နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အစွန်းရောက် ကျောင်းဆရာ တစ်ဦးမှ ဘာသာရေး ကျောင်းအုပ်ကြီး တစ်ဦးကို ဂျင်ဂလိဖြင့်ပစ်

RB News
18.7.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာမှ အစ္စလာမ် ဘာသာရေး ကျောင်း အုပ်ကြီး တစ်ဦးအား ရခိုင် အစွန်းရောက် ကျောင်းဆရာ တစ်ဦးမှ ဂျင်ဂလိဖြင့် ပစ်ခတ်ရာ ဒဏ်ရာ ရရှိ သွားကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ (ဇူလိုင်လ ၁၇) ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် အလယ်သံကျော်မှ ဆေးဝါး ကုသမှု ခံယူပြီး ပြန်လာသော အစ္စလာမ် ဘာသာရေး ကျောင်းအုပ်ကြီး မော်လာနာ ဦးမိုဟာမတ် ဇူဘိုင်ရ် ကို ရခိုင် အစွန်းရောက် ကျောင်းဆရာ တစ်ဦးက အလယ်သံကျော် အထက်တန်းကျောင်း ခြံဝင်းထဲမှ ဂျင်ဂလိဖြင့် ပစ်ခတ်ရာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

“ဆရာကြီး မော်လာနာ ဦးမိုဟာမတ် ဇူဘိုင်ရ်က နေမကောင်းလို့ အလယ်သံကျော်မှာ ဆေးလာ ကုတာ ပါ။ ဆေးကုပြီး တပည့် တစ်ယောက်က ဆိုင်ကယ် မောင်းတယ်။ ဆရာကြီးက နောက်မှာ ထိုင်တယ်။ အထက်တန်း ကျောင်းရှေ့ ရောက်တော့ ခြံဝင်းထဲက ကျောင်းဆရာ တစ်ယောက်က ဆရာကြီးကို ဂျင်ဂလိ နဲ့ ပစ်တယ်။ ဂျင်ဂလိက ဆရာကြီးရဲ့ ဦးခေါင်းကို တိုက်ရိုက် ထိပြီး ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။ 

ထိုသို့ ပစ်ခတ် ခံရသည်ကို အလယ်သံကျော်မှ ရွာသား များတွေ့ရှိပြီး အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးကို သွားရောက် တိုင်တန်း ခဲ့ကြောင်း သိရပါသည်။ 

“တမင် သက်သက် ပဋိပက္ခဖြစ်အောင် ရန်စပြီး ပစ်တာကို အထက်တန်းကျောင်း ကျောင်းအုပ်ကြီးက မတော်မ ဆ ဖြစ်တာ ပါလို့ ပြောတယ်။ ပြီးတော့ သူ့ရဲ့ ကျောင်း ဆရာကို ဆုံးမ မယ်လို့ ပြောပြီး သွား တိုင် တဲ့ သူတွေ ကို ပြန်လွှတ် လိုက်တယ်” ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။ 

အကယ်၍ ယခုကဲ့သို့ ပြစ်မှုကို အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ တစ်ဦးဦးက ကျူးလွန်မိ ပါက ထောင်ဒဏ် ၁၀ နှစ် အထက် အပြစ်ပေးခံ ရမည်မှာ သေချာ ပါသည်။ သို့သော်လည်း ပြစ်မှု ကျူးလွန်သူမှာ ရခိုင် လူ မျိုး ဖြစ်သောကြောင့် ရဲစခန်းသို့ သွားရောက် တိုင်တန်းလျှင်လည်း အရေးယူမည် မဟုတ်သည်ကို သိရှိ ၍ ကျောင်းအုပ် ဆရာကြီး၏ ကျေအေး စကားကို လက်ခံခဲ့ ရပြီး အမှုမဖွင့်ခြင်း ဖြစ်ကြောင်း ဒေသခံ ရွာ သားမှ ဆက်လက် ပြောပါသည်။


Comment ရေးရန်

Rohingya Exodus