သမ္မတ ဦးသိန်းစိန်အား လန်ဒန်မြို့၌ ဆန္ဒပြ
RB News
16.7.2013
လန်ဒန် ။ ။ ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိ နေသော မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ကိုယ်စား လှယ် အဖွဲ့အား ဗြိတိန် ၀န်ကြီးချုပ် အိမ်ရှေ့နှင့် ပါလီမန် ရှေ့တို့တွင် လန်ဒန်မြို့ အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားသူများ၊ မြန်မာ့ အရေး စိတ်ဝင်စား သူများ၊ ရိုဟင်ဂျာများနှင့် မြန်မာ မွတ်စလင် များက ဇူလိုင်လ (၁၅) ရက်နေ့က မြန်မာ နိုင်ငံတွင် လူ့အခွင့် အရေး ချိုးဖောက် နေမှု များနှင့် ပတ်သက်၍ ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ်၍ ဆန့်ကျင် ကန့်ကွက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဆန္ဒပြပွဲကို AVAAZ.org မှ ဦးစီး ကျင်းပ ခဲ့ပြီး၊ AVAAZ.org မှ မြန်မာ နိုင်ငံတွင် လူမျိုးတုန်း သတ် ဖြတ် ခံနေရသော ရိုဟင်ဂျာ များအတွက် “Cameron: Don’t let Burma become the next Rwanda” အမည်ဖြင့် လက်မှတ် စုဆောင်းသည့် လှုပ်ရှားမှု တစ်ရပ် ပြုလုပ် ခဲ့သည်။ အချိန်တို အတွင်း၌ လက် မှတ်ပေါင်း တစ်သန်း ကျော်ကို နိုင်ငံတကာမှ စုဆောင်း ခဲ့သည်။
ဆန္ဒပြပွဲသို့ လန်ဒန်မြို့ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း များဖြစ်သည့် Arakan National Rohingya Organisation (ARNO) နှင့် Burmese Rohingya Organisation UK တို့တက်ရောက် ခဲ့ပြီး၊ Burmese Muslim Association UK နှင့် Burma Campaign UK တို့လည်း တက်ရောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဆန္ဒပြပွဲ များသည် လန်ဒန်မြို့တွင် အကြီးကျယ်ဆုံး ဆန္ဒပြပွဲများ ဖြစ်ခဲ့ကြောင်း သိရှိ ရသည်။ သမ္မတ ဦးသိန်းစိန်သည် လန်ဒန်မြို့မှ တစ်ဆင့် ပြင်သစ် နိုင်ငံ၊ ပါရီမြို့သို့ ခရီးဆက် မည်ဖြစ်ပြီး၊ ပါရီ မြို့တွင်လည်း မြန်မာ့ အရေး လှုပ်ရှားသူ များနှင့် ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များမှ ဆန္ဒပြမည်ဟု သတင်း ရရှိပါသည်။
ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့တွင် ပါရီမြို့၌ ဦးသိန်းစိန်၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာ့ အရေး လှုပ်ရှား သည့် ပြင်သစ် နိုင်ငံသား များမှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်မည် ဖြစ် သည်။ ပြင် သစ် နိုင်ငံ ရှိ ရိုဟင်ဂျာ အရေး လှုပ်ရှားသော ပြင်သစ် နိုင်ငံသား များမှ လက်မှတ် စုဆောင်းခြင်း လှုပ်ရှားမှု တစ်ရပ် ကို ကြိုတင် ပြုလုပ် ထားပြီး အဆိုပါ လက်မှတ် များကို ပြင်သစ် နိုင်ငံ အစိုးရသို့ လွှဲပြောင်း ပေး မည် ဖြစ် ပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန်အား ရိုဟင်ဂျာ လူမျိုးများ အပေါ် လူမျိုးတုန်း သတ်ဖြတ်နေခြင်းများ ရပ်တန့် ရန် ပြင်သစ် အစိုးရမှ တဆင့် ဖိအားပေး သွားမည်ဟု သိရှိ ရပါသည်။
လန်ဒန်မြို့ ဆန္ဒပြပွဲ ဓါတ်ပုံ များကို ဤနေရာတွင် ကြည့်ရှု နိုင်ပါသည်။ http://on.fb.me/17hbC3X