နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
နေပြည်တော် ဇူလိုင် ၂
မိဘ ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေ အနေ များကို မိဘ ပြည်သူ များထံ ရေဒီယိုမှ တစ်ဆင့် အသိပေး ပြော ကြား နေကျ ဖြစ်တဲ့ အတိုင်း ဇွန်လ အတွင်း မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များကို ပြောကြား ရခြင်း ဖြစ် ပါတယ်။
ကျွန်တော်တို့ ဆောင်ရွက် နေတဲ့ ပြုပြင် ပြောင်းလဲရေး များအနက် ပြည်သူ တွေရဲ့ အဓိက လိုအင် ဆန္ဒ တစ်ရပ် ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဖော်ဆောင် နိုင်ဖို့ ခေတ်မီ အမျိုးသား စီးပွား ပုံစံချခြင်း ဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်း အကောင် အထည် ဖော်နေတာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ ဒီကြိုးပမ်း မှုများရဲ့ ဆောင်ရွက်မှု တစ်ခု အဖြစ် မြန်မာ နိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက် နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူ များကို မြန်မာ နိုင်ငံ အကြောင်း ပိုမို သိရှိ လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ ဒီဖိုရမ်ကို မြန်မာ နိုင်ငံ အနေနဲ့ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ တာဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊ အစည် ကားဆုံး ဖိုရမ် အဖြစ် ကျင်းပ နိုင်ခဲ့တာ ကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူ စရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကိုတက်ရောက်လာကြတဲ့ကမ္ဘာတစ်လွှားကထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင် များနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးပါ လာမယ့် လူငယ် ခေါင်းဆောင် တွေ ဟာ မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး များနဲ့ ပတ်သက်ပြီး တက်တက် ကြွကြွ ပါဝင် ဆွေးနွေး ခဲ့ ကြတာကို မိဘ ပြည်သူများ တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့ အသိုင်း အဝိုင်းကို ဝင်ရောက် ဖို့ ကြိုးပမ်း နေတဲ့ မြန်မာ နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကမ္ဘာကြီး ကလည်း အထူး စိတ်ဝင် တစား ရှိနေတယ် ဆိုတာကို သက်သေ ပြနေတာ ဖြစ်ပါတယ်။ ဖိုရမ်ရဲ့ ခေါင်းစဉ် ဖြစ်တဲ့ ပေါင်း စည်း ဆောင်ရွက် ခြင်း ရဲ့ အားတွေ ဆိုတဲ့ ရည်ရွယ်ချက် ဟာလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျွန်တော် တို့ ဆောင်ရွက် နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတများ မျှဝေ သုံးစွဲရေး စတဲ့ ဖြစ် စဉ် တွေနဲ့လည်း တိုက်ဆိုင် နေတာကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဒီဖိုရမ် ဖြစ်မြောက်ရေး အ တွက် ဦးဆောင် ကြိုးပမ်း ခဲ့ကြတဲ့ တာဝန်ရှိ သူများ၊ ပညာရှင်များ၊ ဝန်ထမ်း များနဲ့ စေတနာ့ ဝန်ထမ်း တက္ကသိုလ် ကျောင်းသူ ကျောင်းသား များရဲ့ ဝါယမစိုက် ဆောင်ရွက် မှုတွေကို ကျွန်တော့် အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု ကျေးဇူးတင် ရှိပါကြောင်း ပြောကြား လိုပါတယ်။
ဇွန်လ အတွင်းမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံ အတွက် စိတ်မကောင်း စရာ ဖြစ်ခဲ့ရတဲ့ ကိစ္စ ကတော့ မလေး ရှား နိုင်ငံမှာ သွားရောက် အလုပ်လုပ် ကိုင်နေ ကြတဲ့ မြန်မာ နိုင်ငံသား တချို့ တိုက်ခိုက် ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့် အနေနဲ့ ထိခိုက် နာကျင် ခဲ့ရတဲ့ စိုးရိမ် ပူပန်မှုတွေ ဖြစ်ခဲ့ ကြရတဲ့ မိသားစု များနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်း မိပါကြောင်း ဦးစွာ ပြောကြား လိုပါတယ်။ ဒီဖြစ်ရပ် ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာ အဖြစ် ရယူရမယ့် ကိစ္စ ကတော့ နိုင်ငံ တွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ် ယုံကြည်မှုကို ခုတုံး လုပ်ပြီး လူတစ် စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုး စီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင် မှု တွေကြောင့် ပေါ်ပေါက် ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ် တွေဟာ ပြည်ပ နိုင်ငံ များ မှာ ရောက် ရှိ နေကြ ထိုင်ကြရတဲ့ ကျွန်တော် တို့ရဲ့ နိုင်ငံသား များကို မလုံခြုံမှု တွေနဲ့ စိုးရိမ် သော ကတွေ ဖြစ်စေ ခဲ့ တယ် ဆို တာ ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံ တွင်းမှာ တစ်ဖက်နဲ့ တစ် ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော် ဆောင်ရွက်မှု တွေကို ဥပဒေနဲ့ အညီ ထိ ထိ ရောက်ရောက် အရေး ယူ ဆောင် ရွက် ဖို့နဲ့ ထပ်မံ ပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ် တားဆီးဖို့ အရှိန် အဟုန်မြှင့် ကြိုးပမ်း ကြ ရမှာ ဖြစ် သလို ပြည်ပ နိုင်ငံများ မှာ ရောက်ရှိ နေထိုင် ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားများ အထူး သဖြင့် ပြည်ပမှာ ခက်ခက် ခဲခဲ ရုန်းကန် နေကြရတဲ့ မြန်မာ များရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ် စောင့်ရှောက် မှု တွေကို ထိရောက်စွာ ပေးနိုင်ဖို့ အတွက် ပြည်ပ နိုင်ငံ များမှာ အခြေစိုက်တဲ့ မြန်မာ သံရုံး များရဲ့ စွမ်းဆောင် ရည် တွေကို မြှင့်တင် တိုးချဲ့ ဆောင်ရွက် သွားရမယ် ဆိုတာ ကိုလည်း အထူး ဂရုပြုမိ ပါတယ်။ ဒီဖြစ် ရပ်မှာ မြန်မာ့ ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့ အမျိုးသားချင်း စောင့်ရှောက် ကူညီမှု၊ ပုဂ္ဂိုလ် တစ် ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှု ကနေ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ လူမှုရေး အဖွဲ့ အစည်းများ၊ စီး ပွားရေး လုပ်ငန်းရှင် များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှု တွေကို တွေ့မြင် ရတဲ့ အတွက် ဝမ်းမြောက်ကြောင်း ပြောကြား လိုပါတယ်။
အလုပ်သမား ကိစ္စရပ် များနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ နိုင်ငံ စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အတား အဆီးလို ဖြစ်နေ ခဲ့တဲ့ နိုင်ငံ တကာ ပိတ်ဆို့ အရေး ယူမှုတွေ ရုပ်သိမ်း သွားစေဖို့ ကျွန်တော်တို့ အစိုးရ အနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက် နေတယ် ဆိုတာ မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။ ယခုလ အတွင်းမှာ အပြည်ပြည် ဆိုင်ရာ အလုပ် သမား အဖွဲ့ ILO က မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ အရေးယူ ကန့်သတ်မှုများ အားလုံးကို ရုပ်သိမ်း ပေးလိုက်ပြီး တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင် နိုင်ငံ အဖြစ် ပြန်လည် အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု တွေကို စားပွဲ ဝိုင်းမှာ မျက်နှာ စုံညီ အဖြေရှာ ဆွေးနွေး လာနိုင် တာတွေ၊ အလုပ်သမား အခွင့်အရေး ကို ကာကွယ် ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင် တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ ဖွဲ့စည်းခွင့် ရလာ တာတွေနဲ့ အဓမ္မ လုပ်အားပေး စေခိုင်းမှု တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာ တာတွေကြောင့် အခုလို ILO ရဲ့ ကျန်ရှိ နေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်း လိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ILO ရဲ့ တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင် နိုင်ငံ ပြန်ဖြစ်လာ တာဟာ မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သာမကဘဲ မြန်မာ အလုပ်သမား များရဲ့ အခွင့်အရေး များကို အကာအကွယ် ပေးနိုင်ဖို့ များစွာ အထောက် အကူ ပြုမှာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံရဲ့ လူအများစု ကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဘာသာ အပေါ်မှာ ကမ္ဘာက အထင် အမြင် လွဲ မှားစေပြီး မြန်မာ နိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင် ဟပ် ခြင်းမရှိတဲ့ ပုဂ္ဂိုလ် အနည်းစုရဲ့ လုပ်ဆောင်မှု တွေကို ဇောင်းပေး ဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ပြည်သူများ အကြား အငြင်းပွား မှုတွေ၊ သဘောထား ကွဲလွဲမှုတွေနဲ့ စိတ်ထိခိုက် ခဲ့ရမှုတွေ ဖြစ်ခဲ့ကြ ရတာတွေကို ကြားသိခဲ့ရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက် ကတော့ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ကို စတင် လျှောက်လှမ်း နေတဲ့ အစိုးရ တစ်ရပ် အနေနဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်လုံးမှာ ပါဝင်သူ အားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာ များရဲ့ ပြောဆို ရေးသားမှု များထဲမှာ မတူညီသော သဘောထား အမြင် များကို နားလည် လက်ခံ ပါတယ်။ ကျွန်တော့် အနေနဲ့ မိမိတို့ လူ့အဖွဲ့ အစည်း အတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည် ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ် တစိုက် ကြိုးပမ်း ဆောင်ရွက် နေတယ် ဆိုတာကို သိရှိ ကြပြီးလည်း ဖြစ်ပါတယ်။
သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ ဓလေ့ ထုံးစံ တစ် ရပ်အဖြစ် ခံယူ ထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများ အတွက် အကျိုး မရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံး အမ အတိုင်း လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံး ကြတဲ့ အခါ မြန်မာ့ လူ့အဖွဲ့ အစည်း လက်ရှိ ရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျော ညီထွေ ရှိဖို့ လိုသလို အပြု သဘော ဆောင်တဲ့ ကျင့်သုံးမှုများ ဖြစ်ဖို့ လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ ဒါကြောင့် တိုင်းမ် မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက် တွေဟာ အပြု သဘော ဆောင်သော ချဉ်းကပ်မှု၊ ပြည်သူ လူထု အများစု နားလည် လက်ခံ ပေးနိုင်မယ့် တင်ပြခြင်း မျိုးနဲ့ မြန်မာ နိုင်ငံမှာ ဖြစ်ပွား လျက်ရှိတဲ့ ပဋိပက္ခ များကို ငြိမ်းအေး စေသော ရည်ရွယ်ချက် များဖြစ်အောင် အာရုံ စိုက်သင့် တယ်လို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း လိုပါတယ်။ အထူး သဖြင့် နိုင်ငံ တကာ မီဒီယာ များကို ပြောကြား လိုတာ ကတော့ ကျွန်တော်တို့ လုပ်ဆောင် နေတဲ့ ပြုပြင် ပြောင်းလဲရေး များရဲ့ တခြား မျက်နှာစာ တစ်ဖက် မှာ ကြီးမားသည့် စိန်ခေါ် မှုများ၊ သမိုင်း ဖြစ်ရပ် များ၏ အရိပ်မည်း များနဲ့ မိမိတို့ လူ့အဖွဲ့ အစည်းရဲ့ သံသယ ကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ် ထည့်သွင်း စဉ်းစား စေလိုကြောင်း ပြောကြား လိုပါတယ်။ အထူး သဖြင့် မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်း မှုများနဲ့ ဒီမိုကရေစီ အရေး တည်ဆောက်မှု များကို တိုင်းတာတဲ့ အခါမှာ ၂၆ လသာ သက်တမ်း ရှိသေးတဲ့ ကာလနဲ့ လိုက်လျော ညီထွေ ရှိမယ့် တိုင်းတာ မှုမျိုး ဖြစ်သင့် ပါတယ်။
ဇွန်လ အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြား လိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ် ခဲ့ပါတယ်။ KNU အဖွဲ့ အစည်းနဲ့ KNPP အဖွဲ့ အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင် နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေး နိုင်မယ့် ယုံကြည်မှု တည်ဆောက် ခြင်းများကို တိုးမြှင့် နိုင်ခဲ့ ပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုး တက် မှုများ ရရှိလာ ခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလား တောင့်တ နေကြတဲ့ ရေရှည် တည် တံ့တဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စ တစ်စ ပုံပေါ် နီးကပ် လာပြီ ဆိုတာကို ဝမ်းမြောက် ဖွယ် တွေ့ရှိ ရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မိဘ ပြည်သူ များရဲ့ အဓိက လိုအင် ဆန္ဒ နှစ်ရပ် ဖြစ် တဲ့ ကောင်း မွန်စွာ စီးပွား ရှာဖွေ လုပ်ကိုင် နိုင်ရေးနဲ့ လုံခြုံမှု ရှိရှိ ဘဝ ရပ်တည် နေထိုင် နိုင်ရေး ဆိုတဲ့ အ ချက်တွေကို ကောင်းစွာ သဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေ အတွက်ပါ ပိုမို ကောင်းမွန် ပြည့် စုံတဲ့ ဘဝတွေ ပိုင်ဆိုင် လာကြဖို့ အတွက် ရေရာ သေချာတဲ့ အနာဂတ် တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘ ပြည်သူများ ကျန်းမာကြပါစေ။
မူရင်းလင့်ခ် ။ ။ http://bit.ly/12aUZCn