April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပေါက်တော၊ ငှက်ချောင်း ဒုက္ခသည် စခန်း လုံခြုံရေး ဗိုလ်ကြီးမှ လုယက်၊ ငွေတောင်း


RB News 
5.7.2013 

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ငှက်ချောင်း ဒုက္ခသည် စခန်းတွင် လုံခြုံရေး တာဝန် ယူထားသော ဗိုလ်ကြီး ကျော်စွာမင်းနှင့် အဖွဲ့က ဒုက္ခသည် များထံမှ ပစ္စည်းများ လုယက်၍ ငွေတောင်းခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ဗိုလ်ကြီး ကျော်စွာမင်းနှင့် အဖွဲ့သည် ငှက်ချောင်း ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာ ဒုက္ခသည် များထံတွင် ရှိသော ငါးဖမ်းပိုက်များ၊ မီးစက်နှင့် ပဲ့ချိတ် စက်လှေ တစ်စီး အပြင် ငွေကျပ် နှစ်သိန်းကိုလည်း ခြိမ်းခြောက် ၍ ယူသွား ကြောင်း သိရှိရသည်။ 

“လုံခြုံရေး ယူထားတဲ့ ဗိုလ်ကြီး ကျော်စွာမင်းနဲ့ အဖွဲ့က ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ကျားပါးစပ် ပိုက်လေးခု၊ မီးစက် တစ်လုံးနဲ့ ပဲ့ချိတ် စက်လှေ တစ်စီးကို လုသွားတယ်။ အဲဒါတွေ အပြင် ဒုက္ခသည် တွေဆီ က ငွေ နှစ် သိန်း လည်းယူ သွားတယ်။ တောင်းတဲ့ အချိန်မှာ ပေးမလား မပေးဘူးလား ဆိုပြီး ဒမြလို လုပ်တယ်။ လူတွ ကို လည်းရိုက်တယ်။” ဟု ဒေသခံ ဒုက္ခသည် တစ်ဦးမှ RB News သို့ပြောပါသည်။ 

ထို့အပြင် ထိုသို့ လုယက်၊ ငွေတောင်းရုံ ပင်မကဘဲ၊ အတင်း အဓမ္မ လုပ်အားပေး များကိုလည်း ခေါ်ယူ ခိုင်းစေ လျက်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ ဆီက ဒုက္ခသည် ငါးယောက် စီကို နေ့တိုင်း ခေါ်သွားတယ်။ အတင်း အဓမ္မ ခေါ်ခိုင်း တာပါ။ မလိုက် နိုင်ဘူး ဆိုရင် လူမဆန်စွာ ရိုက်နှက် နှိပ်စက် ပါတယ်” ဟု အဆိုပါ ဒုက္ခသည်မှ ပြောပါသည်။ 

ဒုက္ခသည်များ၏ လုံခြုံရေး အတွက် တာဝန်ပေး ခံထား ရသော ဗိုလ်ကြီး ကျော်စွာမင်း နှင့်အဖွဲ့သည် ဒုက္ခ သည် များအား အမြဲတစေ ရိုက်နှက် ညှင်းပန်း နှိပ်စက်၊ လုယက်၊ ငွေတောင်းခံ နေသောကြောင့် ဒုက္ခ သည် အများစုမှာ ရရာနေရာကို ထွက်ပြေး တိမ်းရှောင်ရန် စဉ်းစား နေကြသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့မှာ အစစ အရာရာ ဒုက္ခရောက် နေတဲ့ ကြားက အာဏာပိုင်တွေ ဒီလို ညှင်းပန်း နှိပ် စက် နေ မယ် ဆိုရင် ဒီမှာ ဆက်နေရင် ကျွန်တော်တို့ သေဖို့ဘဲ ရှိတော့တယ်။ အဲဒီတော့ ဒီနေရာ ကနေ ထွက်သွားဖို့ စဉ်းစား နေကြတယ်။ သွားစရာ နေရာ မရှိတော့လည်း အတော်လေး စီစဉ်ရ ခက်တယ်” ဟု ၎င်းမှ ဆက် လက် ပြောပါသည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus