နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆေးဝါးကုသမှု နည်းပါးခြင်းကြောင့် အမျိုးသမီး တစ်ဦး ကလေးမွေးဖွားပြီး သေဆုံးရ

RB News
22.8.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို ကလေး မွေးဖွားနိုင်ရန် စစ်တွေ ဆေးရုံကြီးသို့ ပို့ခဲ့ရာ၊ ကလေး မွေးဖွားပြီး တစ်နာရီ အကြာတွင် ကွယ်လွန် သွားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အသက် ၃၀ နှစ် အရွယ်ရှိ ဒေါ်ဂျမီလာ ဘေဂမ် (ဘ) ဦးဇဖရ် အဟမတ် ကို နိုင်ငံတကာ အန်ဂျီအို တစ် ခု ဖြစ်သော မာတေဇာမှ စစ်တွေ ဆေးရုံကြီးသို့ တက်ရောက်၍ ကလေး မွေးဖွားရန် ညွန်ကြား ခဲ့ခြင်း ဖြစ် သည်။ ဒေါ်ဂျမီလာကို သြဂုတ်လ (၂၀) ရက်နေ့က ညနေ ၃ နာရီတွင် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ သည်။ ထို့နောက် သြဂုတ် (၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် ကလေး မွေးဖွားပြီး သေဆုံး သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

စစ်တွေ ဆေးရုံကြီးတွင် မွတ်စလင် များတက်ရောက် ကုသခွင့် မရှိသော်လည်း နိုင်ငံတကာ အန်ဂျီအို များ ၏ အကူအညီဖြင့် တက်ရောက် ကုသခွင့် ရကြပြီး ဆေးရုံသို့ ရောက်သော လူနာ အများစုမှာ ကျန်း မာရေး ကောင်းမွန်ပြီး ပြန်မရောက်လာဘဲ၊ လူနာရှင် များမှ အလောင်းသာ ပြန်လည် ရလေ့ ရှိသော်ကြောင့် စစ်တွေ ဆေးရုံကြီးမှ ဆရာဝန် များနှင့် သူနာပြု များအပေါ် ဒေသခံ မွတ်စလင် များမှ သံသယ ဖြစ်နေ ကြသည်။

လွန်ခဲ့သည့် သြဂုတ်လ (၁၅) ရက်နေ့ ကလည်း ကလေး မွေးဖွားရန် ဆေးရုံ တက်ခဲ့သော အမျိုးသမီး တစ် ဦး မှာ ကလေး မမွေးဖွား နိုင်ဘဲ အသက် ဆုံးရှုံး ခဲ့ရသည်။ ယခု သေဆုံးရသည့် ဒေါ်ဂျမီလာ လည်း ဆေး ၀ါး ကုသမှု ညံ့ဖျင်းမှု သို့မဟုတ် ဆေးမကုသဘဲ ပစ်ထားခြင်းကြောင့် သေဆုံး ရသည် ဟု ဒေသခံ အ များစုက ဝေဖန် နေကြသည်။ 

ဒေါ်ဂျမီလာကို သြဂုတ်လ (၂၁) ရက်နေ့က စစ်တွေမြို့ မှန်စီ သင်္ချိုင်းတွင် သဂြိုဟ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။


Comment ရေးရန်

Rohingya Exodus