သံတွဲမြို့တွင် အိမ်တစ်လုံး မီးရှို့ခံရပြီး အိမ် ၁၈ လုံးမှ ပစ္စည်းများ လုယက် ဖျက်ဆီး ခံရ
RB News
2.7.2013
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇွန်လ (၃၀) ရက်နေ့က အကြမ်းဖက်မှု များစ တင်ပြီး နောက် ပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန် သော်လည်း အခြေအနေမှာ တည်ငြိမ် အေး ချမ်း မသွားဘဲ၊ ယမန်နေ့ ညက မီးရှို့ အကြမ်းဖက်မှု များဖြစ်ပေါ် ခဲ့ကြောင်း သိရှိ ရပါသည်။
ယမန်နေ့က ညပိုင်းတွင် မီးရှို့ အကြမ်းဖက် မည်ဟု သတင်းများ ပြန့်နှံ့ ခဲ့သောကြောင့် အံတော် ကွက် သစ် ရှိ မွတ်စလင် များမှာ အသက် အန္တရာယ်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့သည်။ ညပိုင်းတွင် ပုဒ်မ ၁၄၄ ကို ဖီ ဆန်၍ အကြမ်းဖက်သည့် အုပ်စုများ ရောက်ရှိလာပြီး အိမ်တစ်လုံးကို မီးရှို့၍ ကျန်သည့် အိမ် ၁၈ လုံးမှ ပစ္စည်းများ လုယက်၍ အိမ်များကို ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။
အကြမ်းဖက် သမားများမှ ကားနှစ်စီး ဆိုင်ကယ် အစီး ၂၀ ခန့်ဖြင့် အကြမ်းဖက်ရန် သွားနေစဉ် သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းနိုင်က မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက် အကြောင်းကြား ခဲ့သော်လည်း တားဆီး အရေးယူခြင်း မပြုလုပ် ခဲ့ကြောင်း ဒီဗွီဘီ သတင်းဌာနတွင် ယနေ့ ရေးသား ဖော်ပြ ထားသည်။
သံတွဲမြို့တွင် မွတ်စလင် များအား အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ် နေသည်မှာ လွန်ခဲ့သည့် ရက်ပိုင်း များ မှဖြစ်ပြီး၊ ဇွန်လ ၃၀ ရက်နေ့က မုဒိန်းမှု တစ်ခု သဖွယ် ပြဿနာ ဖန်တီး၍ ယခုကဲ့သို့ အကြမ်း ဖက် နေ ခင်း ဖြစ်သည်။ ဆိုင်ကယ် ကယ်ရီစီး ရာမှ မုဒိန်းကျင့်ရန် ခေါ်ဆောင် သွားသည်ဟု သတင်း များ တွင် ရေး သား ထားသော်လည်း ယခုအချိန်ထိသက်ဆိုင်ရာ အစိုးရ ဌာနများမှ အတိပြုချက်တစ်စုံ တစ် ရာ မပေးနိုင် သည့် အပြင် အကြမ်းဖက်မှုကို နှိမ်နင်းအောင် ထိန်းသိမ်း နိုင်ခြင်းလည်း မရှိပေ။
ယမန်နေ့ညက နေအိမ် များကို မီးရှို့ ဖျက်ဆီး နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် များရှိသော်လည်း၊ တား ဆီးခြင်း မပြုဘဲ၊ အကြမ်းဖက် လုပ်ငန်းစဉ် ပြီးသည့် အခါတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များမှ မိုးပေါ်ထောင် ပစ် ၍ လူစုခွဲ ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ယခု အချိန်ထိ သံတွဲမြို့၏ အခြေအနေမှာ အေးချမ်း တည်ငြိမ်ခြင်း မရှိသေးဘဲ မြို့ပေါ်တွင်ကောလ ဟ လ ပေါင်းစုံ ပြန့်လွှင့်လျက် ရှိပြီး၊ ထပ်မံ၍ အကြမ်းဖက်မှု ဖြစ်ပေါ် လာနိုင်သည် ဟု ဒေသခံ များမှ ပြော သည်။