နောက်ဆုံးသတင်း/ဆောင်းပါးများ

ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် အီးဒ်နေ့ လူမျိုးပေါင်းစုံ မိတ်ဆုံစားပွဲ ကျင်းပ

RB News
14.8.2013

တိုရန်တို ။ ။ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့တွင် သြဂုတ် (၉) ရက်နေ့က အီးဒ်နေ့ လူမျိုးပေါင်းစုံ မိတ်ဆုံ စားပွဲ တစ်ရပ် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ မိတ်ဆုံ စားပွဲ အခမ်းအနားကို ညနေ ၆ နာရီမှ ၉ နာရီ ထိကျင်းပ ခဲ့ပြီး၊ ဘာသာပေါင်းစုံမှ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ရခိုင်၊ ဗမာ၊ မြန်မာ မွတ်စလင်၊ ပန်းသေး မွတ်စလင်နှင့် ရိုဟင်ဂျာ မွတ်စလင်များ ၁၅၀ ခန့် တက်ရောက် ခဲ့သည်။ 

အခမ်းအနားတွင် ဗမာ၊ ရခိုင်၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ မြန်မာ မွတ်စလင်နှင့် ရိုဟင်ဂျာ မွတ်စလင် များ က နှုတ်ခွန်းဆက် စကားများ ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။















Comment ရေးရန်

Rohingya Exodus