နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတွဲမြို့ရှိ မွတ်စလင် များကို အကြမ်းဖက်ရန် အစီအစဉ် အကောင်အထည် ဖော်လျက်ရှိ

အပုချေ (မာန်အောင်ကျွန်း)
RB News
22.8.2013

သံတွဲ ။ ။ ရခိုင် ပြည်နယ်၊ သံတွဲမြို့ ဂျိတ်တော ပုလဲကျောင်း ဆရာတော်၊ သိမ်ကုန်းကျောင်း ဆရာတော်၊ သုခ၀တီ စာသင်တိုက် ဆရာတော်၊ အံတော်မြို့မ တပ်ဦးaကျာင်း ဆရာတော် များနှင့် ရဲအောင် လံ ကျော်ကျော် ၊ မြင့်မိုး၊ ၀င်းကိုလေး၊ ကားသမား တင်ရွှေ တို့သည် သံတွဲမြို့ပြင် ရွာများမှ ရခိုင် အကြမ်း ဖက် သမား များကို စုစည်း၍ လာမည့် ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ များတွင် အကြမ်းဖက်ရန် ဆံချ ကတုံး တုံး ပေးနေကြောင်း သတင်း ရရှိပါသည်။ 

ထိုကဲ့သို့ ဆံချ ကတုံး တုံးခြင်းကို ပုလဲကျောင်း ဆရာတော်၊ သိမ်ကုန်းကျော် ဆရာတော်၊ အံတော် မြို့မ တပ်ဦး ကျောင်း ဆရာတော် တို့မှ ဦးဆောင် နေကြကြောင်း သိရှိ ရပါသည်။ ၂၅ ရက်နှင့် ၂၆ ရက်နေ့ တို့အတွက် ချမှတ် ထားသည့် စီမံကိန်း များကိုလည်း မည်သို့ အကောင် အထည် ဖော်ရမည်ကို သင် တန်း ပေးလျက်ရှိကြောင်း အမည် မဖော် လိုသည့် ငြိမ်းချမ်းရေး လိုလားသည့် ဗုဒ္ဓဘာသာ ၀င်တစ် ဦး မှ ပြော ပါသည်။ 

ပြီးခဲ့ သည့် ဥပုသ် နေ့မှ စတင်ပြီး သံတွဲမြို့ မြို့နယ် ခန်းမရှေ့၌ ၉၆၉ အကြမ်းဖက် ဂိုဏ်းခေါင်းဆောင် ဦးဝီ ရသူ၏ အကြမ်းဖက်ရန် ဟောကြား ထားသည့် တရားခွေ များကို အသံချဲ့စက်ဖြင့် ဖွင့်၍ လှုံ့ဆော် လျက်ရှိ ပါသည်။ လှုံ့ဆော်မှု များကို သံတွဲ မြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် အကြောင်းကြား ခဲ့သော်လည်း တစ်စုံ တစ်ရာ ဟန့်တားမှု မရှိခဲ့ဘဲ၊ ယနေ့ (သြဂုတ်လ ၂၂ ရက်) ထပ်မံ အကြောင်းကြား သောအခါ သက်ဆိုင် ရာမှလာရောက်၍ တားဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။ တရားခွေများ ဖွင့်၍ လှုံ့ဆော် နေခြင်း ကို မြင့်အောင် (ရွှေလမင်း တည်းခိုခန်း) နှင့် တပည့်များ (၀တုတ်နှင့် အဖွဲ့) မှ ဦးဆောင်၍ ပြု လုပ် နေ ခြင်း ဖြစ်သည်။ ၀တုတ်နှင့် အဖွဲ့တို့သည် စစ်တွေမြို့မှ ပြောင်းလာခြင်း ဖြစ်ပြီး၊ စစ်တွေမြို့ အကြမ်း ဖက် မှု တွင် ပါဝင် ခဲ့သူ များဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

သံတွဲမြို့တွင် ရေကြီးခြင်း ကြောင့် လူအသေ အပျောက် ရှိနေချိန်တွင် ယခုကဲ့သို့ ဆရာတော် များကိုယ် တိုင် အကြမ်းဖက်ရန် ဦးဆောင် နေခြင်းသည် အလွန် သိက္ခာမဲ့ သော လုပ်ရပ်သာ ဖြစ်ကြောင်း အဆိုပါ ဗုဒ္ဓ ဘာသာ ၀င်မှ ပြောသည်။ သံဃာတော် များထဲမှ အကြမ်းဖက် မှုကို ဦးဆောင် နေသည့် သံဃာမှာ ဂျိတ်တော ပုလဲကျောင်း ဆရာတော် ဖြစ်ကြောင်း သိရှိ ရပါသည်။ 


Comment ရေးရန်

Rohingya Exodus