နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၄ ခုနစ် သန်းခေါင် စာရင်းကို "ဝ" မှာပါ ကောက်ယူမည်


21.7.2013

၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ ရာမှာ အစိုးရ ရုံးတွေ သွားရောက် ဖွင့် လှစ် နိုင် ခြင်း မရှိသေးတဲ့ "၀" အထူး ဒေသ အပါဝင် တစ်နိုင်ငံလုံး မှာရှိတဲ့ လူဦးရေ စာရင်း ကို ကောက် ယူ သွားဖို့ ရှိနေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။

"ဝ" ဒေသတင် မကပါဘူး။ ကျွန်တော်က စောစောက ပြောသလို သန်းခေါင်း စာရင်းက တစ်နိုင်ငံ လုံး ကောက်မှာ။ မတ်လ ၁၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့ အထိ၊ သန်းခေါင် စာရင်း ရည်ညွှန်း ချိန်သည် မတ်လ ၂၉ ရက် နေ့ည၊ အဲဒီ အချိန်မှာ ပါတဲ့ လူတွေ အကုန်လုံး သန်းခေါင်း စာရင်း မှာပါမှာ"

အခုလို သန်းခေါင် စာရင်း ကောက်ယူ ရာမှာ ပြီးခဲ့တဲ့ လတွေ အတွင်း လူဦးရေ စာရင်း စစ်ဆေးစဉ် တင်း မာမှုတွေ ဖြစ်ခဲ့တဲ့ မူဆလင် ဒုက္ခသည် စခန်းတွေ မှာတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေရဲ့ အကူ အညီကို ရယူ သွားမယ် လို့လည်း ၀န်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြည်ပရောက် နေတဲ့ မြန်မာ နိုင်ငံသား တွေနဲ့ အိမ်နီးချင်း နိုင်ငံ တွေက ဒုက္ခသည် စခန်း တွေ မှာ နေထိုင် ကြတဲ့ မြန်မာ တိုင်းရင်းသား တွေလည်း ဒီတကြိမ် သန်းခေါင် စာရင်း ကောက်ယူ မှုမှာ ထည့် သွင်း ကောက်ယူ သွားမယ်လို့ သိရ ပါတယ်။

သန်းခေါင် စာရင်း ကောက်ယူ မှုမှာ ပညာရေး ၀န်ကြီးဌာန လက်အောက် မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမ ဦးရေ တစ်သိန်း နှစ်သောင်း အကူညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက် ယူသွားမှာ ဖြစ်ပြီး ခုလို သန်းခေါင် စာရင်း ကောက်ယူ မှုအတွက် အမေရိကန် ဒေါ်လာ ၅၈ သန်း ကုန်ကျ မယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus