နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှ ရိုဟင်ဂျာ များအား ခရီးသွားလာခွင့် မပေးရန် စာထုတ်

RB News
20.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများ တစ်ရွာမှ တစ်ရွာသို့ သွားရာတွင် လိုအပ်သည့် ခရီးသွားခွင့် လက်မှတ် (ပုံစံ ၄) မထုတ်ပေး တော့ရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇူလိုင်လ (၁၇) ရက်နေ့တွင် စာထုတ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ ပေးပို့ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များမှာ ၁၉၉၂ ခုနှစ်ထိ မည်သည့် ခွင့်ပြုချက်မှ မလိုအပ်ဘဲ မြန်မာ နိုင်ငံ အ၀န်းသို့ ခရီးသွား လာခွင့် ရှိခဲ့သည်။ တက္ကသိုလ် ၀င်တန်း စာမေးပွဲတွင် အမှတ် ပြည့် မှီသော ကျောင်း သား များသည်လည်း ရန်ကုန် ဆေးတက္ကသိုလ်နှင့် စက်မှု တက္ကသိုလ် များတွင် ပညာသင်ကြား ခွင့်လည်း ရရှိခဲ့သည်။ 

သို့သော် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် ရိုဟင်ဂျာ လူမျိုးများ အပေါ် ကန့်သတ်မှု မျိုးစုံ ပေါ်ပေါက် လာခဲ့သည်။ တစ်ရွာမှ တစ်ရွာသို့သွားလျှင် ပုံစံ(၄)ဟု ခေါ်သည့် ခရီးသွားခွင့် လက်မှတ် ကို ငွေကြေး ပေး၍ ရယူ ရသည်။ အကယ်၍ ခရီးသွားခွင့် လက်မှတ် မယူဘဲ သွားလာပါ က နှစ်ရှည် ထောင်ဒဏ် အ ပြစ် ပေးခြင်းများ ခံရသည်။ 

ထို့အပြင် အမျိုးသား မှတ်ပုံတင် ကဒ်ပြား များကို သိမ်းယူ၍ ယာယီ နိုင်ငံသား စီစစ်ရေး ကဒ်ပြား များကို ထုတ်ပေး ခဲ့သည်။ အမျိုးသား မှတ်ပုံတင်နှင့် တစ်ကြိမ်သာ လဲပေးခဲ့ပြီး၊ ထိုစဉ်မှ စ၍ ကြီးပြင်း လာ သူများ၊ မွေးဖွား လာသူ များမှ အထောက် အထားမဲ့ အနေ အထားသို့ ရောက်ရှိ နေရသည့် လူငယ် အများအပြား ရှိပါသည်။ 

“အခု ထုတ်တဲ့ ညွန်ကြား ချက်မှာ ခရီးသွားလာခွင့် လုံးဝ ထုတ်မပေးဖို့ အပြင် အထောက် အထား မရှိတဲ့ သူတွေကို ဖမ်းဆီး အရေးယူဖို့ ဆိုတာလည်း ပါတယ်။ အထောက် အထား ထုတ်မပေးရင် အထောက် အထား ဘယ်လိုရှိ မလဲ?” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

ကျေးရွာတိုင်း ဆရာဝန်၊ သူနာပြု မရှိသော်ကြောင့် ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်ပင် လိုက်ခြင်း သည် ပြည်သူ များ၏ ကျန်းမာရေး ကိုလွန်စွာ ထိခိုက် လိမ့်မည်ဟု ဒေသခံ များမှ ပြောသည်။


Comment ရေးရန်

Rohingya Exodus