March 13, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ၁၀/၂၀၁၃ ကိုပြည်ပရောက် NDPHR မှတုန့်ပြန်


ပြည်ထောင်စု သမ္မတ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် အပေါ် ပြည်ပရောက် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ၏ တုန့်ပြန်ချက်

နေ့စွဲ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်
စာအမှတ် NDPHR (IE) ၀၀၃/၂၀၁၃

ပြည်ထောင်စု သမ္မတ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်ကို တွေ့ရှိရ ပါသည်။ 

အမှန်စင်စစ်မှာ ဤသတင်း ထုတ်ပြန် ချက်သည် ရှေ့နောက် မညီသော အပြော အဆို များနှင့် ယုတ္တိ ယုတ္တာမရှိ၊ မှားယွင်းသော သတင်း များဖြင့် မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ကမ္ဘာကို လိမ်လည် လှည့်ဖျားရန် ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်ကြောင်း နားလည် သိရှိ ရပါသည်။ 

၁။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် “နိုင်ငံသား အားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာ တို့ကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ရှိသည့်” ဟုရေးသား ထားသည်။ အမှန် စင်စစ်မှာ ချင်းပြည် နယ်တွင် ချင်းလူမျိုးများ လက်ဝါး ကပ်တိုင် စိုက်ထူ ပိုင်ခွင့် မရှိခြင်းနှင့် အစ္စလာမ် ဘာသာ ၀င်များ ရာနှင့်ချီ၍ သတ်ဖြတ် ခံရခြင်း၊ ဗလီပေါင်း အလုံး ရေရာနှင့် ချီ၍ မီးရှို့ ဖျက်စီး ခံရခြင်း တို့သည် လက်တွေ့တွင် မြန်မာ နိုင်ငံ၏ ဘာသာရေး လွတ်လပ်ခွင့် ဘယ်လောက် ကင်းမဲ့ နေသည်ကို ပြသ နေပါသည်။ 

၂။ သတင်း ထုတ်ပြန် ကြေညာ ချက်တွင် ရခိုင် ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော လူမျိုးရေး တိုက်ခိုက်မှု များကို “လူမှု အသိုင်း အ၀ိုင်း နှစ်ခု အကြား၊ ဖြစ်ပျက် ခဲ့သော အကြမ်းဖက်မှု” မိထ္ထီလာ မြို့နှင့် ပဲခူးတိုင်း တို့တွင် ဖြစ်ပွား ခဲ့သော တိုက်ခိုက်မှု များကို “အုပ်စုချင်း အကြမ်းဖက် လုပ်ရပ်” ဖော်ပြ သည်ကို တွေ့ရသည်။ 

အမှန် စင်စစ်မှာ အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အချို့၏ သွေးထိုး လှုံ့ဆော် မှုကြောင့် လူများစု ဗုဒ္ဓဘာသာ ၀င်များက လူနည်းစု အစ္စလာမ် ဘာသာ ၀င်များ၏ အသက် အိုးအိမ် စည်းစိမ်၊ ဗလီ၊ စာသင် ကျောင်းတို့ကို အင်အားသုံး အတင်း အဓမ္မ တဖက်သတ် ၀င်ရောက် တိုက်ခိုက် ဖျက်စီးမှု သက်သက်သာ ဖြစ်သည်။ အုပ်စု အချင်းချင်းသော် လည်းကောင်း၊ ဘာသာ အချင်းချင်းသော် လည်းကောင်း၊ ရင်ဆိုင် တိုက်ခိုက် ကြသော အသွင် သဏ္ဍန်မျိုး မဟုတ်ပါ။ သို့သော်လည်း သမ္မတရုံးမှ ဤကဲ့သို့ ပုံဖော် ရေးသား သည်မှာ ရိုးသားမှု မရှိ၊ မိမိတို့ ဗုဒ္ဓဘာသာကို အကာအကွယ် ပေးလို၍သာ လိမ်လည် ရေးသားခြင်း ဖြစ်သည်။ 

၃။ အဆိုပါ ကြေညာချက်တွင် “ဤဖြစ်စဉ်များ အကြမ်းဖက် မှုများကို အမြန်ဆုံး ရပ်တန့် ရန်နှင့် တရား ဥပဒေ စိုးမိုးရေးကို အချိန် အတို အတွင်း ပြန်လည် ထိန်းသိမ်း ဆောင်ရွက် ခဲ့ပါသည်။”၊ “ဥပဒေ ချိုးဖောက် သူများ ကိုလည်း မည်သည့် လူမျိုးနှင့် ဘာသာဝင် မဆို ခွဲခြားခြင်း မပြုဘဲ ကျူးလွန်သည့် ပြစ်မှု အတိုင်း အတာ အရ ဥပဒေနှင့် ညီညွှတ်သော ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ပါသည်” ဟု ရေးထား သည်ကို တွေ့ရ ပါသည်။

ဤအချက်မှာ လုံးဝ မှန်ကန်မှု မရှိပါ။ ပဋိပက္ခ စတင် ဖြစ်ပွား ခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ မွတ်စလင် များအပေါ် အကြမ်းဖက် မှုများ တစ်နိုင်ငံလုံး လိုလိုတွင် တစ်ခုပြီး တစ်ခု ၂၀၁၃ ဇွန်လအထိ ဆက်တိုက် ဖြစ်ပွား ခဲ့ပါသည်။ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် မှုများကို ချက်ခြင်း ရပ်တန့်အောင် လုံးဝ (လုံးဝ) ဆောင်ရွက် ခဲ့ခြင်း မရှိခဲ့ပါ။ ထို့အပြင် ထိုအကြမ်း ဖက်မှု ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း များကို လည်းကောင်း၊ လှုံ့ဆော်သူ များကို လည်းကောင်း ယခု အချိန် အထိ တားဆီးခြင်း အရေးယူ အပစ် ပေးခြင်း လုံးဝ မရှိပါ။ တောင်ကုတ် လူသတ်ပွဲ၏ အဓိက တရားခံ များကိုလည်း ယခု အချိန်ထိ ဖော်ထုတ် အပြစ် ပေးခြင်း မရှိပါ။ သို့ဖြစ်၍ အကြမ်းဖက် မှုများ တိုးသထက် တိုးလာ၍ မွတ်စလင် များ၏ အသက် အိုးအိမ် စည်းစိမ် များသထက် များစွာ ဆုံးရှုံးခဲ့ ရသည်မှာ တစ်ကမ္ဘာလုံး အသိပင် ဖြစ်သည်။ ဥပဒေ ချိုးဖောက်သူ ဗုဒ္ဓဘာသာ ၀င်များကို အရေးယူ မည့်အစား အတိုက်ခံ ရသော မွတ်စလင် များကို သာလျှင် ဖမ်းဆီး အရေးယူ ထားခဲ့ သည်ကို တွေ့ရသည်။ စစ်တွေမြို့မှ အပြစ်မဲ့ မွတ်စလင် ခေါင်းဆောင်များ ဖြစ်သော ရှေ့နေ ဦးကျော်လှအောင်၊ ဦးကျော်မြင့် တို့ကို ယခုအချိန် အထိ အကြောင်းမဲ့ ဖမ်းဆီး ထားသည်။ 

၎။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် "အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသူ များအား ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု မရှိဘဲ..... နှစ်ဖက် အသိုင်း အ၀န်း များသို့ မျှတစွာ ထောက်ပံ့ ခဲ့ပါသည်။" "လုံးခြင်းအိမ် (၉၄၅) လုံး ဆောက်လုပ် ပြီးစီးပြီး၊ တဲတန်းလျား (၁၄၁၃) လုံး ဆောက်လုပ် ပြီး၍ ဒုက္ခသည်များ နေရာချ ထားပေး ပါသည်” ဟု ဖော်ပြထား သည်ကို တွေ့ရသည်။ 

ဤဖော်ပြ ချက်မှာ အခြေ အမြစ် မရှိကြောင်း ရခိုင် ဒေသကို ရောက်သွား ခဲ့သော နိုင်ငံခြား NGO များ၊ အစိုးရ ကိုယ်စား လှယ်များနှင့် UNHCR အဖွဲ့ဝင်များ ကိုယ်တိုင် မြောက်မြားစွာ ဖော်ထုတ် ရေးခဲ့သည်။ 

မွတ်စလင်များ ရရှိသော အထောက် အပံ့များမှာ ဗုဒ္ဓဘာသာ များနှင့် စာလျှင် မပြောပလောက် အောင်ပင် နည်းပါးကြောင်း နိုင်ငံခြား သတင်း မီဒီယာ များတွင် အမြဲ ရေးသား နေသည်ကို တွေ့ရသည်။ 

လုံးခြင်းအိမ် (၉၄၅) လုံး အနက် မွတ်စလင်ကို တစ်လုံးမျှပင် ပေးဝေခြင်း မရှိပေ၊ အားလုံး (အားလုံး) ဗုဒ္ဓ ဘာသာဝင် ရခိုင် များအား ပေးဝေ နေရာ ချထား ရေးသာ ဖြစ်သည်။ အတိုက် ခံရပြီး အိုးအိမ် စွန့်ခွာခဲ့ ရသော ဒုက္ခသည် မွတ်စလင် များကို မပေးပဲ တိုက်ခိုက်သူ ဗုဒ္ဓဘာသာ ရခိုင် များကိုသာ နေရာ ချထားခြင်း ဖြစ်သည်။ စစ်တွေ မြို့တွင် ဘယ်မွတ်စလင် ကမျှ ဗုဒ္ဓဘာသာဝင် ရခိုင် များနှင့် ဘုန်းကြီး ကျောင်းများကို တိုက်ခိုက် မီးရှို့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့။ သို့ဖြစ်၍ ရခိုင် ဒုက္ခသည်များ အဘယ်မှ ဖြစ်ပေါ်လာ ရသနည်းဟု မေးစရာ မေးခွန်းကြီး ဖြစ်နေသည်။ အမှန်မှာ စစ်တွေ မြို့နယ်မှ ဗုဒ္ဓဘာသာ ရခိုင် ဆင်းရဲသား များနှင့် ဘင်္ဂလား ဒေရှ့်မှ တင်သွင်း လာသော ဗုဒ္ဓဘာသာ ရခိုင် မိသားစု များကို ပေးဝေ နေရာ ချထားခြင်း ဖြစ်သည်။ 

၅။ အဆိုပါ သတင်း ထုတ်ပြန် ချက်တွင် “ပြည်တွင်း ပြည်ပမှ အဖွဲ့ အစည်း များက မြန်မာ နိုင်ငံ အတွင်း ဘာသာရေး ခွဲခြားမှု၊ လူမျိုးရေး ခွဲခြား မှုများ ပြင်းထန်စွာ ဖြစ်ပွား နေသကဲ့သို့ ပုံဖော်စွပ် စွဲမှုများ ပေါ်ပေါက် လျှက်ရှိ ပါသည်...........ပြဿနာများ ပို၍ ရှုပ်ထွေး သွားစေ နိုင်မည်ဟု" ရေးသားထား သည်ကို တွေ့ရသည်။ 

တစ်ကမ္ဘာလုံး လှုပ်ရှား လာအောင် တုန်လှုပ် သွားခဲ့သော မြန်မာ့ ဘာသာရေး လူမျိုးရေး အကြမ်း ဖက်မှု ကြီးကို ဖုံးကွယ် ချင်သော သမ္မတရုံး၏ ယုတ်မာ ပက်စက်သော ရပ်တည် ချက်သည် အံ့သြစရာ ဖြစ်သည်။ သမ္မတ သိန်းစိန် အနေဖြင့်လည်း ဥရောပ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း၊ လူမျိုးရေး တိုက်ခိုက်မှု များလည်း မရှိကြောင်း၊ ပြောင်ပြောင် တင်းတင်း လိမ်ညာ ပြောဆို ခဲ့သည်မှာ အမှန် တရားကို သိရှိနေသူ ဥရောပ နိုင်ငံသားများ အဖို့ ရယ်စရာ တစ်ခုပင် ဖြစ်၍ ကျန်ခဲ့သည်။ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် သမ္မတရုံးသည် မိမိတို့၏ သိက္ခာကို မထောက်၊ နိုင်ငံတော်၏ သိက္ခာကို မငဲ့ညာပဲ ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း လိမ်ညာ နေသည်မှာ နိုင်ငံတော်၏ သိက္ခာ အပြင် ဗုဒ္ဓ သာသနာ၏ သိက္ခာ ကိုပါ ညိုးနွမ်း စေသည်။ မိမိ နိုင်ငံ ထဲတွင် ပြဿနာ ရှိနေ သည်ကို အသိ အမှတ် ပြုပြီး အဖြေ ရှာရန် ကြိုးစား ရမည့်အစား၊ ပြဿနာကို ဖုံးကွယ်ပြီး အဖြေရှာရန် ပျက်ကွက်မှုသာလျှင် ပြဿနာများ ပိုမိုရှုပ်ထွေး စေနိုင်သည်။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များမှာ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွား ခဲ့သော လူမျိုးရေး အကြမ်းဖက် မှုများကို မျက်ဝါး ထင်ထင် တွေ့မြင် ရသည် ဖြစ်၍ အဖြေ ရှာနိုင်ရန် အတွက် စေတနာ သန့်သန့်ဖြင့် ပြောဆို နေခြင်းသာ ဖြစ်သည်။ မြန်မာ သမ္မတနှင့် သမ္မတရုံး၏ ဆောင်ရွက် မှုများသည် ပြဿနာကို ပိုမိုရှုပ်ထွေး သွားစေ နိုင်သည်။ နိုင်ငံတော် အပေါ်မှာ သစ္စာရှိရှိ၊ ဘာသာ ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ချစ်ကြည် စည်းလုံး ညီညွှတ်ပြီး သာယာဝ ပြောသော အနာဂတ် ဒီမိုကရေစီကို မျှော်မှန်း နေသော မြန်မာ သမ္မတရုံး အနေဖြင့် ဤကဲ့သို့သော လိမ်ညာ ရေးသားခြင်း များကို ရှောင်ရှားပြီး အမှန်ကို အမှန် အတိုင်း ဖော်ပြလျှက် ပြဿနာ၏ အဖြေကို ရှာရန် အထူး လိုအပ်ကြောင်း တောင်းဆို လိုက်ရ ပါသည်။ 

ပြည်ပရောက် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီ 
ပါရီမြို့၊ ပြင်သစ်နိုင်ငံ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus