နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗြိတိန် ၀န်ကြီးချုပ်မှ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာ အရေးကို အလေးထား၍ ပြောကြား

(ဓါတ်ပုံ - AP)
RB News
16.7.2013

လန်ဒန် ။ ။ ဗြိတိန် နိုင်ငံသို့ တရားဝင် အလည် အပတ် ခရီး ရောက်ရှိ နေသော မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွှန်းတို့ ယမန်နေ့ ဇူလိုင်လ (၁၅) ရက် တွင် ဗြိတိန် နိုင်ငံ ၀န်ကြီးချုပ်ရုံး ရှိရာ အမှတ် (၁၀) ဒေါင်းနင်း လမ်းတွင် တွေ့ဆုံ ခဲ့သည်။ 

ထိုသို့ တွေ့ဆုံရာတွင် ဗြိတိန် ၀န်ကြီးချုပ်မှ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတ မည်ဟု မျှော်လင့်ကြောင်း၊ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရွေးချယ် တင်မြှောက်ခံ နိုင်ခွင့် ရရန် လိုအပ်သည့် အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန် အလေး အနက် ပြောကြား ခဲ့သည်။ 

ထို့အပြင် မြန်မာ နိုင်ငံရှိ ရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်၍ ဗြိတိန် ၀န်ကြီးချုပ်မှ ရခိုင် ပြည်နယ်၏ အခြေ အနေများကို အမြန်ဆုံး တည်ငြိမ် အောင် ပြုလုပ်ရန် လိုကြောင်း၊ ရိုဟင်ဂျာ မွတ်စလင် များ၏ အခွင့် အရေး များကို ကာကွယ် ပေးရန် လိုအပ်ကြောင်းကို အလေး အနက်ထား ပြောကြား ခဲ့သည်။ ရိုဟင်ဂျာ မွတ်စလင် များကို ကလေး နှစ်ယောက်သာ မွေးရမည်ဟု ကန့်သတ်သည့် အမိန့်ကိုလည်း ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ကိုလည်း ၎င်းမှ ပြောကြား ခဲ့ကြောင်း ဗြိတိန် နိုင်ငံ အစိုးရ၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြ ထားပါသည်။ 

နှစ်နိုင်ငံ ခေါင်းဆောင် များမှ ဗြိတိန် နိုင်ငံနှင့် မြန်မာ နိုင်ငံ အကြား ဆက်ဆံရေး တိုးမြှင့်ရေးများ၊ ပညာရေး ဆိုင်ရာများ၊ ကာကွယ်ရေး ဆိုင်ရာများ၊ အင်္ဂလိပ်စာ သင်ကြားရေး စင်တာများနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ များကိုလည်း အကျယ်တ၀န့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus