ၾသစေၾတးလ် ဒုက္ခသည် စခန်း၌ ရိုဟင်ဂျာ တစ်ဦး သေဆုံး
ခရစ်မတ်ကျွန်း (ဓါတ်ပုံ - safecom.org.au) |
RB News
2.6.2013
သြစတြေးလျ နိုင်ငံ၊ ခရစ်မတ် ကျွန်းရှိ ဒုက္ခသည် စခန်း၌ အသက် ၅၂ နှစ် အရွယ် မြန်မာ နိုင်ငံသား တစ်ဦး သေဆုံး သွားကြောင်း သြစတြေးလျ နိုင်ငံ သတင်းဌာန တစ်ခု ဖြစ်သည့် အေဘီစီမှ ယနေ့ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
သေဆုံးသူသည် ခရစ်မတ် ကျွန်းရှိ ဒုက္ခသည် စခန်းသို့ ရောက်ပြီး နာရီပိုင်း အကြာတွင် ခရစ်မတ် ကျွန်းဆေးရုံ၌ ယမန်နေ့ (ဇွန်လ ၁ ရက်) က သေဆုံးသွား ကြောင်း ရေးသား ထားသည်။ သေဆုံး သွားခြင်းမှာ သာမာန် သဘာဝ အရ ဖြစ်သောကြောင့် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ မသင်္ကာ စရာ အဖြစ် မသတ်မှတ်ကြောင်း သိရှိ ရပါသည်။ အဆိုပါ ဌာနမှ အတူပါ ရှိသည့် မိသားစု ၀င်များကို အားပေး နှစ်သိမ့်ပြီး စောင့်ရှောက် ထားကြောင်း ရေးသား ဖော်ပြ ထားပါသည်။
သေဆုံးသူမှာ ရခိုင်ပြည်နယ် မောင်တော မြို့နယ် အမှတ် (၁) ရပ်ကွက်မှာ ဦးမူဖီဆူရာမန်၏ သားဖြစ်သူ ဦးရှဟီဒူရာမန် (အသက် ၅၂ နှစ်) ဖြစ်ကြောင်း RB News မှ စုံစမ်း သိရှိ ရပါသည်။ သြစတြေးလျ နိုင်ငံသို့ ၎င်းနှင့် အတူ မိသားစုဝင် ၅ ဦးလည်း အတူ ရောက်ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ရိုဟင်ဂျာ များအပေါ် အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် သြစတြေးလျ နိုင်ငံများသို့ စက်လှေ များဖြင့် ထွက်ခွာ ခဲ့ကြရာ အချို့မှာ ပင်လယ်ပြင်တွင် အသက်ဆုံးရှုံး ခဲ့ရပြီး၊ အချို့မှာ ထိုင်းအာဏာပိုင် များ၏ ရောင်းစား ခြင်းကို လည်း ခံခဲ့ရသည်။