April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဗဟိုအစိုးရ၏ ညွန်ကြားချက်ကြောင့် ရိုဟင်ဂျာ များကို ဒုက္ခပေးလျက် ရှိဟုဆို

ဌေးဇော်
RB News
15.7.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် ဘင်္ဂလီ ပိတ်ဆို့ရေး အထူး အဖွဲ့ဂိတ်ဟု အမည် ပေးထားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များမှ ဒေသခံ ရိုဟင်ဂျာ များကို ဒုက္ခ ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် ဘူးသီးတောင်မှ မောင်တောသို့ သွားသည့် ကားလမ်းကို ပိတ်ဆို့၍ ဘင်္ဂလီ ပိတ်ဆို့ရေး အထူး အဖွဲ့ဂိတ် ဖွင့်လှစ် ထားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပါဝင်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးမှ ကားများ ရပ်ခိုင်းပြီး နည်းမျိုးစုံဖြင့် ဒုက္ခ ပေးလျက် ရှိကြောင်း သိရှိ ရသည်။ 

“မြို့နယ် အုပ်ချုပ်ရေးမှူးက ထိုင်ခုံနဲ့ ထိုင်နေတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ မောင်လှိုင်စိုးက ကားတွေကို တားတယ်။ ကုလား ဘင်္ဂလီ လူမျိုး ပါရင် ဆင်းခဲ့ ဆိုပြီး အော်တယ်။ ပြီးတော့ ပုံစံ (၄) ပြခိုင်း တယ်။ ညစ်ညစ် ပတ်ပတ် ဆဲဆို ကြိမ်းမောင်း တာတွေ ပေါ့ဗျာ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါ သည်။ 

ထို့အပြင် အဆိုပါ အဖွဲ့ကို ရဲတပ်ဖွဲ့၊ လ၀ကနှင့် မီးသတ် တို့ကလည်း ပါဝင် ပူးပေါင်း လျက်ရှိပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးမှ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများ ပြုလုပ်ကြောင်း သိရသည်။ 

“မောင်လှိုင်စိုးက ကိုယ်ထိ လက်ရောက် ကျူးလွန် တာတွေ လုပ်တယ်။ မင်းတို့ ကုလားတွေကို ဗဟိုက နေ ပြီး လုပ်ခိုင်းလို့ လုပ်နေရတာ။ မင်းတို့ ကုလားတွေ သည်းမခံ နိုင်ဘူးဆိုရင် မြန်မာ နိုင်ငံကနေ ထွက်သွား လို့ပြော တယ်” ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးမှာ အကြမ်းဖက် မှုများတွင် ပါဝင် နေသူ တစ်ဦး ဖြစ်သည့် အပြင် အပြစ်မဲ့ ရပ်ကွက် သူ/သား များထံမှ မတရား ငွေညှစ်မှုများအတွက် ပြည်နယ် ၀န်ကြီးချုပ်၊ ခရိုင် အုပ် ချုပ်ရေးမှူး၊ တို့ထံ စာရေးသား တိုင်ကြား ခဲ့သော်လည်း ယခု အချိန်ထိ အရေးယူ ဆောင်ရွက်ခြင်း မ ရှိကြောင်း ဒေသခံ များ၏ ပြောကြားချက် များအရ သိရသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus