နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ကုတ်လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး


အေးနိုင်
18.7.2013

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ် ခံရမှုမှာ ဦးဆောင် တယ်လို့ သံသယ ရှိသူ ၆ ဦး ကို နေပြည်တော်က တိုက်ရိုက် ကွပ်ကဲမှုနဲ့ တောင်ကုတ် မြို့ကနေ ဇူလိုင် ၁၇ ရက် နေ့ညမှာ ဖမ်းဆီး လိုက် တယ်လို့ သံတွဲ ခရိုင် သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ သံတွဲမြို့ကို နေပြည်တော် ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်း ဆီးမှုကို သတင်း မပေါက်ကြားအောင် စီစဉ် ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး သံတွဲ ထောင်မှာ ချုပ်နှောင် ထား တယ် လို့ သူက ပြောပါတယ်။

“နေပြည်တော်က ဆင်းလာတဲ့ ရဲက သံတွဲ ရဲကို အကူအညီ တောင်းပြီးတော့ သံတွဲမှာ ရှိတဲ့ ရဲတွေရဲ့ ဖုန်းတွေ ကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက် ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြ တာပေါ့။ သွားတာက တောင်ကုတ် သွားတာ။ မြောက်ဘက်က ကျောက်ကြီး ဆိုတဲ့ ရွာကို အယောင် ပြတာ။ ကျောက်ကြီးကို ဖုန်းဆက် တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင် လာတယ်။ ကား ၄ စီးဖြတ် သွားတယ်။ ရဲတွေလည်း ပါသွား တယ်ပေါ့။ ဒီတော့ အခြေ အနေ တခုကို စောင့်ကြည့် ရမယ်ပေါ့။ သွားတာ ကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက် ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့ အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွား တယ် တဲ့။ တောင်ကုတ် ကျတော့လည်း ရဲတွေကို လက်ကိုင် ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူ ဆို တာကို သူတို့က စုံစမ်း ပြီးသား ဖြစ်နေတာ” လို့ ပြောပါတယ်။

သံတွဲ မြို့နယ် ရဲစခန်းကို ဆက်သွယ် မေးမြန်း ရာမှာ အထက်က စီစဉ်တာ ဖြစ်လို့ ပြောလို့ မရဘူး လို့ ဖြေ ပါတယ်။

သံတွဲ ခရိုင် အုပ်ချုပ် ရေးမှူး ရုံးကတော့ ဒီကိစ္စကို သူတို့ မသိပါ ဘူးလို့ ဖြေပါတယ်။ သံတွဲ ခရိုင် အုပ် ချုပ် ရေးမှူး ဦးထွန်းဝေကို ဆက်သွယ် ရာမှာ သူ့ရဲ့ ကိုယ်ရေး အရာရှိက သတင်း ညှိနှိုင်း အစည်း အဝေး လုပ်နေလို့ မအား သေးဘူးလို့ ဖြေပါတယ်။

တောင်ကုတ် ဒေသခံ တွေကို မေးမြန်းတဲ့ အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်း ကျမှ ကြားသိရပြီး နယ်မြေခံ တပ်က လူတွေတောင် မသိဘူးလို့ ပြောပါတယ်။ ဒီမနက် မှာတော့ တောင်ကုတ် မြို့မှာ ရဲလုံ ခြုံရေး တိုးမြှင့် ချထား တယ်လို့ ဆိုပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့က ရခိုင် ပြည်နယ် တောင်ကုတ် မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စု တစုက သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

သံတွဲမြို့ ကနေ ရန်ကုန်ကို သွားတဲ့ ကားတစီးကို တောင်ကုတ်မြို့ အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည် မသိ လူအုပ်စု တစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ် ခဲ့တာ ဖြစ်ပါ တယ်။ ဒီအဖြစ် အပျက် မဖြစ်မီ မနက်ပိုင်း လောက်က တည်းက ရခိုင် ပြည်နယ် ကျောက်နီမော် ကျေး ရွာမှာ သတ်ဖြတ် ခံရတဲ့ အမျိုးသမီး တဦးရဲ့ ပုံတွေ တောင်ကုတ် မြို့မှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒီအကြမ်းဖက် သတ်ဖြတ် မှုကြောင့် နောက်ပိုင်းမှာ ရခိုင် ပြည်နယ် နေရာ အတော် များများမှာ နေအိမ် မီး ရှို့မှုတွေနဲ့ သတ်ဖြတ် မှုတွေ ဆက်တိုက် ဖြစ်ပွား ခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus