နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်၌ ပုဒ်မ ၁၄၄ ကို ၀န်ထမ်းများ လိုက်နာမှုမရှိ

သီဟ
RB News
4.7.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဇွန်လ (၈) ရက်၊ ၂၀၁၂ မှ စ၍ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော်လည်း ၀န်ထမ်းများမှ မလိုက်နာသည့် အပြင် ဆူပူမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်မှု များပင် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

“မနေ့က [3.7.2013] နေ့လည်ပိုင်းမှာ သစ်တော ဦးစီးဌာနက ဦးစီးမှူး၊ ဌာနမှူးတွေနဲ့ သစ်တော ၀န်ထမ်း တွေအားလုံး ကားအကြီး တစ်စီးနဲ့ တမြို့လုံး ပတ်တယ်။ အရက် ပုလင်းလည်း ကိုယ်စီ ကိုင်ထား ကြတယ်။ ပြီးတော့ လော်ပစီကာလို အသံကျယ်တဲ့ Sound Box အကြီးကြီးတွေနဲ့ သီချင်းတွေ ဖွင့်တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ပုဒ်မ ၁၄၄ အရ လူငါးဦးထက် ပို၍ စုခွင့် မရသော်လည်း၊ အဆိုပါ ၀န်ထမ်းများမှာ ယခုကဲ့သို့ သောက်စား မူးယစ်၍ ရမ်းကားသည့် အပြင် ဖွင့်သည့် သီချင်း များမှာလည်း လှုံ့ဆော်သည့် သဘောမျိုးဖြင့် ဖွင့်သော သီချင်းများ ဖြစ်သည် ဟုဆိုသည်။ 

“ငါတို့ ရခိုင်ပြည်၊ ငါတို့ ရခိုင်ပြည်ကို ဘယ်သူမှ စော်ကားလို့ မရ၊ ရခိုင်တို့ အထက် ဘယ်သူ့မှ မရှိ -- အဲဒီ လို သီချင်းမျိုးတွေ ဖွင့်တာ။ ကျွန်တော်တို့ မြို့က မြို့သူ မြို့သား တွေက တည်ငြိမ် အေး ချမ်းအောင် နေ ချင်ပေမယ့် လည်း အစိုးရ အရာရှိ တွေက ဆူပူမှု ဖြစ်လာအောင် အမြဲလိုလို လှုံ့ဆော်မှု တွေ လုပ်တယ်” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။ 

၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ် အနှံ့ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သော်လည်း ဘူးသီးတောင် မြို့ နယ် တွင် ပုဒ်မ ၁၄၄ သာထုတ်ပြန် ခဲ့ပြီး အကြမ်းဖက်မှု တစ်စုံ တစ်ရာ မဖြစ်ပွား ခဲ့ပေ။ သို့သော်လည်း နယ်မြေခံ နစက၊ ရဲနှင့်စစ်တပ်တို့၏ ညှင်းပန်းနှိပ်စက်မှု ဒဏ်များ ကိုနေ့စဉ်နှင့် အမျှ ခံစားနေ ရကြောင်း ဒေ သခံ များ၏ ပြောပြချက် များအရ သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus