မည်သို့မျှမတတ်နိုင်


O'Laie Manzu
RB News
26.6.2013

အကျဉ်း

၂၀၁၂ ခုနှစ် ဇွန်လ အစောပိုင်းတွင် ဗုဒ္ဓဘာသာဝင် ရခိုင် လူမျိုး များနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဘာသာရေး ပဋိပက္ခ များသည် မြို့နယ် လေးခုတွင် ဖြစ်ပွားခဲ့ ပါသည်။ အောက်တိုဘာလတွင် အကြမ်း ဖက်မှု ထပ်မံ ဖြစ်ပွားချိန်တွင် မြို့နယ် ၉ ခုအား ကူးစက်ခဲ့ပြီး ဒေသ အတွင်းရှိ မွတ်စလင် များအား ဖယ်ရှား ရန် သို့မဟုတ် အဓမ္မ ရွှေ့ပြောင်း သွားစေရန် ရည်ရွယ်သော စနစ်တကျ ညှိနှိုင်း ဆောင်ရွက် ကြသည့် လှုပ် ရှားမှု အသွင် ဖြစ်လာ ခဲ့ပါသည်။

အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ကမန် မွတ်စလင် အသိုင်းအဝိုင်းအား တိုက်ခိုက်မှု သည် ဒေသခံ ရခိုင် နိုင်ငံရေး ပါတီများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီး များနှင့် အရပ်သား ရခိုင်များမှ စီ စဉ် ဆောင် ရွက် ခဲ့သည်၊ မြှောက်ပင့် ပေးခဲ့သည်၊ ကျူးလွန် ခဲ့ကြ ပါသည်။ တခါတရံ တွင်လည်း အာ ဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များ၏ တိုက်ရိုက် ကူညီမှုများ ရရှိခဲ့ ပါသည်။ ရိုဟင်ဂျာ အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးငယ်များ အသတ်ခံ ခဲ့ကြရပြီး အချို့ အလောင်း များကိုလည်း စုပေါင်း မြေမြှပ် ထားခဲ့ခြင်း ခံခဲ့ရ ပါ သည်။ ၎င်းတို့၏ ကျေးရွာ များနှင့် နေထိုင်ရာ ပတ်ဝန်းကျင် များလည်း ဖျက်ဆီးခြင်း ခံခဲ့ရပါသည်။ အချို့သော ဖြစ်ရပ် များတွင် အာဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များသည် မွတ်စလင် များအား အကြမ်း ဖက်မှုမှ ကာကွယ်ပေးပြီး ထွက်ပြေး လွတ်မြောက် စေရန် အတွက် ကူညီပေး ခဲ့သည်များ ရှိသော်လည်း အများအားဖြင့် တိုက်ခိုက် နေစဉ်တွင် နဘေး၌ ရပ်ကြည့် နေကြသည် (သို့တည်း မဟုတ်) တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ စော်ကားမှု များအား တိုက်ရိုက် အထောက် အကူပြုခဲ့ ကြပါသည်။ အကြမ်းဖက် မှုများ ဖြစ်ပွားပြီး လပေါင်း များစွာ အထိ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် အကြမ်း ဖက် မှုတွင် တာဝန်ရှိသူ များအား ထိန်းသိမ်း အရေးယူရန် အတွက် အရေးတယူ စီစဉ် ဆောင်ရွက် မှုများ သို့မ ဟုတ် အနာဂါတ်တွင် ထပ်မံ မဖြစ်ပွားစေရေး အတွက် ကာကွယ်မှုများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

ဇွန်လ အကြမ်းဖက်မှုများ နောက်ပိုင်းတွင် အနည်းဆုံး ရိုဟင်ဂျာနှင့် အခြား မွတ်စလင် ၁၂၅၀၀၀ နှင့် အ နည်းငယ်သော ရခိုင်များ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခသည်စခန်း (IDP) များတွင် နေရာချ ထားခြင်းခံ ခဲ့ရပါသည်။ ပြောင်းလဲ နေရာချ ထားပေးခြင်း ခံရသော မွတ်စလင် အများစုမှာ အစားအစာ၊ နေရာထိုင်ခင်း၊ ရေနှင့် သန့်ရှင်း စင်ကြယ်မှု အစီအစဉ်နှင့် ကျန်း မာရေး ဆေး ကု သမှုများ လုံလောက်မှု မရှိသော လူဦးရေ ထူထပ်သည့် ဒုက္ခသည် စခန်း များ တွင် နေထိုင် ကြ ရပါ သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များသည် အချို့နေရာ များ တွင် ပြောင်းလဲ နေရာချ ထားပေးခြင်း ခံရသော မွတ်စ လင် များအား အကာ အကွယ် ပေးကြသော်လည်း အများ အားဖြင့် မှာ ထောင်စောင့် များကဲ့သို့ပြုမှု ကြ သည်။ အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာ ထောက် ထားသည့် အကူအညီများ၊ ရပ် တည် နေထိုင်ရေး များနှင့် ဈေးအသွား အလာ များကိုပင် ပိတ်ပင် တားမြစ်ကြသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ အောင်မင်္ဂလာ အရပ်ဒေသတွင် ကျန်ရှိ နေထိုင်နေ ကြသေးသော မွတ်စလင် များအား တင်းကြပ်သည့် ချုပ်ချယ် ကန့်သတ်မှုများ သတ်မှတ်ထား သောကြောင့် ၎င်းတို့၏ ပတ်ဝန်းကျင် တွင်လှောင်ပိတ် မိနေကြသည်။ ကုလသမဂ္ဂအရာရှိ များကိုပင်လျှင် ၎င်းတို့ထံ သွားရောက် နိုင်ရေး အား ပိတ်ပင် တားမြစ် ထားပါသည်။

ဇွန်လနှင့် အောက်တိုဘာလ များတွင် ရခိုင် ပြည်နယ် အကြမ်းဖက်မှု လှိုင်းလုံးများ ရိုက်ခတ် ခဲ့ သည့် နေ ရာ ဒေသ များ သို့ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့မှ သွားရောက် ခဲ့ပါသည်။ အ ဓိ က ကျသော IDP စခန်းတိုင်းနှင့် ပြောင်းလဲ နေရာချ ထားပေးခြင်း ခံရသော မွတ်စလင် အ များ နေထိုင် လျက် ရှိသော (အစိုးရ စီစဉ် ဆောင်ရွက် ပေးမှုနှင့် မသက်ဆိုင်သည့်) အခြား နေရာ များသို့ လည်း ကျွန်ုပ်တို့ သွားရောက် လည်ပတ် ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ကျွန်ုပ်တို့ သွားရောက် ခဲ့စဉ်အတွင်း အကြမ်းဖက် မှု များ ကြုံတွေ့ ခံစားခဲ့ရသည့် သို့မဟုတ် စော်ကားမှု များအား တွေ့မြင်ရပြီး ပြောင်းလဲ နေရချထားခြင်း ခံ ထားရသူ ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သည့် မွတ်စလင် များနှင့် ရခိုင် လူမျိုးများ အပြင် အကြမ်းဖက်မှု များ အား စီစဉ် ဆောင်ရွက် ပေးသူများ၊ အကြမ်းဖက်မှု ကျူးလွန်သူများ နှင့်တွေ့ဆုံ မေးမြန်း ခဲ့သည့် အင် တာဗျူး ၁၀၀ ကျော်အပေါ် အခြေခံ ထားပါသည်။ သံအမတ်များ၊ ကုလသမဂ္ဂ အရာရှိ များနှင့် လူ သား ချင်း စာနာထောက်ထားမှု အကူအညီ ပေးကြသူများ နှင့်လည်း စကားပြော ဖြစ်ခဲ့ကြ ပါသည်။ အာ ကာ သ ဂြိုလ် တု စက်များမှ ရိုက်ကူး မြင်တွေ့ ရလောက်သည် အထိ ဇွန်လနှင့် အောက်တိုဘာလ အ တွင်း ဖြစ် ပွားသော အကြမ်းဖက် မှုများနှင့် စော်ကားမှု များကြောင့် ကြီးမား ကျယ်ပြန့်၍ ပျက်စီးဆုံးရှုံးမှု အများ ဆုံး ဖြစ်သော မြို့နယ် ငါး ခုကို လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ အာရုံ ထား လေ့ လာ ပါသည်။

ဇွန်လတွင် ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက် မှုကြီးသည် ရမ်းဗြဲ မြို့နယ်တွင် မေလ ၂၈ ရက် ၂၀၁၂ ခုနှစ်တွင် အသက် ၂၈ နှစ်အရွယ် ရခိုင် အမျိုးသမီးအား မွတ်စလင် သုံးဦးမှ အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့် ကိစ္စရပ် အပေါ် အခြေခံ၍ ပေါ်ပေါက် လာခဲ့ပါသည်။ ဇွန်လ ၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ၏ အရှေ့ တောင် ဖက်ရှိ တောင်ကုတ် မြို့တွင် ရခိုင် ရွာသူ ရွာသား များမှ ဘတ်စ်ကား တစ်စီးအား တားဆီး ကာ ယင်းကားပေါ်တွင် ပါလာသော မွတ်စလင် ဆယ်ဦးအား ရိုက်နှက် သတ်ဖြတ် ခဲ့ကြပါသည်။ ဗုဒ္ဓ ဘာ သာဝင် ရခိုင် များနှင့် ရိုဟင်ဂျာတို့ အကြား အကြမ်းဖက်မှုများ ကြီးထွား လာပြီး နှစ်ဖက်လုံးမှ လူအုပ်စု များဖြင့် သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှု များကို ကျူးလွန် ကြပါသည်။ နှစ်ဖက် စလုံးမှ လူအများ ထိခိုက် နစ်နာ ခဲ့ကြရပြီး ထောင်ပေါင်း များစွာမှာ အိုးအိမ်စွန့်၍ ထွက်ပြေးခဲ့ ကြရပါသည်။ အစပိုင်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များမှာ အကြမ်းဖက်မှုများ ရပ်တန့် သွားစေရန် အတွက် လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း မရှိသော် လည်း နောက်ပိုင်း တွင်မူ ၎င်းတို့ ကိုယ်နှိုက် ရခိုင် လူထုကြီးနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုများ၊ မွတ်စ လင် ကျေးရွာ များနှင့် ပတ်ဝန်းကျင် ဒေသများအား မီးရှို့ ဖျက်ဆီး ခဲ့ကြပါသည်။

အောက်တိုဘာလတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှုမှာ စီမံကိန်း ချမှတ်၍ ပိုမို စနစ်ကျသည့် လုပ်ဆောင် မှု ဖြစ်ကြောင်း သိသာ ထင်ရှားပါသည်။ ဒေသခံ ရခိုင် နိုင်ငံရေး ပါတီ အရာရှိများနှင့် ဗုဒ္ဓဘာသာ ဝါရင့် ဘုန်းကြီး များသည် ရိုဟင်ဂျာ လူဦးရေအား စစ်ဆေးကာ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ၏ အန္တာရယ် စိုးရိမ်ရကြောင်း လအတန်ကြာ လူသိရှင်ကြား ဝါဒဖြန့်နေ ခဲ့ကြသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ထောင်ပေါင်း များစွာသော ရခိုင် များသည် ဓါးမြောင်များ၊ ဓါးများ၊ သေနတ်များ၊ ဓါတ်ဆီ မီးပုလင်း များနှင့် အခြားရရာ လက်နက်များ စွဲကိုင်ကာ ပြည်နယ် တလျှောက် မြို့နယ် ကိုးခုရှိ မွတ်စလင် ရွာများအား တိုက်ခိုက် ခဲ့ကြပါသည်။ အာဏာပိုင် လုံခြုံရေး ရဲတပ်ဖွဲ့ များသည် ယင်းအကြမ်းဖက် မှုအား ကာကွယ်ရန် ပျက်ကွက် ခဲ့ကြသည်။ အကြမ်းဖက် မှုများတွင် တိုက်ရိုက် ပါဝင်ခဲ့ ကြပါသည်။ အချို့ဖြစ်ရပ် များတွင် အလှမ်း ဝေးသည့် သီးခြား မြို့နယ် များတွင် တချိန်တည်း အချိန်ကိုက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြောက်ဦး မြို့နယ်ရှိ ယိုင်သည် ရွာတွင် အနည်းဆုံး ရိုဟင်ဂျာ ၇၀ ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသော ဖြစ်ရပ် ကြီးသည် အဆိုးရွား ဆုံးသော ဖြစ်ရပ်ကြီး တစ်ခု ဖြစ်သည်။ တိုက်ခိုက်မှု များအား ကြိုတင် သတိပေးမှုများ ရှိထား သော်လည်း လုံထိန်း ရဲများ၊ ဒေသခံရဲ များနှင့် စစ်သား အနည်း ငယ် ကိုသာ လုံခြုံရေး စောင့်ထိန်းရန် အတွက် တာဝန်ချ ထားပေး ခဲ့ပါသည်။ ရခိုင် လူထုကြီး၏ တိုက် ခိုက် မှု များမှ ကာကွယ် ပေးရန် သို့မဟုတ် ရွာသား များအား လုံခြုံသည့် နေရာများသို့ ပို့ဆောင် ပေး ရန် အ တွက် စီစဉ် ဆောင်ရွက် ပေးရမည့် အစား ခုခံ ကာကွယ်ရန် အတွက် ကိုင်ဆောင် ထားကြသော ရိုဟင်ဂျာ များ၏ ဒုတ်များနှင့် အခြေခံ လက်နက် များအား ဖယ်ယူ သိမ်းဆည်း ခြင်းဖြင့် သတ်ဖြတ် မှုကြီး ကို ကူ ညီပေး သကဲ့သို့ လုပ်ဆောင် ပေးခဲ့ပါသည်။

“ပထမ ကတော့ စစ်သားတွေက ‘ဘာမှ မလုပ်ကြ နဲ့တဲ့၊ ခင်ဗျား တို့ကို ကာကွယ် ပေးမယ်။ ကျနော်တို့ ကယ်မယ်။’ လို့ပြောကြတော့ ကျနော် တို့လည်း သူတို့ကို ယုံကြည် အားကိုးခဲ့ မိတယ်။” ဟု အသက် ၂၅ နှစ်အရွယ် သေတွင်းမှ လွတ်လာသူ တစ်ဦးမှ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ကိုပြော ပြ ခဲ့ပါသည်။ “နောက်တော့ သူတို့ ကတိဖျက် ကြတယ်။ ရခိုင်တွေ ကျနော်တို့ လူတွေကို အလွယ် တကူ ရိုက်နှက် သတ်ဖြတ် ကြတယ်။ လုံခြုံရေး တွေက ကျနော် တို့ကို ဘာ အကာ အကွယ်မှ ပေးခဲ့ဘူး။”

ယိုင်သည် အကြမ်းဖက် မှုသည် နံနက် ၆နာရီခွဲ လောက်တွင် စတင်ခဲ့ပြီး ညနေ ၅ နာရီတွင် စစ်အင်အား အကူ အညီ ရောက်ရှိလာပြီး နောက်ဆုံး ဖြန်ဖြေပေးခဲ့သည် အထိ တစ်နေကုန် ကြာမြင့် ခဲ့ပါ သည်။ သေ ဆုံးသည် အထိ ခုတ်ထစ်ခြင်း ခံရသူများ အနက် ၂၈ ဦးမှာ ကလေးများ ဖြစ်ပြီး ၅ ဦးမှာ အသက် ဆယ် သုံးနှစ် အရွယ် ကလေးငယ်များ ဖြစ်ပါသည်။

လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ လက်ခံ ရရှိထားသော အာကာသ ဂြိုလ်တု ပုံရိပ် များ အရ ဇွန်လ ၂၀၁၂ မှစတင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကြောင့် မြို့နယ် ၁၃ ခုအနက် ၅ မြို့နယ် တွင် ပျက်စီးမှု များကို ၂၇ နေရာတွင် တွေ့ရှိ ရပါသည်။ ဇွန်လ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော ပျက်စီးမှု ပုံရိပ် များ တွင် စစ်တွေမြို့၌ အဆောက် အဦပေါင်း ၂၅၅၈ ခု ပျက်စီး နေသည်ကို တွေ့မြင် ရပါ သည်။ အောက် တိုဘာလ တွင်ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုတွင် မြို့နယ် ၉ ခုအနက် မြို့နယ် ၅ ခုတွင် အဆောက် အဦပေါင်း ၂၃၀၄ ခုပျက်စီး ခဲ့သည်ကိုလည်း တွေ့မြင် ရပါသည်။ တစိတ် တပိုင်းသာ တွေ့မြင် ရသော ပုံရိပ် များအား ကြည့်ရှု သုံးသပ် ခြင်းဖြင့် ဇွန်လနှင့် နောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကြောင့် ရခိုင်ပြည်နယ်တွင် စုစုပေါင်း မြေဧက ၃၄၈ ဧက အတွင်း အနည်းဆုံး အဆောက်အဦ ၄၈၆၂ ခုပျက်စီး ခဲ့ပြီး အများစုမှာ လူနေအိမ် များဖြစ်ပါသည်။

လူသားများ အပေါ် ရာဇဝတ်မှု ကျုးလွန်မှုနှင့် လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှု

ဇွန်လ ၂၀၁၂ ခုနှစ်မှ စတင် ဖြစ်ပွား ခဲ့သော ရိုဟင်ဂျာ များနှင့် ကမန် မွတ်စလင် အသိုင်း အဝိုင်း အပေါ် ကျူးလွန် ခဲ့သည့် ရာဇဝတ်မှု ကြီး၏ ပမာဏ အတိုင်း အတာမှာ လူမျိုးတုန်း သုတ်သင် ရှင်းလင်းရေး လှုပ် ရှားမှု၏ အစိတ်အပိုင်း ဖြစ်သော လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန် ခဲ့ခြင်း ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာ ဥပဒေ များအရ လူသားများ အပေါ် ရာဇဝတ်မှု ကျုးလွန်မှုဟု ဆိုရာတွင် ပြည်သူ များအား ကျယ် ကျယ် ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှုများ ကျူးလွန်သော ရာဇဝတ် ပြစ်မှု ဖြစ်ပါသည်။ သီးခြား ဦးတည် ထားသည့် လူတစ်စုအား ဆန့်ကျင် တိုက်ခိုက်မှု ဖြစ်ပြီး အစိုးရ အာဏာပိုင်များ သို့မဟုတ် စနစ်တကျ စီ စဉ် ဆောင် ရွက်သော မူဝါဒ များအရ လုပ်ဆောင် ကြခြင်း တို့သာ အကျုံးဝင် ပါသည်။ နိုင်ငံရေး ပါတီ များနှင့် ဘာသာရေး အသင်း အဖွဲ့များ ကဲ့သို့ အစိုးရ မဟုတ်သည့် အစုအဖွဲ့ များမှ ကျူးလွန် ပါကလည်း ၎င်းတို့၏ လုပ်ရပ် များသည် စနစ်တကျ စီမံခန့်ခွဲသည့် အတိုင်းအတာ တစ်စုံတစ်ရာ အထိ ရှိပါက လူ သားများ အပေါ် ရာဇဝတ်မှု ကျုးလွန်ခြင်းဟု သက်မှတ် နိုင်သည်။

လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု ဆိုသည်မှာ ဥပဒေသုံး ဝါဟာရ မဟုတ်သော်လည်း လူမျိုးစု သို့မဟုတ် ဘာသာရေး အစုအဖွဲ့မှ အခြားသော လူမျိုးစု သို့မဟုတ် ဘာသာရေး အစုအဖွဲ့အား ပထဝီမြေ ဒေသ တစ်စုံတစ်ခုမှ ပပျောက်သွား စေရန် အတွက် အကြမ်းဖက် မှုများနှင့် ခက်ထန်သည့် လုပ်ရပ်များဖြင့် လုပ်ဆောင် စေသည့် ရည်ရွယ်ချက် ရှိသော မူဝါဒအား ရည်ညွန်း အဓိပ္ပါယ် ဖွင့်ဆို ပါသည်။

ရခိုင်ပြည်နယ်တွင် နေထိုင် ကြသော ရိုဟင်ဂျာ များသည် နယ်နှင် ခြင်းများ၊ အဓမ္မ ရွှေ့ပြောင်း မှုများနှင့် အခြားသော ဖိနှိပ် စော်ကားမှုများ ကျူးလွန် နေရကြောင်း ကုလသမဂ္ဂ အစိတ်ပိုင်း များမှ ယခင် ကတည်းက အသိအမှတ် ပြုထားပြီး ဖြစ်သည်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သည် အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ပြစ်မှု သတ်မှတ်ချက် များအရ ဤဖိနှိပ် စော်ကားမှု များသည် “ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နေကြောင်း”၊ “စနစ်တကျ ပြုလုပ်နေကြောင်း”၊ “အစိုးရ အာဏာပိုင် များ၏ မူဝါဒ” အကျိုး ဆက်များ ဖြစ်ကြောင်း ၁၉၉၀ ခုနှစ် ကတည်းက ဖော်ပြထား ခဲ့ပြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ် အဖြစ် အပျက် များသည် ယင်းရာဇဝတ် မှုများ ကျူးလွန် နေကြောင်း ဖော်ပြသည့် ပေါ်လွင် ထင်ရှားသော သက်သေ အသစ် တစ်ရပ် ဖြစ်ပါသည်။

ရိုဟင်ဂျာနှင့် အခြား မွတ်စလင် များအား နိုင်ငံအတွင်းမှ ထွက်ခွာ သွားစေရန် သို့မဟုတ် အနည်းဆုံး ၎င်းတို့အစဉ် တစိုက်နေထိုင် လာခဲ့သောနေ ရပ်ဒေသများမှ(ဗုဒ္ဓဘာသာဝင် အများစုနေ ထိုင် ကြသော နေ ရာဒေသ များမှ)ပြောင်းရွှေ့ ထွက်ခွာ သွားစေရန် ရခိုင်ပြည်ရှိ နိုင်ငံရေး၊ဘာ သာရေး ခေါင်းဆောင် များ မှ တိုက် ခိုက်မှု များ အား စီစဉ်ခြင်း၊ စီ မံ ခန့် ခွဲခြင်းနှင့်မြှောက် ပင့်ပေး  ခြင်း များပြုလုပ်ပေး ခဲ့သည် ဟု ဖော် ပြနေသောသက်သေ လက္ခဏာ ဖြစ်ပါ သည်။ ရခိုင်ပြည်နယ် အတွင်း နိုင်ငံရေး၊ ဘာ သာရေး  ပျော့ပြောင်း သည့် အသံများ ရှိနေသော်လည်း ယင်းအသံ များမှာ မေး မှိန် နေပါသည်။

ဒေသတွင်း စည်းရုံး လှုံ့ဆော်မှု များသည် အောက်တိုဘာလ အကြမ်းဖက် မှုအား ဖြစ်ပွားစေရန် အတွက် တွန်းအားပေး အထောက်အကူ ပြုသည့် လုပ်ရပ်များ ဖြစ်ပါသည်။ ရခိုင် နိုင်ငံရေး ပါတီများ၊ သံဃာ အဖွဲ့ အ စည်း များနှင့် လူမှု အစုအဖွဲ့ များသည် ရိုဟင်ဂျာ ဆန့်ကျင်ရေး လက်ကမ်း စာစောင် များ၊ ကြေညာ ချက်များ ထုတ်ဝေ ဖြန့်ချီ ခဲ့ကြသည်။ ထုတ်ဝေ ဖြန့်ချီသော ကြေညာချက် များနှင့် လက်ကမ်း စာစောင် အများစုမှာ ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ကန့်ကွက် မှုများ၊ ရိုဟင်ဂျာ များအား ရှုတ်ချမှုများ၊ နိုင်ငံ အတွင်း မှ နှင်ထုတ် ရန် အတွက် တောင်းဆို မှုများ၊ တခါတရံတွင် “လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု” လုပ်ဆောင် ရန် ဟူသော အသုံးအနှုန်း များအား တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက် ၍သော် လည်းကောင်း ဖော်ပြ ချက်များ ပါဝင် ပါသည်။ ထုတ်ပြန် ကြေညာချက် များသည် ဒေသနှင့် ပြည်နယ် ပိုင်း များ တွင် စုဝေးကြသော အစည်းအဝေး များမှ ထွက်ပေါ် လာသော်လည်း နိုင်ငံတော် အာဏာပိုင် များ အနေဖြင့် အလေးထား ခဲ့ခြင်း မရှိပေ။

အောက်တိုဘာလ အကြမ်းဖက် မှုများ မတိုင်မီတွင် ဒေသဆိုင်ရာ အာဏာပိုင် များသည် ရိုဟင်ဂျာ ဆန့်ကျင် ရေးအား အားပေး သကဲ့သို့သော လုပ်ရပ် များအား လုပ်ဆောင် ခဲ့ကြပြီး ရိုဟင်ဂျာများ ၎င်းတို့ နေ အိမ် များအား စွန့်ခွာ သွားစေရန် အတွက် တွန်းအားပေး ခဲ့ကြသည်။ ဥပ မာ ပေါက်တော မြို့ တွင် ဒေသ ဆိုင်ရာ အစိုးရ အရာရှိ များနှင့် ရခိုင်ပြည်နယ်တွင် အဓိက စိုးမိုး ချယ် လှယ် နေသော ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ Rakhine Nationalities Development Party (RNDP) အဖွဲ့များ ပူးပေါင်းကာ ရိုဟင်ဂျာများ ထွက်ခွာ သွားစေရေး အတွက် သတင်းစာ ရှင်းလင်းပွဲ များစွာ ပြုလုပ် ကျင်းပခဲ့ သည်။ ပြည် နယ် အတွင်း အကြမ်းဖက် မှုများ ထပ်မံ မဖြစ်ပွားမှီ ရက်ပိုင်းအ တွင်း အောက် တိုဘာလ ၁၈ ရက်နေ့တွင် ရခိုင် သံယာတော် ညီလာခံ တစ်ရပ်အား စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရခိုင် ဗုဒ္ဓဘာသာဝင် များအကြား ဦးထိပ်ထား အရေးပေးခြင်း ခံရသည့် ဘုန်းကြီး များသည် “ပြဿနာ” အား “ကူညီဖြေ ရှင်း ပေးကြ ရန်” အတွက် မြို့နယ်များမှ အတူတကွ စုပေါင်း ညီညွတ် ကြစေရန် အတွက် ပြင်းထန်သည့် ရိုဟင်ဂျာ ဆန့်ကျင်ရေး ကြေညာချက် တစ်စောင်အား ထုတ်ပြန် ခဲ့သည်။ ဒေသခံ ရိုဟင်ဂျာ များ ၏ ပြော ဆိုချက် အရ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွား ခဲ့သော တိုက်ခိုက်မှုတွင် ၎င်းတို့ဒေသ အနီး တဝိုက် အတွင်း နေထိုင်ကြသူ မဟုတ်သော မျက်နှာစိမ်း ရခိုင် အမြောက် အများ ပါဝင်ကြောင်း သိရ ပါသည်။

ဇွန်လ မှစ၍ ဒေသ ဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေး သမားများနှင့် ဘုန်းကြီး များသည် ကြေညာချက်များ ထုတ်ပြန်ခြင်း ဖြင့်သော် လည်းကောင်း၊ အကြမ်းဖက် စေခိုင်းခြင်းဖြင့် သော်လည်းကောင်း ရိုဟင်ဂျာနှင့် ကမန် လူမျိုး များအား ၎င်းတို့ နေ့စဉ် လုပ်ကိုင် နေကြသည့် လုပ်ငန်း များအား ဟန့်တား ခဲ့ကြသည်။ မွတ်စလင်များ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင် စားသောက်ခွင့်၊ ဈေးသွား လာရေးနှင့် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ရရှိစေရေး တို့အား တားဆီး ပိတ်ဆို့ ထားကြသည်။ ဤလုပ်ရပ် များသည် ရိုဟင်ဂျာ လူမျိုးများ အိမ်ယာ စွန့်လွှတ်ပြီး ဒေသ အတွင်းမှ ထွက်ခွာ သွားကြ စေရန် ရည်ရွယ်၍ တွန်းအားပေး လုပ်ဆောင် နေသည့် သဘော သက်ရောက် ပါသည်။

“RNDP ခေါင်းဆောင် တွေက လူတွေကို အမိန့်တွေ ပေးနေ ခဲ့ကြတယ်။” ဟု အသက် ၂၇ နှစ် အ ရွယ် ပြောင်းလဲ နေရာချ ထားခြင်း ခံရသူ ပေါက်တော ရွာသား ရိုဟင်ဂျာ အမျိုးသား တစ်ဦး မှ ပြော ပါသည်။ “လူတစ်စုမှာ [ရခိုင်] အယောက် ၂၀ လောက်ပါတယ်။ ကျနော်တို့ ရွာပတ်ပတ်လည်ကို ဝိုင်းထားဖို့ သူတို့ကို အမိန့်ပေး ထားကြတယ်။ ရိုဟင်ဂျာ တွေနေတဲ့ ရွာအနားမှာ အစား အသောက် တွေ ယူလာရင် သူတို့က ပိတ်ပင် တားမြစ်တယ်။”

လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း ဟုဆိုရာတွင် မွတ်စလင် ထုကြီးအား သတ်ဖြတ်ခြင်း၊ အဓမ္မ ပြောင်းရွှေ့စေခြင်း၊ နယ်နှင်ခြင်း၊ ညှုင်းပန်း နှိပ်စက်ခြင်းနှင့် အခြားသော အကြမ်းဖက် မှုများအား စနစ်တကျ အကျယ် တဝန့် လုပ်ဆောင်ခြင်း တို့ပါဝင်သည်။ နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင် များ၏ ကြေညာချက်များ၊ စာရွက် စာတမ်း များသည် လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအား ဦးတည် နေသည့် မူဝါဒများ ဖြစ်ကြောင်း ပေါ်လွင်စေ ပါသည်။ ရခိုင် လူထုကြီး ကျင့်သုံးသော ကြောက် လန့်မှုများ ပေါ်ပေါက် စေသည့် ပရိယာယ် များမှာလည်း လူမျိုးတုန်း သုတ်သင် ရှင်း လင်း လိုကြောင်း ဖော် ပြ နေသည်။

ဤပြစ်မှု များတွင် မြန်မာ အာဏာပိုင်များ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော အားဖြင့်သော် လည်းကောင်း ပါဝင် ပတ်သက် နေပါသည်။ အကြမ်းဖက် မှုအများစုမှာ လက်နက်များ ကိုင်ဆောင် ထား ကြသော လူထုကြီးမှ ပြုလုပ်ကြပြီး အာဏာပိုင် လုံခြုံရေး ရဲများမှာ မွတ်စလင် များ၏ လုံခြုံရေး အ တွက် ကာကွယ် ပေးရန် မည်သို့မျှ ပြုလုပ် ခဲ့ခြင်း မရှိပေ။ တခါတရံတွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ လုံထိန်း ရဲများ၊ နစက (နယ်စပ် ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်)၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင် များက လည်း သတ်ဖြတ်မှု များတွင် တိုက်ရိုက် ပါဝင်ခဲ့ ကြပါသည်။

ဇွန်လနှင့် အောက်တိုဘာလ များတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများအား စီစဉ်ခြင်း၊ စီမံခန့်ခွဲ ခြင်းနှင့် ပါဝင် ပတ်သက်ခြင်း တို့အတွက် တာဝန်ရှိသူ များအား မြန်မာ အစိုးရ အနေဖြင့် ဥပဒေ ကြောင်းအရ အရေးယူ ဆောင်ရွက်ခြင်း၊ သို့မဟုတ် အလေးအနက်ထား စုံစမ်း ဖော်ထုတ်ခြင်းမျိုး ပြုလုပ် နေခြင်း မ ရှိသေးကြောင်း လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ လေ့လာ တွေ့ရှိ ရပါသည်။ ဤကဲ့သို့ အစိုးရ ဖက်မှ တာဝန်ယူ ဆောင်ရွက်ပေးမှု ပျက်ကွက် နေခြင်းသည် လူမျိုးတုန်း သုတ်သင် ရှင်းလင်း မှု ဖြစ်သော လူသားများ အပေါ် ရာဇဝတ် ကျူးလွန် နေခြင်းသည် အစိုးရမှ အထောက် အ ပံ့ ပေးနေသည့် လှုပ်ရှားမှု အဖြစ် ထင်မြင်မှုများ တိုးပွား စေပါသည်။ လုံထိန်း များသည် ၎င်းတို့ ပါဝင် ပတ်သက်မှု ရှိသည့် အချို့သော သတ်ဖြတ်မှု များအပြီးတွင် စုပေါင်း မြှပ်နှံမည့် သင်္ချိုင်းကျင်း များအား တူးစေခြင်း သို့မဟုတ် တူးခြင်းဖြင့် တာဝန်ခံ မှုများနှင့် တရား စီရင်နိုင်မှု များအား ပိတ်ပင် ဖုံးကွယ် ကြပါသည်။

ဥပမာ ဇွန်လ ၁၃ ရက်နေ့တွင် အစိုးရပိုင် ကုန်တင် ကားကြီး ပေါ်မှာ ကိုယ်တုံးလုံး နှင့် အချို့ အဝတ် အစား တစ်ဝက် တစ်ပျက်သာ ပါသည့် အလောင်း ၁၈ လောင်းအား စစ်တွေမြို့ အပြင်ဖက်ရှိ ရိုဟင်ဂျာ IDP စခန်း အနီးတွင် မြေမြှပ်ကြွင်း နှစ်ကြွင်း အတွင်းသို့ သွန်ချကာ စုပေါင်း မြှပ်နှံ ခဲ့ပါသည်။ ရုပ်အလောင်း များအား မည်သူ မည်ဝါ ဟူ၍ စစ်ဆေး ဖော်ထုတ်ခြင်း မရှိ။ ဒေသခံများ ရိုက်ကူး ထားသော ဓါတ်ပုံ များအရ အချို့ ဓါးစာခံ များမှာ မသတ်ဖြတ်မှီတွင် ကြိုးများ၊ ပလတ်စတစ် ကြိုးစများဖြင့် ချည်နှောင် ခဲ့ခြင်း ခံခဲ့ရပါ သည်။ ပြောင်းလဲ နေရာချ ထားခြင်း ခံရနေသည့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ အနီးတွင် လူသေလောင်း များ သယ်ဆောင် လာခြင်းမှာ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှု မူဝါဒ များအရ ရိုဟင်ဂျာများ ထာဝရ ထွက်ခွာ သွားစေရန် အတွက် သတိပေး ခြိမ်းခြောက် နေသကဲ့သို့ ဖြစ်သည်။

“အလောင်းတွေကို သူတို့တွေ ဒီနေရာမှာ မြှပ်ထားတယ်” ဟု အလောင်းများ သွန်ချခဲ့ပြီး မြေမြှပ် ခဲ့သည် ကို တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ အမျိုးသား တစ်ဦးက ပြောပါသည်။ “အလောင်း သုံးလောင်း က သေနက် ဒဏ်ရာတွေနဲ့။ တချို့က မီးလောင် ဒဏ်ရာတွေ၊ တချို့ကတော့ ဓါးဒဏ်ရာတွေ။ သေနတ် ဒဏ် ရာ တစ်ခု က နဖူးမှာ၊ နောက်တစ်ခုက ရင်ဘတ်မှာ။ ယောင်္ကျား နှစ်ယောက်က လက်နှစ်ဖက်ကို အရှေ့ လက်ကောက်ဝတ်မှ ကြိုးတုတ် ထားတယ်။ နောက်တစ်ယောက်က လက်နောက်ပြန် ကြိုးတုတ် ထား တယ်။” ဟု လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကို ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့တွင် စစ်တွေ အနီးရှိ ရိုဟင်ဂျာ IDP စခန်း အပြင်ဖက် လမ်းပေါ်၌ လူသေအလောင်းများ အပြည့် ပါသော ကုန်တင်ကား များနှင့် မြန်မာ စစ်သားများ မြေမြှပ်ကြွင်း များတူးနေကြောင်း တွေ့မြင်ခဲ့ သူများမှ ပြန်လည် ပြောပြ ကြသည်။

လူသားချင်းစာနာမှု အကူအညီ ပျက်သုဉ်းခြင်း

လက်ရှိတွင် ရခိုင်ပြည်နယ်သည် အဓိက လူသားချင်း စာနာမှု ပျက်သုဉ်း နေသည့် အလယ်ဗဟို သို့ ရောက် ရှိ နေပါသည်။ မြန်မာ အစိုးရသည် ထိပ်တန်း အရာရှိ သံအမတ် များလာရောက် လည်ပတ် ရာတွင် အကြမ်းဖက် မှုများကြောင့် ဒုက္ခရောက် နေရသူ များအား ကူညီ စောင့်ရှောက် ပေးနေကြောင်း ပြ သသည့် အနေဖြင့် ပြောင်းလဲ နေရာချ ထားပေးရာ နေရာ များသို့ လိုက်လံ ပြသ ကြသည်။ တစ်ချိန်တည်း မှာပင် လူ သားချင်း စာနာထောက်ထားသော အကူအညီ ပေးမှု များအား ပိတ်ဆို့ ထားသောကြောင့် အရေ အတွက် မသိနိုင်သည့် ကယ်ဆယ် ရနိုင်ခဲ့သော်လည်းသေဆုံး သွားကြရသောသေဆုံးမှုများ ရှိနေပါ သည်။ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ တို့သည် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား သို့မဟုတ် ထိုင်းနိုင်ငံ သို့ရောက်ရှိရန် မျှော်ကိုး၍ ရေကြောင်း ခရီးနှင် ခဲ့ကြပါသည်။ အခြား ထောင်ပေါင်း များစွာ မှာလည်း ထိုနည်းတူစွာ ထွက်ခွာ ကြရန် ဆိုင်းပြင်း နေကြပါသည်။

ရခိုင်ပြည်နယ် တလွှားတွင် ရိုဟင်ဂျာ များအား ထားရှိရာ ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခ သည် စခန်းရှိ လူမှု ကယ်ဆယ်ရေး အခြေအနေမှာ ဆိုးရွားလျက် ရှိပါသည်။ ဇွန်လ ၂၀၁၂ ခုနှစ် နောက် ပိုင်း ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသည့် လူဦးရေ ထူထပ်သော စခန်းကြီး များတွင်လည်း ထိုနည်း တူစွာ အခြေအနေ ဆိုးရွားလျက် ရှိပါသည်။ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာ များမှာ လိုအပ်သည့် အကူအညီများ မရရှိပေ။ ကုလသမဂ္ဂ ရုံးခွဲ ဖြစ်သည့် Coordination of Humanitarian Affairs (OCHA) ၏ ပြောဆိုချက် များအရ ထောင်ပေါင်း များစွာသော ကလေးသူငယ် များမှာ အစာရေစာ ငတ်ပြတ် နေ သည့် အခြေအနေသို့ ရောက်ရှိ နေပြီး သောင်းနှင့် ချီသော ဒုက္ခသည် များမှာ ကျန်မာရေးနှင့် ညီညွတ် သည့် စားဝတ် နေရေးနှင့် အစာရေစာများ လုံလောက်စွာ မရရှိကြပေ။

ဒုက္ခသည် စခန်း တစ်ခုနှင့် တစ်ခု အခြေအနေ မတူကြ သော်လည်း စခန်းတိုင်း လိုလိုတွင် လိုအပ်ချက်များ ဖူလုံမှု မရှိသောကြောင့် စိုးရိမ်မှု များနှင့် ရင်ဆိုင် နေကြ ရသည်။ ပြည်တွင်း ပြောင်းရွှေ့ နေရာချထားရေး ဒုက္ခသည် စခန်း များတွင် မွတ်စလင် များသည် တဲငယ်များ၌် စုပြုံ နေထိုင် ကြရသည်။ အချို့မှာ တောင့် တင်း ခိုင်မာသော တဲများတွင် နေထိုင် ကြရသော်လည်း အချို့မှာ နေထိုင် စရာ တဲနှင့် အခြေခံ လူသုံးကုန် ပစ္စည်းများပင် မရှိကြပေ။ ဤကိစ္စအား မြန်မာ အာဏာပိုင်များ အလုံးစုံ သိထားနှင့်ပြီးသာ ဖြစ်သည်။ တချိန် တည်း မှာပင် ရခိုင် လူမျိုးများ နေထိုင် ကြသည့် စခန်းငယ် များတွင် လိုအပ်ချက်များ စုံလျင်စွာဖြင့် စီစဉ် ထားပေး ပါသည်။ ၎င်းတို့ အား ရုပ်မြင် သံကြား ဌာနများနှင့် ရေဒီယို များမှတဆင့် မြန် မာ ပြည်သူ လူထု ထံတွင် အကူအညီ ကောက်ခံ ကာဒေသပိုင်း ဆိုင်ရာနှင့် နိုင်ငံတော် အစိုးရ အစီအစဉ် များဖြင့် ကြည့် ရှု့ စောင့်ရှောက် ထားပေး ပါသည်။ နေထိုင်ကြသည့် ပြောင်းလဲ နေရာချထား ပေးခြင်း ခံထားရသော မွတ်စလင် ထုကြီးအား သက်သာ ချောင်ချိ ရေးအတွက် ကူညီပေး လိုသော ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ အပေါ် ဒေသခံ ရခိုင် အသိုင်းအဝိုင်းမှ ခါးခါး သီးသီး မုန်းတီး နေကြ သောကြောင့် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ထောက်ပံ့ပေးရန် အတွက် အဟန့် အတားကြီး တစ်ရပ် ဖြစ်နေ ပါသည်။ ရိုဟင်ဂျာများအား ကူညီ ထောက်ပံ့ပေးသည့် အပြည်ပြည် ဆိုင်ရာ အကူအညီ များအား ရခိုင် ဒေသခံ များနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီး များမှ ကန့်ကွက် ဆန္ဒပြ ကြသည်။ ကိုယ်ထိ လက်ရောက် တားမြစ်မှုများ ပြုလုပ် ကြသည်။ အကူအညီ ပေးသူ များအား ကြိမ်းမောင်း ခြိမ်းခြောက် ကြသည်။ ဤပိတ်ဆို့မှုများ ဖယ်ရှား နိုင်ရန် အတွက် အာဏာပိုင် လုံခြုံရေး ရဲ များ မှ အနည်းငယ် မျှသာ ကူညီ လုပ်ဆောင် ပေးကြသည်။

ဇွန်လ အကြမ်းဖက် မှုများ မဖြစ်ပွားမီ ကပင် ရှိနေခဲ့သော အပြည်ပြည် ဆိုင်ရာ အထောက် အကူပြု အဖွဲ့ အစည်း များ၏ အစီအစဉ်များ ဆက်လက် လည်ပတ်မှု မပြုရန် အတွက် အစိုးရမှ တားမြစ် ထားပါသည်။ ဤတားမြစ်ချက် များသည် အထူး သဖြင့် ရခိုင်ပြည် မြောက်ပိုင်းတွင် နေထိုင်ကြသည့် မွတ်စလင် များအား လူမှုကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် အတွက် ဆိုးရွားသည့် ကန့်သတ်ချက် ဖြစ်ပါသည်။

ညင်းပန်း နှိပ်စက်ခံ ရိုဟင်ဂျာ သမိုင်းကြောင်း

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် များနှင့် မွတ်စလင်များ အကြား အကြမ်းဖက်မှု များသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာ ကတည်းက စတင်ခဲ့ ပါသည်။ မျက်မှောက် ကာလတွင် ဖြစ်ပွားနေသော ပဋိပက္ခ ကြီး သည် အနည်းဆုံး ဒုတိယ ကမ္ဘာစစ်မှ စတင် ခဲ့သည်။ ယင်းအချိန်တွင် ရိုဟင်ဂျာ များမှာ ဗြိတိသျှ ကိုလိုနီ အစိုးရအား သစ္စာရှိ နေခဲ့ကြစဉ်တွင် ရခိုင်များမှ ဂျပန်နယ်ချဲ့ များနှင့် ပူးပေါင်း ခဲ့ကြသည်။ ရခိုင်နှင့် ရိုဟင်ဂျာ အကြား ဆက်ဆံရေးမှာ ထိုစဉ်မှ၍ မျက်မှောက် ထက်တိုင် ပြိုလဲ ခဲ့ရသည်။ နှစ်ဖက်လုံးမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း တက်လာသော မြန်မာ အစိုးရ အဆက်ဆက်၏ ဖိနှိပ် ချုပ်ချယ်ခြင်း ခံကြရသော်လည်း ဗုဒ္ဓဘာသာ အများကြီး စိုးသည့် နိုင်ငံတွင် ရိုဟင်ဂျာ များအား ညှင်းပန်း နှိပ်စက်ကြ ပြီး ပြောင်းရွှေ့ သွားကြစေရန် ကြံရွယ် လုပ်ဆောင် ချက်များ ရှိနေပါသည်။ ရခိုင်ပြည်၏ လူမျိုးရေး အနေ အထားကို ပြောင်းလဲ ကြရန် ကြိုးစား ကြသည်။

၁၉၇၈ ခုနှစ်တွင် မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ သတ်ဖြတ်မှုများ၊ အဓမ္မ မုဒိန်းမှုများ၊ မီးရှို့ ဖျက်ဆီးမှု များကြောင့် ရိုဟင်ဂျာ ၂၀၀၀၀၀ ကျော် နိုင်ငံမှ ထွက်ပြေး ခဲ့ကြရသည်။ ၁၉၉၁ ခုနှစ် တွင်လည်း စစ်တပ်၏ ရိုဟင်ဂျာ ဆန့်ကျင်ရေး တိုက်ခိုက်မှု များကြောင့် ရိုဟင်ဂျာ ၂၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခဲ့ရပြန်သည်။ ထွက်ပြေးကြရသူ အများစုမှာ နောက်ဆုံး၌ ရခိုင်ပြည် မြောက်ပိုင်းသို့ အဓမ္မ ပြန် လည် ပို့ဆောင်ခြင်း ခံခဲ့ရပြီး ရခိုင်အများစု နေထိုင်ရာ နေရာဒေသ များမှ သီးခြား နေရာချ ထားခဲ့သည်။ ၎င်းတို့၏ အခွင့်အရေးများ ပိတ်ဆို့ ထားပြီး တင်းကြပ်သော စည်းကမ်းများ အကြား တွင် နေထိုင်ကြ ရသည်။

လူမျိုးရေး အပေါ် အခြေခံသည့် ခွဲခြားမှုဖြစ်သော ရိုဟင်ဂျာ များအား မြန်မာ နိုင်ငံသား ဖြစ်ခွင့်မှ ပိတ်ဆို့ ထားသည့် ၁၉၈၂ နိုင်ငံသား ဥပဒေသည် ရိုဟင်ဂျာ တို့အား ညှင်းပန်း နှိပ်စက်မှု၏ ပင်မဗဟို ဖြစ်သည်။ ယင်းဥပဒေအရ ရိုဟင်ဂျာ များသည် (ဗမာ၊ ရခိုင်၊ ကရင်နှင့် အခြား) တိုင်းရင်းသား လူမျိုးစုကြီး ၈ ခုမှ ဆင်းသက် လာသော လူမျိုး မဟုတ်သည့် အတွက် နိုင်ငံသား ဖြစ်စေရန် အလို့ငှာ ၎င်းတို့သည် လွတ် လပ်ရေး ရခဲ့သည် ၁၉၄၈ ခုနှစ် မတိုင်မီ ကတည်းက ရောက်ရှိ လာသည့် မျိုးရိုးမှ ပေါက်ဖွား ဆင်း သက် လာကြောင်း သက်သေပြ ရပါမည်။ ရိုဟင်ဂျာ မိသားစုများ အဖို့ ယင်းသို့ သက်သေ ပြနိုင်သည့် တိုင်အောင် လက်တွေ့တွင် ခက်ခဲလှ ပါသည်။ ကမန် မွတ်စလင် များမှာမူ တရားဝင် အသိအမှတ် ပြု ထားခြင်း ခံရသည့် တိုင်းရင်းသား လူမျိုးစု ဖြစ်သောကြောင့် မြန် မာ နိုင်ငံသားများ ဖြစ်ကြ ပါသည်။

အစိုးရနှင့် မြန်မာ လူထုကြီးမှာ ရိုဟင်ဂျာ များအား ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ခိုးဝင်လာ သူ များ ဖြစ်ကြောင်းနှင့် မြန်မာ့ တိုင်းရင်းသား မျိုးနွယ်မှ ပေါက်ဖွား လာသူများ မဟုတ်သောကြောင့် နိုင်ငံ သားများ အဖြစ် အသိအမှတ် မပြုနိုင်ကြောင်း ပေါ်ပေါ်ထင်ထင် သက်မှတ် ထားကြသည်။ တရားဝင် ထုတ်ပြန် ကြေညာချက် များတွင် ၎င်းတို့အား “ဘင်္ဂလီများ” “ရိုဟင်ဂျာဟု ခေါ်ဝေါ် လိုသူများ” သို့မဟုတ် ခက်ထန်သည့် အသုံးအနှုန်း ဖြစ်သော “ကုလားများ” ဟု ရည်ညွန်း ခေါ်ဝေါ် ကြသည်။

ရိုဟင်ဂျာ အားလုံးအား “ဘင်္ဂလီများ” ဟု သတ်မှတ် နေကြသော်လည်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အများ စုမှာ မြန်မာနိုင်ငံ အတွင်း မွေးဖွားကြသည့် မျိုးဆက်ပေါင်း များစွာမှ ဆင်းသက် ပေါက်ဖွား လာသူ များ ဖြစ်သည့် မြန်မာပြည်ဖွား များဖြစ်သည်။ ရိုဟင်ဂျာ များ၏ အခြေခံ အခွင့်အရေးများ ပိတ်ဆို့ လိုသောကြောင့် နိုင်ငံသား ဖြစ်ခွင့်အား အစိုးရမှ ပိတ်ပင် ထားခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရ နိုင်ငံသားနှင့် နိုင်ငံသား မဟုတ်သူများ ရထိုက်သည့် လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ပညာ သင်ခွင့်၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်နှင့် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့် များအား ကန့်သတ် ပိတ်ပင်ထားခြင်း ခံကြရသည်။ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း၊ အဓမ္မ စေခိုင်းခြင်း၊ အဓမ္မ မုဒိန်းပြုကျင့်ခြင်း၊ ညင်းပန်း နှိပ်စက်ခြင်း၊ အဓမ္မ ရွှေ့ပြောင်း စေခြင်းနှင့် အခြားသော ဖိနှိပ် စော် ကား မှု များ ဖြစ်သည့် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု များခံ ကြရသည်။ ယခင်နှစ် များ တွင် မြန် မာ အစိုးရနှင့် စစ်တပ်မှ အလား သဏ္ဍာန် တူသည့် ညင်းပန်း နှိပ်စက်မှု များအား ရခိုင်လူမျိုး များ အပေါ် တွင် ပြုလုပ် ခဲ့ကြသော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် ဖိနှိပ်မှုမှာ ပိုမို ပြင်းထန် လှပါ သည်။

ဇွန်လ အကြမ်းဖက်မှု နောက်ပိုင်းတွင် ထောင်ပေါင်း များစွာသော ဒုက္ခသည်များသည် နတ်မြစ် သို့မဟုတ် အခြား ရေကြောင်းလမ်း များဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစား ကြသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရမှ ၎င်းတို့၏ နယ်စပ်များ ပိတ်ထားကြပြီး ဒုက္ခသည် အဖြစ် ခိုလှုံဝင်ရောက်လာသူ များအား ပင်လယ် ခရီးသွား သင်္ဘောများ မဟုတ်သည့် လှေငယ်များဖြင့် ပင်လယ်ဆီသို့ ပြန်လည် တွန်းပို့ကြသည်။ ညှင်း ပန်း နှိပ် စက်ခြင်း ခံရသည့် နေရာမှ ထွက်ပြေး လွတ်မြောက် လာသူ များအား ယင်းညှင်း ပန်း နှိပ်စက် သည့် နေရာသို့ ပြန်လည် ပို့ဆောင်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ ထုံးတမ်း အစဉ်လာများအား ချိုးဖောက် ရာ ရောက်ပေသည်။ ထိုင်းနိုင်ငံ သည်လည်း ဇွန်လ နောက်ပိုင်းတွင် ၎င်းတို့ထံ ရောက်ရှိ လာ သည့် ထောင်ပေါင်း များစွာသော ဒုက္ခသည် အဖြစ်ခိုလှုံ ဝင်ရောက်လာသူ များအား ထိုနည်းတူစွာ ဆက်ဆံ ခဲ့ကြသည်။ အချို့ အခြေအနေ များတွင် မလေးရှား နိုင်ငံ အထိ ဆက်လက် ခရီးနှင် နိုင်ကြစေရန် အတွက် စားနပ် ရိက္ခာများ ဖြည့်ဆီး ပေးသော်လည်း အချို့ အခြေ အနေ များတွင် ပင်လယ်ပြင် ဆီသို့ ပြန်လည် တွန်းပို့ကြသည်။ သို့မဟုတ် ၎င်းတို့အား လူကုန်ကူးသူများ လက်ထဲသို့ အပ်နှင်း လိုက်ကြသည်။

နေပြည်တော်၏ တုန့်ပြန်မှု

ဇွန်လ အကြမ်းဖက်မှု အပြီး တစ်လ အကြာတွင် ဇူလိုင်လ ၁၂ ရက်နေ့၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် “တရာမဝင် ခိုးဝင်လာသည့်” ရိုဟင်ဂျာ များအား “တတိယနိုင်ငံ” သို့ပို့ဆောင်ရန် အတွက် ထုတ်ပြန် ပြောဆို ခဲ့သည်။ ရိုဟင်ဂျာ အများစုမှ ၎င်းတို့၏ မိသားစု မျိုးရိုးစဉ်ဆက် အလိုက် မြန်မာနိုင် ငံတွင် နေထိုင် လာခဲ့ ကြသော်လည်း တရားဝင် နေထိုင်ခွင့် အထောက်အထားများ မရှိသောကြောင့် သမ္မတ၏ စကား အသုံးအနှုန်း အရ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အများစုမှာ မြန်မာနိုင်ငံမှ မဟုတ်သ လို ဖြစ်နေ သည်။

သမ္မတ၏ ထုတ်ပြန် ကြေညာချက်မှာ ရခိုင်ပြည်နယ် အတွင်း အကျိုးဆက်များ ဖြစ်ပွားခဲ့ပါသည်။ နိုင်ငံရေး အကျိုးအရ မြန်မာပြည်မှ ရိုဟင်ဂျာ များအား ဖယ်ရှား လိုသည့် ရခိုင်ခေါင်းဆောင် များအား ဆက်လက်၍ အားပေး အားမြှောက် လုပ်သလို ဖြစ်နေပြန်သည်။ ဤကဲ့သို့ ရိုဟင်ဂျာ များအား ဖယ်ရှား လိုသည်မှာ ရခိုင် လူထုကြီး သာမက မြန်မာ အရာရှိများနှင့် လူမှု အသိုင်းအဝိုင်း တွင်လည်း ကြီးမားစွာ လွှမ်းမိုးနေသော ယူဆချက် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လှုပ် ရှားရေး အ တွက် အဓိကနေရာတွင် ပါဝင်သူ များ၏ ထုတ်ပြန် ကြေငြာချက် များနှင့် လုပ်ရပ် များသည် လည်း ရိုဟင် ဂျာ များအား အလိုမရှိသည့် အယူဝါဒများ အပေါ် ထပ်ဟပ် ပေးသ လို ဖြစ်နေပြန်သည်။

ရိုဟင်ဂျာ များအား နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ထပ်မံ ကြိုးစား လုပ်ဆောင်ခြင်း မပြုသည့် တိုင်အောင် သို့မဟုတ် ရိုဟင်ဂျာ များအား ၎င်းတို့ နေအိမ် များမှ ဝေးကွာသည့် ပြန်လည် နေရာချထားရေး ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်း ထားခြင်းများ ပြုလုပ်ထားသည့် တိုင်အောင် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင် များအား သီးခြား ခွဲခြား ထားရန် အတွက် လုပ်ဆောင် နေသည့် အစိုးရ၏ လုပ်ရပ်များအားလည်း စိုးရိမ်နေ ရပါသည်။ ဤသည်မှာ အများအားဖြင့် နိုင်ငံမဲ့ ဘဝသို့ ရောက်နေရသော ရိုဟင်ဂျာ များ၏ အခြေခံ လူ့အခွင့် အရေးအား ထိန်ချန် ထားရန် အတွက် လမ်းစ ပြုထား သလို ဖြစ်နေ ပါသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် “လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရသည့် နောက်ခံ အကြောင်းအရင်း” နှင့် “ဘာသာ မတူသည့် လူ့အသိုင်းအဝိုင်း အကြား သင့်တင့်စွာ အတူတကွ ယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ” ရှာဖွေရန် ၂၇ ဦးပါ “စုံစမ်း စစ်ဆေးရေး ကော်မရှင်” အား ဦးသိန်းစိန်မှ ဖွဲ့စည်းပေး ခဲ့ပါသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု များအား ဒေသခံ ထိန်းချုပ်ရေး အင်အားစု များမှ မြှောက်ပင့် ပေးကြောင်း “လူမျိုးရေး အမုန်းပွား မှုတွေ တိုးပွား လာအောင် နိုင်ငံရေး ပါတီတွေ၊ အချို့ ဘုန်းကြီးတွေ၊ အချို့ လူတွေက လုပ်ဆောင် နေတယ်” လို့ပြောဆို ခဲ့ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဇွန်လမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှု များအား လုပ်ဆောင် နေသူ များအား အရေးယူရန် သို့မဟုတ် ဘာသာရေး အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားမှုမှ ကာကွယ်ရန် ထိရောက်သည့် လုပ်ဆောင်ချက်များ မပြုလုပ်ခဲ့ပေ။ အလွန်ပင် နှောင့်နှေး ကြန့်ကြာ နေ သည့် ယင်းကော်မရှင် အစီအရင် ခံစာတွင် နိုင်ငံသား ကိစ္စ၊ လူသားခြင်း စာနာ ထောက် ထားသည့် အကူအညီ ကိစ္စ၊ တာဝန်ယူ ဆောင်ရွက်မှု ကိစ္စတို့အား ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နိုင်ရေးနှင့် အကြမ်းဖက် မှုများတွင် တာဝန်ရှိသူ များအား ဖော်ထုတ်ပေး နိုင်ရေး တို့ကို မည်သည့် အတိုင်း အတာ အထိ အသေးစိတ် ဖော်ပြမည်ကို သဲသဲကွဲကွဲ မသိရ သေးပေ။

အောက်တိုဘာလ အကြမ်းဖက်မှု များအပြီးတွင် နိုင်ငံတော် သမ္မတရုံးမှ “အကြမ်းဖက်မှု များ၏ နောက် ကွယ်တွင် “လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ” ပါဝင် နေကြောင်း ထုတ်ပြန် ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။ ထိုကြေညာ ချက်တွင် ၎င်းတို့အား “ဖော်ထုတ် စစ်ဆေး သွားမည် ဖြစ်ပြီး ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက် သွားမည်” ဖြစ်ကြောင်းလည်း ဖော်ပြထား ပါသည်။ သမ္မတ မှာ ၎င်း ထုတ် ပြန် ကြေညာချက် အတိုင်း လုပ်ဆောင်ခြင်း မရှိသေးသည့် အပြင် အောက်တိုဘာလနှင့် ဒီဇင်ဘာလ များတွင် အစိုးရမှ ထုတ်ပြန် ခဲ့သည့် ကြေညာချက် များတွင်လည်း အကြမ်းဖက် မှုများ၌ အစိုးရ လုံထိန်းများ ပါဝင်ခဲ့ခြင်းကို ငြင်းဆို ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ စိုးရိမ်မှုများ တိုးပွား လာသည်ကို တုန့်ပြန်သော အားဖြင့် ဦးသိန်းစိန်မှာ ပိုမို အရေး ပါသည့် တုန့်ပြန်မှု များဖြင့် ကမ်းလှမ်း ခဲ့ပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်အား ပေးပို့သည့် စာတွင် ရခိုင်ပြည်နယ်၏ အခြေ အနေမှာ “အဓိပ္ပါယ်မဲ့ အကြမ်းဖက် မှုများ” ဖြစ်ကြောင်း၊ “ရာဇဝတ်မှုများ” ဖြစ်ကြောင်း၊ ၎င်း၏ အစိုးရမှာ နိုင်ငံရေး အနေအထား ပြောင်းလဲရေး အတွက် လုပ်ဆောင် နေရပြီး အပြည်ပြည် ဆိုင်ရာ ကျင့်ထုံး များနှင့်အညီ နိုင်ငံတဝှမ်း တွင် ပြောင်းရွှေ့ နေ ထိုင်မှု ကိစ္စမှ အစ နိုင်ငံသား ဖြစ်ခွင့် ကိစ္စများ အပါအဝင် မွေးစာရင်း ထုတ်ပေးခြင်း၊ လုပ်ကိုင် စားသောက် ခွင့် ပြုခြင်း၊ နိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာ ခွင့်ပြုခြင်း များအား ကိုင်တွယ် ဆောင် ရွက်ရန်” ပြင် ဆင် နေကြောင်း ရေးသား ပေးပို့ခဲ့ ပါသည်။

အမေရိကန် သမ္မတများ အနက် ပထမဆုံး မြန်မာမြေသို့ ရောက်ရှိ ခဲ့သည့် သမ္မတ ဘရက် အိုဘားမား ၏ မြန်မာပြည် ခရီးစဉ် မတိုင်မှီ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်လည်း ယင်းကဲ့သို့သော ထုတ်ပြန် ကြေ ညာ မူမျိုး ပြုလုပ် ခဲ့ပြန်သည်။

ထို့နောက်ပိုင်းတွင် မြန်မာ အစိုးရမှ အဖြစ်အပျက် များအား ကိုင်တွယ်သည့် ထိရောက်သော လုပ်ဆောင် များ ပြုခဲ့ခြင်းမရှိ။ ရှေ့ဆက် တိုးနိုင်မည့် လမ်းညွှန် စီမံကိန်းများ ချမှတ်ထားခြင်း မျိုးလည်း မရှိပေ။ ထိုကာ လ အတွင်း မြန်မာ နိုင်ငံတွင် နေထိုင် ကြသော မွတ်စလင်များ အပေါ် အကြမ်းဖက် မှုများမှ ရခိုင်ပြည်နယ် တွင်သာမက အခြား အရပ်များသို့ ပြန့်နှံ့ ခဲ့သည်။ မတ်လ ၂၀ နှင် ၂၂ ရက်အတွင်း ဘုန်းကြီးများ ဦးဆောင်သည့် ဗုဒ္ဓဘာသာဝင် လူထု ကြီးသည် မွတ်စလင် ဆန့်ကျင်ရေး ကြွေးကြော်သံ များနှင့်အတူ မန္တလေးတိုင်း မိတ္ထီလာ မြို့ရှိ မွတ်စလင် များအား တိုက်ခိုက် ခဲ့ကြသည်။ လူ ၄၀ အသတ်ခံ ခဲ့ရပြီး ၆၁ ယောက် ဒဏ်ရာ ရကြောင်း ခန့်မှန်း သိရှိရသည်။ ပျက်စီး သွားသည့် မွတ်စလင် အဆောက်အဦများ၊ စီးပွားရေး လုပ်ငန်းများ၊ ဝတ်ပြုရာ အဆောက်အဦ များအား အာကာသမှ ရိုက်ကူးသည့် ဓါတ်ပုံ များတွင် ရှင်လင်း ထင်ရှားစွာ တွေ့မြင် ရပါသည်။ United Nations Office for the Coordination of Humanitarian Affairs (OCHA), မှထုတ်ပြန်သည် အကူအညီ လိုအပ်မှု ခန့်မှန်းချက် အတိုင်း အတာ များအရ လူဦးရေပေါင်း ၁၂၀၀၀ ကျော်မှ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး မြို့၏ ဘေးပတ်ဝန်းကျင်တွင် ခိုလှုံ နေ ရပါသည်။ မတ်လ ၂၃ ရက်နေ့တွင် မိတ္ထီလာ အကြမ်းဖက် မှုအား မြန်မာ စစ်တပ်မှ ထိန်းချုပ် နိုင် ခဲ့ပြီးနောက် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက် မှုများမှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးတိုင်း အုတ်ဖို၊ ကြို့ပင်ကောက်၊ နှင့် မင်းလှ မြို့နယ်များ သို့ ပြန့်နှံ့ သွားခဲ့ ပြန်သည်။ စစ်သား များမှာ ပဲခူးတိုင်းတွင် ဆန္ဒပြ သူ များအား လူစုခွဲရန် အတွက် လေတွင်းသို့ သေနတ်များ ပစ်ဖောက်ခဲ့သည် ဟုလည်း သိရပါသည်။ ထို့နောက် မြို့နယ် ၉ မြို့နယ်အား အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ညမထွက်ရ အမိန့်ထုတ်ထား ခဲ့ပါသည်။ လူထု စုဝေးမှု များအားလည်း ကန့်သတ် ထားခဲ့ ပါသည်။

မွတ်စလင်များ အပေါ် အကြမ်းဖက် မှုများ ကျယ်ပြန့် လာမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကွင်းတားနာသည် အချို့သော အကြမ်းဖက် မှုများတွင် အာဏာပိုင် များမှ ပါဝင် ခဲ့ကြောင်း အစီရင်ခံစာများ ရရှိ ခဲ့သည်ဟု ပြောဆို ခဲ့ပါသည်။ “အချို့ အစိုးရ အာဏာပိုင် အစိတ် အပိုင်း တွေက တိုက်ရိုက် ပါဝင် ပတ်သက်တာမျိုး ဒါမှမဟုတ် နောက်ကွယ် ကနေ သိသိရဲ့နဲ့ ဒီလုပ်ရပ် တွေကို ထောက်ခံ အားပေးတာမျိုး တွေရှိတယ်ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။” ဟုပြောဆို ခဲ့ပါသည်။

ရခိုင်ပြည်နယ် အတွင်း နေထိုင် ကြသည့် မွတ်စလင် များအား လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့မှ မေးမြန်းချက် များအရ ၎င်းတို့သည် လက်ရှိနှင့် အနာဂတ် အခြေအနေ များအပေါ်တွင် စိတ်ဓါတ် ကျမှုများ၊ မျှော်လင့်ချက် ကင်းမဲ့ မှုများ ကြုံတွေ့ ခံစား နေရကြောင်း သတိပြု မိပါသည်။ အောက်တို ဘာ လတွင် ကျောက်ဖြူ မြို့နယ်ရှိ မွတ်စလင် ရပ်ကွက်အား ရခိုင် လူထုကြီးမှ ဖျက်ဆီး နေချိန်တွင် မွတ်စ လင် တစ်ယောက်မှ ၎င်းတို့အား ကာကွယ် ပေးရန် အတွက် စစ်သား တစ်ယောက်အား အကူ အ ညီ တောင်း ခဲ့သည်။ ယင်းစစ်သားမှာ “ခင်ဗျားတို့ အသက် ကာကွယ်ဖို့ အတွက် ခင်ဗျားတို့ ဆုတောင်း ရုံကလွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဟု ပြန်ဖြေခဲ့သည်။

မြန်မာအစိုးရ ထံသို့ အဓိကထား အကြံပြုချက်များ

  • ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များတွင် ပါဝင် ပတ်သက် ခဲ့သူ များအား ထိန်ချန် ထားမှု မရှိစေဘဲ အမြန်ဆုံး ပြည့်ပြည့်စုံစုံ စုံစမ်း စစ်ဆေးပြီး ပြစ်မှု ကျူးလွန်သူ များအား ရာထူး ရာခံ မထောက်ထားဘဲ ဥပဒေ ကြောင်းအရ မျှတစွာ တရား စီရင်ရန်။
  • ရိုဟင်ဂျာ များနှင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင် ကြသည့် မွတ်စလင် များအား နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေ များနှင့် အညီ တန်းတူညီမျှ ခွင့်အား အစိုးရမှ အာမခံ ပေးနိုင်သည့် ဥပဒေ များအား လိုအပ် သလို ပြင်ဆင် ပြဋ္ဌာန်းရန်။
  • ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာခွင့်အား ကန့်သတ် ထားမှုများ ချက်ချင်း ရပ်ဆိုင်းရန်။ ၎င်းတို့ အား နေရပ်ပြန်၍ ပိုင်ဆိုင်မှုများ ပြန်လည် ရရှိရန်၊ လိုအပ်သည် များအား ဝယ်ယူ နိုင်ရန်နှင့် ဘဝပြန်လည် တည်ထောင်နိုင်ရန် အတွက် လိုအပ်သည့် ကာကွယ်မှု များပေး ရန်။ ပြောင်းရွှေ့ နေ ရာချ ထားခြင်း ခံရသူ များနှင့် ဒုက္ခသည်များ နေရပ် ပြန်ရာတွင် အပြည်ပြည် ဆိုင်ရာ စံနှုန်း များနှင့် အညီ ပြုလုပ် ပေးရန်။ နေရပ် ပြန်ရာတွင် ၎င်းတို့၏ ဆန္ဒနှင့် အညီပြန်ခွင့် ပြုပြီး လုံခြုံရေးနှင့် လူ့ဂုဏ် သိက္ခာအား ရှေ့ရှု့ ဆောင်ရွက် ပေးရန်။
  • ရခိုင်ပြည်နယ် အတွင်းရှိ အကြမ်းဖက်မှု ဒဏ်ခံရသူများ ရှိရာ အရပ် ဒေသများနှင့် ဖမ်းဆီး ထိန်းသိမ်း ထားသည့် နေရာများ ထံသို့ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီ ပေးသော ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာနှင့် ပြည်တွင်း အဖွဲ့အစည်း များအား အန္တရာယ် ကင်းစွာနှင့် ကန့်သတ်မှု ကင်းစွာ သွားရောက် နိုင်စေရေး အတွက် လုပ်ဆောင် ပေးရန်။
  • ရခိုင်ပြည်နယ် အတွင်း လုံထိန်း များနှင့် အစိုးရ အာဏာပိုင် မဟုတ်သူများ ကျူးလွန်သည့် (လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်မှု သဘော သက်ရောက်ဖွယ် ရှိသော) အပြည်ပြည် ဆိုင် ရာ လူ့အခွင့်အရေး ဥပဒေ ချိုးဖောက်မှု များအား စုံစမ်း စစ်ဆေးရန် အတွက် လွတ်လပ်သည့် အပြည်ပြည် ဆိုင်ရာ ယန္တရား တစ်ရပ် ပြုလုပ်ရေး အတွက် သဘောတူ ပေးရန်။
  • ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများအပေါ် ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်အား လွတ်လပ်သည့် စုံစမ်း စစ်ဆေးခွင့် ပြုရန်။ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့တွင် OHCHR ရုံး နှင့် ၎င်း၏ ရုံးခွဲများ တည်ရှိနိုင်ရန် အတွက် ကာကွယ်မှု၊ မြှင့်တင်ပေး မှုနှင့် နည်းပညာ အကူအညီများ ပေးခြင်းဖြင့် ကူညီပံ့ပိုး ပေးရန်။
  • လူမျိုး၊ မျိုးရိုး၊ ကိုးကွယ်သည့် ဘာသာနှင့် အခြား အဆင့် အတန်း အခြေအနေများ အပေါ် အခြေ ခံ၍ နိုင်ငံသား ဖြစ်တည် မှုအား ခွဲခြားသည့် သို့မဟုတ် ခွဲခြားသော အကျိုး သက်ရောက်မှု ရှိ သည့် ပြဋ္ဌာန်းချက်များ ကင်းရှင်း စေရန် ၁၉၈၂ နိုင်ငံသား အက်ဥပဒေအား အရေးပေါ် ပြုပြင်ရန်။ ရို ဟင်ဂျာ များ၏ မျိုးဆက် သားသမီးများ နိုင်ငံမဲ့ ဖြစ်သည့် အခြေအနေမျိုး မရောက်ရှိ စေရန် တိုင်းရင်းသား ဖြစ်တည်မှုအခွင့်အရေးအား အာမခံ ပေးရန်။

မှတ်ချက်။ ။ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ ဧပြီလ ၂၂ ရက် ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့ သည့် “All You Can Do Is Pray” အစီရင်ခံစာ အကျဉ်းအား အများသူငှာ ဖတ်ရှု့လေ့လာ နိုင်စေရန် အတွက် O’Laie Manzu မှ ဘာသာပြန် ရေးသားထား ပါသည်။ ရိုဟင်ဂျာ လူမျိုးများ အပေါ် လူသားချင်း စာနာမှု ကင်းမဲ့သည့် အကြမ်းဖက် မှုများ ပြုလုပ် နေသည်ကို ကမ္ဘာက သိနေကြပြီ ဖြစ်သော်လည်း ကိုယ့်နိုင်ငံ အတွင်း ဖြစ်ပျက် နေသည့် ကိစ္စရပ် များအား အရှိကို အရှိ အတိုင်း သိခွင့် မရသောကြောင့် ထင်ယောင် ထင်မှား ဖြစ်နေကြသော မြန်မာ ပြည်သူများ လေ့လာ နိုင်စေရန် ရည်ရွယ်၍ ဘာသာပြန် ပေး လိုက် ပါသည်။

Comment ရေးရန်

Rohingya Exodus