နောက်ဆုံးသတင်း/ဆောင်းပါးများ

နတ်မြစ်၌ စက်လှေ နစ်မြှပ်၍ တစ်ဦးသေဆုံး ၂၀ ကျော် ပျောက်ဆုံးနေ

RB News
15.8.2013

တပ်ခ်နာဖ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်မှ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ တပ်ခ်နာဖ် မြို့သို့ သွားသော စက်လှေ တစ်စီး ယနေ့ နစ်မြှပ်သွားပြီး၊ တစ်ဦး သေဆုံး၍ ၂၀ ကျော် ပျောက်ဆုံး နေကြောင်း သတင်း ရ ရှိပါသည်။ 

ယနေ့ ညနေပိုင်းတွင် မောင်တော မြို့နယ် မင်္ဂလာကြီး ကျေးရွာမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တပ်ခ်နာဖ် မြို့သို့ ထွက် ခွာသော စက်လှေ တစ်စီး နစ်မြှပ် သွားကြောင်း သိရှိ ရသည်။ စက်လှေမှာ ပုံမှန်အားဖြင့် ဆယ် ဦးသာ တင်ဆောင်နိုင် သောလည်း ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူမှ ၂၅ ဦးတင်၍ ယခုကဲ့သို့ နစ်မြှပ် ရခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိ နေသူ တစ်ဦးမှ RB News သို့ပြောပါသည်။

ပို့ဆောင်ရေး လုပ် ငန်း လုပ် ကိုင်  နေသူမှာ ရခိုင်လူမျိုး ဦးသိန်းဦး ဖြစ်ပြီး၊ ၎င်းသည် ဘင်္ဂလားဒေ့ရှ် နိုင် ငံနှင့် မြန် မာနိုင်ငံတွင် နေထိုင်၍ မောင်တော မြို့တွင် စားသောက်ဆိုင်လည်း ဖွင့်လှစ် ထား ရှိကြောင်း သိရ သည်။ စက်လှေပေါ်တွင် ပါရှိသူ ၂၅ ဦးအနက် အမျိုးသမီး အလောင်းတစ်လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး၊ ၃ ဦး အ သက်ရှင် နိုင်ခဲ့သည်။ ကျန်သည့် ၂၁ ဦးမှာ ပျောက်ဆုံး နေကြောင်း သိရှိ ရပါသည်။ 

စက်လှေ ပေါ်တွင် လိုက်ပါသူ များမှာဘင်္ဂလားဒေ့ရှ် နိုင်ငံသို့စီးပွားရေးကိစ္စ၊ အလည် အပတ် သွားရောက်သူ များဖြစ်သည်။ ၂၅ ဦး အားလုံးသည် ရိုဟင်ဂျာ လူမျိုး များဖြစ်ကြောင်း သတင်း ရရှိပါသည်။ 

မင်္ဂလာကြီး ကျေးရွာတွင် စက်လှေဖြင့် သယ်ယူ ပို့ဆောင်ရေးကို ရိုဟင်ဂျာ လူမျိုး ဦးအဘာစ်နှင့် ရခိုင် လူ မျိုး ဦးသိန်းဦး တို့မှ ၁၅ ရက်စီ လုပ်ကိုင် လျက်ရှိပြီး၊ ယနေ့ ပို့ဆောင်ရေး တာဝန်မှာ ဦးသိန်းဦး အလှည့် ကျ သည့်နေ့ ဖြစ်သည်။ စက်လှေငယ်တွင် ၂၅ ဦး တင်ဆောင် ခြင်းသည် ခရီးသည်များ အတွက် အသက် အန္တရာယ် ရှိနိုင်သော်လည်း ငွေရမည့် အရေး တစ်ခုကိုသာ ဂရုစိုက် သောကြောင့် ယခုကဲ့သို့ တန်ဖိုး ရှိသော အသက်များ ဆုံးရှုံးရကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus