နောက်ဆုံးသတင်း/ဆောင်းပါးများ

သမ္မတ၊ ဘာသာရေး ခေါင်းဆောင်၊ လူ့အခွင့်အရေး ကော်မရှင်တို့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပုဂ္ဂလိက မီဒီယာများ ဝင်ခွင့်မရ


မင်းမင်း
22.7.2013

ရန်ကုန်တိုင်း လွှတ်တော် အဆောက် အဦတွင် သမ္မတ ဦးသိန်းစိန်နှင့် ဘာသာရေး ခေါင်းဆောင်များ၊ လူ့အခွင့် အရေး ကော်မရှင်တို့ သုံးပွင့် ဆိုင်၍ အမြင် မတူသူ လူအုပ်စုများ အကြား ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သည့် ဇူလိုင် ၂၁ ရက်က တွေ့ဆုံ ပွဲတွင် MRTV မြန်မာ့ ရုပ်သံမှ လွဲ၍ ကျန် သတင်း ဌာနများ သတင်း ယူခွင့် မရခဲ့ပေ။

ဆွေးနွေး မှုသည် ၃ နာရီ ကျော်ကြာ မြင့်ခဲ့ပြီး ထိုတွေ့ဆုံပွဲ မစမီ ငါးမိနစ် ခန့်သာ သတင်း ဌာန အားလုံးကို အစည်း အဝေး ခန်းမ ထဲသို့ ဝင်ခွင့် ပေးခဲ့ပြီး နောက် ပုဂ္ဂလိက မီဒီယာ များအား ပြင်ပတွင်သာ စောင့်နေရန် လုံခြုံရေး များက သတင်းထောက် များကို ပြောကြား ခဲ့သည်။

သမ္မတ၏ ပြောရေး ဆိုခွင့် ရှိသူလည်း ဖြစ်သည့် ဒုဝန်ကြီး ဦးရဲထွဋ်က “ဒီနေ့ ဆွေးနွေး ပွဲက ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြတာ ဖြစ်တဲ့ အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် အခြေ အတင် ပြောတာ တွေပါ နေတယ်” ဟု မဇ္ဈိမ ကို ပြောသည်။

ပုဂ္ဂလိက မီဒီယာများ ဝင်ခွင့်မပြုခြင်းနှင့် ပတ်သက်၍ မြန်မာ ရုပ်မြင် သံကြားမှ ဝန်ထမ်းများ အဆိုပါ သတင်း ရယူခွင့် ရခြင်းကို မြန်မာ ဂျာနယ်လစ် ကွန်ရက်မှ အတွင်း ရေးမှူး ဦးမြင့်ကျော် က မေးခွန်း ထုတ်သည်။ “အကယ်၍ မီဒီယာတွေ ဝင်ခွင့် မပြုဘူး ဆိုရင် မြန်မာ့ အသံ ကိုကျ ဘာလို့ ဝင်ခွင့် ပြုတာလဲ။ ဘယ်သူ့ ကိုမှ ခွင့်မပြုဘူး ဆိုရင်တော့ လက်ခံ နိုင်တယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။

မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ အတွင်း ရေးမှူး ဦးကျော်မင်းဆွေ ကလည်း “ခွဲခြား ဆက်ဆံလို့ မရပါဘူး။ လုံခြုံရေး အရ ဆိုရင်လည်း ဘယ်သူ့ ကိုမှ ဝင်ခွင့် ပေးစရာ အကြောင်း မရှိဘူး” ဟု ဝေဖန်သည်။

ဦးရဲထွဋ်ကမူ “မြန်မာ့ အသံ ဝင်ခွင့် ရတယ် ဆိုတာ ကလည်း အားလုံးကို သူထုတ်ပြန် လို့မရဘူး၊ မှတ်တမ်းကျန် ရုံလောက်ပဲ သူက ရိုက်ပေး ရတာ” ဟု ပြောသည်။

ယင်းဆွေးနွေး ပွဲတွင် ပဋိပက္ခကြောင့် ထိခိုက် နစ်နာ သူများကို ပြန်လည် နေရာ ချထားရေး ကိစ္စ၊ ကျူးလွန် သူများကို ဆက်လက် အရေး ယူရန်နှင့် ပဋိပက္ခ ဆက်မဖြစ် စေရန် လုပ်ဆောင်ရန် နည်းလမ်း များကို ဆွေးနွေး ခဲ့ကြသည်ဟု ဦးရဲထွဋ် ကပြောသည်။ ပဋိပက္ခများ ထပ်မဖြစ်ရေး ရေရှည် လုပ်ငန်း များကို ဘာသာရေး ခေါင်းဆောင် များအပါ အဝင်၊ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် တို့နှင့် အစိုးရက ပူးပေါင်း လုပ်ဆောင် သွားမည် ဟုလည်း ဦးရဲထွဋ်က ဆိုသည်။

Comment ရေးရန်

Rohingya Exodus