နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့တွင် မွတ်စလင် အိမ် တစ်လုံးနှင့် စက်လှေ ၅ စီးမီးရှို့ခံရ

အပုချေ (မာန်အောင်ကျွန်း)
RB News
14.8.2013

သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မြို့တောင် ရပ်ကွက်မှ မွတ်စလင် နေအိမ် တစ်လုံးနှင့် စက်လှေ ၅ စီးကို ၉၆၉ အရေး လှုပ်ရှားသူ များမှ ယမန်နေ့ (သြဂုတ်လ ၁၃ ရက်) ညတွင် မီးရှို့ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ 

ယမန်နေ့ည ၁၁ နာရီခန့်က သံတွဲမြို့တွင် ၉၆၉ အရေး လှုပ်ရှားသူ တစ်စုမှ သံတွဲမြို့ အနော်ရထာ လမ်းနေ ဦးမြ၀င်း ပိုင်ဆိုင်သော အိမ်တစ်လုံးနှင့် စက်လှေ ၂ စီးကို မီးရှို့ ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီး ခံရသည့် စက်လှေ ၂ စီး၏ ကာလ တန်ဖိုးမှာ သိန်း ၁၆၀ ကျော်သည်ဟု သိရှိ ရပါသည်။ 

ထို့အပြင် သံတွဲမြို့ မာဂလမ်းနှင့် အနော်ရထာလမ်း ထောင့်တွင် နေထိုင်သူ ဦးစနေအောင်၏ စက်လှေ ၂ စီးနှင့် ကျော့ပိုက် (ငါးဖမ်းပိုက်) ၂ ဖောင်လည်း မီးရှို့ခံရသည်။ မီးရှို့ခံရသော စက်လှေ နှစ်စီး၏ တန်ဖိုးမှာ သိန်း ၁၂၀ ကျော်ရှိသည် ဟုဆိုသည်။ 

သံတွဲမြို့ပေါ်မှ ဦးကျော်တင်၏ စက်လှေ တစ်စီးလည်း မီးရှို့ခံရကြောင်း သိရှိ ရပါသည်။ 

ထိုသို့ မွတ်စလင် နေအိမ် တစ်လုံးနှင့် မွတ်စလင် များ၏ စက်လှေ ၅ စီး မီးရှို့ခံနေ ရသည့် အချိန်တွင် သံတွဲ ရဲစခန်းကို အကြောင်းကြား ခဲ့သော်လည်း၊ ရဲတပ်ဖွဲ့ဝင်များ မြို့တောင် ရပ်ကွက်သို့ ရောက်ရှိ မလာဘဲ၊ ကင်းမော်မှ ပြန်လည် လှည့်ပြန် သွားကြောင်း ဒေသခံ များ၏ ပြောကြားချက် များအရ သိရှိ ရသည်။ 

အံ့တော် ကွက်သစ်တွင် မီးရှို့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရမှ အရေးယူမှု များနှင့် ပတ်သက်၍ ၉၆၉ အရေး လှုပ်ရှားသည့် အကြမ်းဖက် သမားများက မကျေနပ်၍ လာမည့် သြဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ များတွင် ဆန္ဒပြမည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ ထို့ကြောင့် သံတွဲ မြို့ခံ မွတ်စလင် များက လာမည့် ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ များတွင် မလိုအပ်သည့် ပြဿနာများ ဖြစ်ပေါ် လာမည်ကို စိုးရိမ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus