April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာ လူမျိုးစု အကြောင်း တင်ပြခြင်း

သို့

(၁) နိုင်ငံတော် သမ္မတကြီး
(၂) နာယက၊ ပြည်ထောင်စုလွှတ်တော်
(၃) ဥက္ကဌ၊ ပြည်သူ့လွှတ်တော်
(၄) ဥက္ကဌ၊ အမျိုးသားလွှတ်တော်
(၅) ပြည်ထောင်စုဝန်ကြီးများ
(၆) နိုင်ငံရေးပါတီများ
(၇) မြန်မာမီဒီယာများ

၂၀၁၃ ခုနှစ်၊ မေလ (၃၀) ရက်

အကြောင်းအရာ ။ ။ ရိုဟင်ဂျာ လူမျိုးစု အကြောင်း တင်ပြခြင်း။

လေးစားစွာဖြင့်

မြန်မာ့ လွတ်လပ်ရေး ရရှိပြီးနောက် အများ ပြည်သူ ရွေးကောက် တင်မြှောက် ခဲ့သော ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်က ရိုဟင်ဂျာ လူမျိုး များအား တိုင်းရင်းသား လူမျိုးစု တစ်စု အဖြစ် လက်ခံ ခဲ့ပါသည်။ ပါလီမန် ဒီမိုကရေစီ ခေတ်က “မေယု ခရိုင်” အား ဗဟို အစိုးရမှ တိုက်ရိုက် အုပ်ချုပ် ခဲ့သည့် အပြင် မြန်မာ့ အသံ တိုင်းရင်းသား ဘာသာ အစီအစဉ်မှ ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့် ခွင့်ပြု ခဲ့ပါသည်။ 

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ပေါ်ပေါက် လာပြီး တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ်ရာတွင် ရခိုင်ဒေသမှ ပါတီ ကောင်စီဝင် များနှင့် နိုင်ငံရေး သမား အချို့မှ ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်လျက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ဗဟိုကော်မီတီနှင့် တစ်ပါတီ စနစ် ကျင့်သုံးသော အစိုးရ အကြီးအကဲ များထံသို့ ရိုဟင်ဂျာ လူမျိုးများသည် ခိုးဝင်လာ သူများ ဖြစ်သည်ဟု မဟုတ် မမှန် တင်ပြချက်ကြောင့် စာနာမှု ကင်းမဲ့စွာ ပစ်ပယ် ခံခဲ့ ရပါသည်။ 

ယခု အခါ ပါတီစုံ အစိုးရ ပေါ်ပေါက် လာသောအခါ တရားမျှတသော ဖြေရှင်းချက်ကို အထူး မျှော်လင့် စောင့်စား လျက်ရှိပါသည်။ အချို့ ကိစ္စတွင် ခိုးဝင်လာသော ခေါင်းစဉ် ပျောက်ပျက် ခြင်းမရှိဘဲ ယခင် တစ်ပါတီ စနစ် အတိုင်း သုံးနှုန်း ပြောဆို နေကြ ပါသဖြင့် ရိုဟင်ဂျာ လူမျိုးတို့ ဘ၀မှာ မျှော်လင့်ချက် ကင်းမဲ့ နေသလို ခံစားရပါသည်။ 

အကယ်၍ တစ်ပါတီ စနစ်၏ ဆောင်ရွက်မှု များကို လက်ခံ ဆောင်ရွက် ပါက အများ ပြည်သူ ရွေးကောက် တင်မြှောက် ခဲ့သော ပါလီမန် ဒီမိုကရေစီ အစိုးရ၏ တရားဝင် ဆောင်ရွက် ချက်များကို လက်ခံ ဆောင်ရွက်ရန် ပျက်ကွက်ရာ ရောက်နေ ပါသဖြင့် အများ ပြည်သူ ရွေးကောက် တင်မြှောက် ခဲ့သော ပါလီမန် ဒီမိုကရေစီ အစိုးရ၏ တရားဝင် ဆောင်ရွက်ချက် များကိုလည်း ယခု ပါတီစုံ အစိုးရ (ပြည်ထောင်စု အစိုးရ) မှ တရားမျှတစွာ ဖြင့်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ယုံကြည် ပါသည်။

သို့ဖြစ်ပါ၍ ယခင် အစိုးရ၏ ဆောင်ရွက် ချက်များကို ယခု အစိုးရမှ ဆက်ခံ အတည်ပြု၍ ရိုဟင်ဂျာ လူမျိုးစု အရေး ကိစ္စအား တရားမျှတစွာ ဖြေရှင်းပေး ပါရန် လေးစားစွာဖြင့် တင်ပြ တောင်းဆို အပ်ပါသည်။ 

မေယုမျိုးအောင်
ရန်ကုန်မြို့


Comment ရေးရန်

Pages 22123456 »
Rohingya Exodus