March 29, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို လာရောက်မည်


5.7.2013

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr ဟာ မြန်မာ နိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ် အဖြစ် ဇူလိုင်လ ၁ဝ ရက်နေ့မှာ လာရောက်ဖို့ ရှိပြီး၊ ဒီခရီးစဉ် အတွင်း နိုင်ငံခြားရေး ဝန်ကြီး Bob Carr ဟာ သမ္မတ ဦးသိန်း စိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့အပြင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေး မယ်လို့ သြ စတြေလျား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီကနေ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်၊ နှစ်နိုင်ငံ စီးပွား ရေးရာ ကိစ္စ၊ ပညာရေး ဖွံ့ဖြိုးမှု ဆိုင်ရာ နိုင်ငံ တကာ အကူအညီ ကိစ္စနဲ့ ရခိုင် ပြည်နယ်က အခြေ အနေ အပါ အဝင် လူ့အခွင့် အရေး ဆိုင် ရာ ကိစ္စရပ် တွေကို ဆွေးနွေးဖို့ ရှိတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဌာနရဲ့ ထုတ်ပြန် ချက် မှာ ဖော် ပြထား ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Mr.Carr ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆစ်ဒနီမြို့ အခြေစိုက် မြန်မာ့ အရေး ဆောင်ရွက် နေတဲ့ Burma Office ရဲ့ ညွှန်ကြား ရေးမှူး ဒေါက်တာ မြင့်ချိုက RFA ကို အခု လို ပြော ပြပါတယ်။

"မြန်မာ နိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ အရေးကြီး မယ်လို့ ထင်တယ်၊ Mr.Bob Carr သွားတဲ့ ခရီးစဉ် ဟာ မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ကိစ္စ တွေကို တိုက်တွန်း ဖို့ကော၊ မြန်မာ နိုင်ငံရဲ့ လူ့အခွင့် အရေး အခြေ အနေ တိုးတက် အောင်လည်း တိုက်တွန်း တာတွေ၊ လူသားချင်း စာနာတဲ့ အကူအညီ ပေးဖို့တွေ၊ ပ ညာရေး၊ ကျန်းမာရေး အကူအညီ ပေးဖို့ ကိစ္စတွေ အကျိုး ရှိမယ်လို့ ထင်ပါတယ်"

သြစတြေးလျ နိုင်ငံဟာ မြန်မာ့ လူနေမှု တိုးတက်မြင့်မားရေး အတွက် ကျန်းမာရေး၊ ပညာရေး၊ ကုန် သွယ်ရေးနဲ့ စီးပွား ရေးရာ ကိစ္စတွေမှာ နီးနီး ကပ်ကပ် လုပ်ဆောင် နေတဲ့ အကြောင်း၊ ၂ဝ၁၅ ခုနှစ် အရောက် မှာ မြန်မာ နိုင်ငံကို နှစ်စဉ် ပေးနေတဲ့ အကူ အညီကို သြစတြေးလျ ဒေါ်လာ သန်းတစ်ရာ အ ထိ နှစ်ဆကျော် တိုးမြင့် သွားမှာ ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန် ချက်မှာ ဖော်ပြထား ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus