နောက်ဆုံးသတင်း/ဆောင်းပါးများ

စီမံမှု စနစ်ကြောင့် လူဦးရေတိုး

(ဓါတ်ပုံ - Lux Capio)

ရဲဟိန်းကျော်
RB News
1.7.2013

နေ့စဉ်နှင့် အမျှ သမ္မတမှ လယ်ကူလီ၊ ဆိုက္ကား သမား၊ တံငါသည် အဆုံးထိ အော်နေ ပြောနေသော လူဦးရေ ဖေါင်းဖွားမှု၊ ရခိုင်တို့၏ တိုင်စာ၊ ပစ်စာ၊ လွတ်တော် တင်စာမှ အစ စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အဆုံး ရခိုင်ပြည်နယ် မြောက်ပိုင်း (မောင်တော ခရိုင် - မောင်တော ဘူးသီးတောင်မှ မွတ်စလင် တွေ လူ ဦးရေ တိုးဖွား နှုန်းများတယ်၊ မိန်းမ အများကြီး ယူတယ်၊ ယုတ္တိ တန်ရာ မရှိ လျှာမှာ အရိုး မရှိ၍ နှုတ် လျှာမှ ထွက်သမျှကို မဖုန်းသမ်း နေကြသည့် ပုဂ္ဂိုလ်ကြီး များမှ ပုဂ္ဂိုလ်ငယ် များအထိ မသိတာကို အသိလုပ်၊ မ ဟုတ် တာကို အဟုတ် ပြောင်းကြသည်မှ ဘာသာရေး အယူဝါဒ ကွဲပြားမှု တစ်ခုတည်း ကြောင့် လူ မျိုးတုံး နှိပ်ကွပ် သတ်ဖြတ်ပြီး၊ ကမ္ဘာမှာ သမိုင်း ရာဇ၀င် တွင်ပြီး အ၀ိစီ ငရဲ၌ ပြိတ္တာဘ၀ လိုအပ် နေကြ သလော။ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အထူး တာဝန် ပေးသော်လည်း လွတ်လပ်စွာ မေးမြန်းပြီး အ မှန် ကို ဖော်ပြခြင်း မရှိခဲ့ ရတာ မိစ္ဆာ ၀ါဒီ RNDP ဥက္ကဌ တိရိစ္ဆာန်ကု အေးမောင် နှင့် ထောင်ထွက် ALP အေး သာအောင် တို့ကို ကြောက်ပြီး ရေးချင် ရာရေး၊ လုပ်ချင်ရာ လုပ်ခဲ့သည်မှာ ကမ္ဘာက သိသွားပြီး ရခိုင်တို့၏ ခြိမ်းခြောက် မှုနှင့် လွှမ်းမိုးမှုက မြန်မာ တစ်နိုင်ငံလုံးကို လွှမ်းမိုး ထားသည်။ ၎င်းသည်လည်း ရခိုင် တို့၏ အစွမ်း အစပင် မဟုတ် ပါလော။ ယနေ့ နိုင်ငံတော်ကို အုပ်ချုပ် နေသော ထိပ်တန်း စစ်တပ် ခေါင်းဆောင် ကတော်သည် တောင်ကုတ် မြို့မှ ရခိုင် အစစ် ဖြစ်သည်။ ထိပ်တန်း အရေးပါ အရာ ရောက်သော ၀န်ကြီး ကတော်သည် လည်း ရခိုင် အမျိုးသမီး ဖြစ်နေ ပြန်သည်။ အရေး ပါသော ဒု-၀န်ကြီး အချို့နှင့် ညွှန် ကြားရေး မှူး ချုပ် တို့သည် ရခိုင် လူမျိုးများ တာဝန် ရယူနိုင် သဖြင့် လွှမ်းမိုး ချယ်လှယ် ချုပ်ကိုင်ရန် အလွန် ပင် အဆင်ပြေ ထိရောက်စွာ ဆောင်ရွက် နိုင်ပေသည်။ သူတို့ လုပ်ကြံ ပြောသမျှသည် မဟုတ်ကို အဟုတ်၊ မမှန်ကို အမှန် ပုံကြီးချဲ့ ၀ါဒဖြန့် စိုးမိုး နေကြသည်။

ကဲ သင်တို့ ၀ါဒဖြန့် မဟုတ် မမှန် လုပ်ကြံမှုကို စဉ်းစား တွေးတော ကြည့်ပါဦး။ ၁၉၄၂ ခုနှစ်တွင် မွတ်စလင် တို့ကို သတ်ဖြတ် မှုကြောင့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း တို့မှ အသက်လု ထွက်ပြေးပြီး ခိုကိုးရာ နေရာ မွတ်စလင် ညီအစ်ကိုများ နေထိုင်ရာ မောင်တော၊ ဘူးသီးတောင် သို့ ရောက်ရှိ နေထိုင် ကြရသည်။ မ.ဆ.လ ခေတ်တွင် တောင်ကုတ်၊ အမ်း၊ ဂွ တို့မှ မွတ်စလင် တို့ကို တိုက်ခိုက် မှုကြောင့် သံတွဲမြို့နှင့် ကျောက်ဖြူ မြို့သို့ ထွက်ပြေး ကြရသည်။ ၎င်းအပြင် ၁၉၉၃-၉၄ ခုနှစ် များတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော တို့မှ မွတ်စလင် များကို ရွာလုံးကျွတ် အတင်း အဓမ္မ မောင်တော ခရိုင်ကို ပြောင်းရွှေ့ စေပြီး နေထိုင်ရန် စီစဉ်ပေးမှု မရှိပဲ၊ ကျေးရွာ အုပ်စု တစ်စုလျှင် မိသားစု ၅၀ မှ ၁၀၀ အထိ အတင်း တိုးပေး ခဲ့သည်ကို သင်တို့ ကိုယ်တိုင် ဆောင်ရွက် ခဲ့ပြီး မေ့နေ သလော။ အတိတ်မေ့ ရောဂါများ အားလုံး နီးပါး ခံစားရ နေပြီလား။ ဤဖြစ်ရပ်တွေ သင်  တို့ နှုတ် ဆိတ် နေပေမယ့်၊ အမှန်တရား ဆိုတာ ဖျောက်ထား၍ မရနိုင်ပါ။ ၁၉၉၂ ခုနှစ်မှ စ၍ မောင်တော ခရိုင်တွင် န.စ.က အထူး တပ်ဖွဲ့ ဖွဲ့စည်း၍ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေဖြင့် နည်းမျိုး စုံ နှိပ်စက် ညှင်းပန်း ဆဲ ဒုက္ခပေး အကျဉ်း ထားသည့် ဤဒေသကို ဒီမိုကရေစီ ပွင့်လင်း နယ်မြေဟု များထင်နေ သလား။ ၁၉၉၂ ခုနှစ်မှ ယနေ့တိုင် နှစ်စဉ် ဆွဲ-တင်-စစ် များပြုလုပ်၍ လူဦးရေကို စီစစ်လျက် ရှိသည်။ ၁၉၉၂ မှ ယနေ့ထိ (၂၂) နှစ်တာ ကာလ အတွင်း မည်သည့် မိသားစုကိုမျှ အိမ်ထောင်စု စာရင်း ခွဲထုတ်၊ အသစ် ထုတ်ပေးခြင်း မပြုတာ ဘာကြောင့်လဲ ဆိုသည့် မေးခွန်း အရင် ဖြေပေးပါ။ ၂၂-နှစ်တာ ကာလ အတွင်း လူဦးရေ တိုးနှုန်းကို စနစ်တကျ ဆန့်စစ်ခြင်းရော ရှိသလား။ စိတ်ထင်ရာ မြင်ရာကို ရမ်းသမ်းပြီး အုပ်ချုပ် နေသော လူတန်းစားတွေ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်ပါ။

သင်တို့ အမြဲတမ်း ဥပမာ နမူနာ ပေးနေသော အလယ်သံကျော် ကျေးရွာမှ ဦးဆောဒူလ္လာ မိသားစု အကြောင်းကို အမှန်အတိုင်း ၀န်ခံရဲ ကြပါသလား။ ဗိုလ်ချုပ်သိန်းဌေး ခင်ဗျား မိသားစု အိမ်ထောင်စု စာရင်း တစ်ခုတည်းကို ကြည့်ပြီး ကမ္ဘာကို ကြေငြာ နေသည်မှာ ယုတ္တိရှိ၊ မရှိကို ဆန်းစစ် ခဲ့သလော။ ၎င်း မိသားစု များသည် အိမ်ခြေ (၁၄) လုံးဖြင့် သီးသီး ခြားခြား နေထိုင် သည်ကို အဘယ်ကြောင့် မမေးခဲ့ သလော။ အမှန် ဆိုလျှင် အိမ် (၁၄) လုံးအတွက် အိမ်ထောင်စု စာရင်း ၁၄-ခု ဖြစ်ရမည်။ အခုတော့ သင်တို့ရဲ့ လူမျိုးတုံး သတ်ဖြတ် နှိပ်ကွပ်ရေး အကောင် အထည် ဖော်နေခြင်းကို ဘယ်သောအခါမှ ၀န်ခံမည် မဟုတ် ဆိုတာကို အားလုံး သိရှိ ကြပါတယ်။ ကျွန်ုပ် မိတ်ဆွေ လက်ရှိ အစိုးရ ၀န်ထမ်း (မွတ်စလင်) မိသားစု တစ်စုကို မေးမြန်း ကြည့်ရာ သားသမီး (၆) ဦးသည် ကိုယ့်အိမ် ကိုယ့်ယာ မိသားစု ခွဲဖြင့် နေထိုင် သော် လည်း အိမ်ထောင်စု စာရင်း ခွဲးပေးမှု မရှိခြင်းကြောင့် မိဘများ အိမ်ထောင်စု စာရင်း တစ်ခုတည်းတွင် အားလုံး ပါဝင်ရပြီး မိသားစု ဓါတ်ပုံဟု ခေါ်သော ဆွဲ-တင်-စစ် တွင် ဓါတ်ပုံ ရိုက်ကြ ရပါသည်။ အမှန် စင်စစ် ၎င်းတို့ သည် အိမ်တစ်အိမ် ထဲတွင် နေထိုင်ခြင်း မဟုတ်ပါ။ လက်ရှိ နိုင်ငံတော် အစိုးရ ၀န်ထမ်း ကိုတောင် ဤသို့ ဖိနှိပ်လျှင် အခြားသူ များကို တည့်တွက် စဉ်းစား ကြည့်ကြပါ အုပ်ချုပ်ရေး လူကြီးမင်း တို့ခင်ဗျား .....

Comment ရေးရန်

Rohingya Exodus