April 11, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရဲများမှ ရိုဟင်ဂျာ ဘာသာရေး ပညာရှင် တစ်ဦးကို အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်

မောင်အာသာ
RB News
18.7.2013

မောင်တော ။ ။ ယမန်နေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းက ရိုဟင်ဂျာ ဘာသာရေး ပညာရှင် တစ်ဦး ဖြစ်သူ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချာ ကျေးရွာနေ ဦးအဗဒူလ္လာ (အသက် ၂၈ နှစ်) အား ရခိုင် ရဲများမှ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ ထိုသို့ ရိုက်နှက် နှိပ်စက်သော ရဲများမှာ ၀ါးချာ ကျေးရွာ အနီးရှိ မြ၀တီရွာတွင် စခန်းချ ထားသော ရဲများ ဖြစ်ကြောင်း သိရှိရသည်။ 

“ဦးအဒူရှကူရ် ရဲ့သား ဦးအဗဒူလ္လာ(အသက် ၂၈ နှစ်)ဖြစ်ပါတယ်။ သူကတော့ အပြစ်မဲ့ ဘာသာရေး ပညာရေး တစ်ယောက် ဖြစ်ပြီးတော့ ကောင်းကောင်း မွန်မွန် နေတဲ့ လူငယ် တစ်ဦးပါ။ ဒီနေ့ မနက် ရဲ အရာရှိ သုံးယောက် ၀ါးချာရွာကို ရုတ်တရက် ၀င်ရောက် စီးနင်း ပြီးတော့ သူ့ကို ဘာအကြောင်း ပြချက်မှ မရှိဘဲ ဖမ်းတယ်။ ပြီးတော့ လက်ထိပ်ခတ်ပြီး၊ ရိုက်နှက်တယ်။ ရွာသားတွေ ရှေ့မှာဘဲ သူ့ရဲ့ အင်္ကျီကို ဆွဲ ချွတ် ပစ်လိုက်တယ်။ သူ့ကို ရဲစခန်းကို ဆွဲခေါ် သွားနေတဲ့ အချိန်မှာဘဲ လမ်းမှာ ထွက်ပြေး နိုင်အောင် ကြိုး စားပြီး ထွက်ပြေး သွားတယ်။ အဲဒီ ရဲတွေ ကတော့ အနားက မြ၀တီရွာမှာ စခန်းချတဲ့ ရဲတွေပါ” ဟု ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။ 

အဆိုပါ ရွာသားမှ ဆက်လက်၍ “နောက် နာရီပိုင်း ကြာတော့ ရဲ ၁၅ ယောက်လောက် ရွာကို တစ်ခါ ထပ်ပြီး ၀င်စီးတယ်။ ရွာထဲရှိတဲ့ ကလေး၊ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ တွေ့သမျှ လူတွေကို ရိုက်တယ်။ ပြီးတော့ မျက်စိရှေ့ တွေ့သမျှ ပစ္စည်း ငွေကြေး တွေကို လုတယ်။ ပြီးတော့ အဲဒီလူ ဘယ်မှာ ပုန်းနေလဲ ဆိုတာ မပြောရင် ဒီနေ့လို့ဘဲ မနက်ဖြန် ထပ်ပြီး လာလုပ်မယ်လို့ ခြိမ်းခြောက် သွားတယ်။ ကျွန်တော်တို့ ကတော့ အဲဒီလူ ဘယ်မှာ ပုန်းနေလဲ ဆိုတာ မသိပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ထပ်ပြီး အကြမ်းဖက် ခံရမှာကို အတော်လေး စိုးရိမ် ပူပန်နေ ရတယ်” ဟုပြော ပါသည်။ 

နယ်စပ် ဒေသ လူဝင်ကြီးကြပ် ရေးကွပ်ကဲမှု ဌာနချုပ် (နစက) ဖျက်သိမ်း လိုက်သည့် အချိန်မှ စ၍ ရခိုင် အစွန်းရောက် များစွာ ရှိသော ရဲများမှာ လုပ်ပိုင်ခွင့် အာဏာ အားလုံးကို ရရှိပြီး ရိုဟင်ဂျာ လူမျိုးများကို နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ်စက် လျက်ရှိကြောင်း သိရှိ ရပါသည်။ နစက ဖျက်သိမ်း ပြီးနောက် ရဲများမှာ ယ ခု ကဲ့သို့ ဆိုးရွားစွာ၊ လူမဆန်စွာ ဖြစ်လာမည်ကို မျှော်လင့် သည့်အတိုင်း ဖြစ်လာသည်ဟု ဒေသခံ များ က ဆိုသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus