နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြားမြို့နယ် အတွင်းက ကျေးရွာ ၂၄ ရွာမှာ ရေလွှမ်း


28.7.2013

ရခိုင် ပြည်နယ်မှာ အခု ရက်ပိုင်း အတွင်း မိုးအဆက် မပြတ် ရွာသွန်း မှုကြောင့် မင်းပြား မြို့နယ် အတွင်း က မြစ်ကမ်းနဲ့ နီးတဲ့ ကျေးရွာပေါင်း၂၄ ရွာလောက် ရေလွှမ်း နစ်မြုပ် နေတယ်လို့ သိရှိရ ပါတယ်။

အဓိက ရေနစ် မြုပ်မှုနဲ့ ကြုံနေ ရတဲ့ ကျေးရွာတွေ ကတော့ မင်းပြား မြို့နယ်က မင်းဘူးချောင်း တစ်လျှောက် မှာ ရှိတဲ့ ဒုံးပါး၊ ရှမ်းဆိပ်၊ တောတန်း၊ တံခွန်တိုင်၊ ဖုန်သာချောင်း၊ ပြင်ချောင်း၊ ကုလား မတောင်စ တဲ့ကျေး ရွာ ကနေ အထက်ပိုင်း ရွှေကျန် အထိ ကျေးရွာပေါင်း ၂၄ ရွာဖြစ်ပါတယ်။

အခုလို ရေနစ်မြုပ်မှု ဖြစ်ပေါ် နေတဲ့ ကျေးရွာ တွေဟာ မြေနိမ့်ပိုင်း ကျေးရွာတွေ အများဆုံး ဖြစ်ပြီး ရေဘေး ဒုက္ခ ရောက်သူ တွေဟာ နီးစပ်ရာ ကုန်းမြင့်တွေ၊ ဘုန်းတော် ကြီးကျောင်း တွေနဲ့ ခြေတံရှည် အိမ်တွေ ဆီ ကို ရွှေ့ပြောင်း နေထိုင် နေကြ ရတယ်လို့ သိရ ပါတယ်။

ရခိုင် ပြည်နယ် အတွင်း မိုးအဆက် မပြတ် ရွာသွန်း နေပြီး အမ်းမြို့နယ် မှာလည်း ကား လမ်းတွေ ရေ လျှံ နေတဲ့ အတွက် ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက် နေတယ် လို့လဲ စုံစမ်း သိရှိရ ပါတယ်။

Comment ရေးရန်

Rohingya Exodus