နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၊ အောင်မင်္ဂလာမှ ဒုက္ခသည် များကို အတင်းအဓမ္မ ပြောင်းရွှေ့ရန် အာဏာပိုင် များမှ စီစဉ်

စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်


RB News 
23.8.013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာ ဒုက္ခသည် များကို ဒုက္ခသည် စခန်းများ သို့ပြောင်းရွှေ့ရန် အာဏာပိုင်များမှ ယနေ့ ညွန်ကြားလိုက်ပြီး ၊ကြိုတင်၍ အသိပေး ခဲ့ခြင်း မရှိ ခဲ့ကြောင်း သ တင်း ရရှိ ပါသည်။ 

ယမန်နှစ်က စစ်တွေ မြို့တွင် အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ ချိန်တွင် ကျောင်းကြီးလမ်း၊ ကသဲ နှင့် ကုန်း တန်း တို့ မှ ရိုဟင်ဂျာ မိသားစု ၃၀၁ စု အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ၎င်းတို့သည် ဒုက္ခသည် စခန်း များတွင် မနေ ထိုင်လိုသောကြောင့် အောင်မင်္ဂလာ ရပ်ကွက်ရှိ ဆွေမျိုး များ၏ နေအိမ် များတွင် ခိုလှုံ ခဲ့ကြသည်။ မိ သားစု ၃၀၁ စု တွင် လူဦးရေ စုစုပေါင်း ၁၅၀၀ ကျော်ရှိရာ ၎င်းတို့ကို ဆေးသမားကြီး၊ ဘောဒူဖနှင့် အုန်းတောကြီး တို့ရှိ ဒုက္ခသည် စခန်းများသို့ သြဂုတ်လ (၂၄) ရက်နေ့တွင် ပြောင်းရွှေ့ရန် ပြည်နယ် အစိုး ရမှ ညွန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း သိရှိ ရပါသည်။ 

“၂၀၁၂ ခုနှစ်မှာ အကြမ်းဖက် ခံရတုန်းက သူတို့ရဲ့ အိမ်တွေ၊ ပစ္စည်းတွေ အကုန် ပါသွား ပါတယ်။ ဒါပေ မယ့်လည်း သူတို့တွေက ဒုက္ခသည် စခန်းတွေမှာ မနေချင် တာကြောင့် ဒုက္ခသည် စခန်း တွေကို မသွား ခဲ့ဘူး။ အောင်မင်္ဂလာမှာ ရှိတဲ့ ဆွေမျိုးတွေ အိမ်မှာဘဲ အဆင်ပြေ သလို နေကြတယ်။ အ ခုတော့ အောင်မင်္ဂလာ ရပ်ကွက်မှာ လူကြီး တစ်ယောက် ဖြစ်တဲ့ ဦးရွှေလှက သူတို့ကို မနက်ဖြန် မနက် ၉ နာရီမှာ ပြောင်းဖို့ အတွက် ပြောနေတယ်။ သူတို့က မပြောင်း ချင်ပေမယ့် ပြောင်းရ တော့မယ်။” ဟု အောင်မင်္ဂလာမှ ရိုဟင်ဂျာ တစ်ဦးက RB News သို့ပြောပါသည်။ 

အခြားသော ရိုဟင်ဂျာ တစ်ဦးမှ “ပြည်နယ် ၀န်ကြီးချုပ် ဆီက အမိန့်လို့ ပြောတယ်။ အောင်မင်္ဂလာမှာ ဒုက္ခ သည် ၁၅၀၀ လောက် မှတ်ပုံတင် ထားတာ ရှိတယ်။ ဒုက္ခသည် တွေကတော့ သူတို့ကို ဆေးသမားကြီး ဒုက္ခသည် စခန်းကို ပို့မယ်လို့ ခန့်မှန်း နေကြပေမယ့် အခုအချိန်ထိ ဘယ်ဒုက္ခသည် စခန်းကို ပို့မယ် ဆို တာ သေချာ အတိအကျ မသိရ သေးဘူး။ တချို့ကတော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ မသွားချင် တဲ့အကြောင်း ကို ပြောတယ်။ ရိက္ခာဖြတ် မယ်ဆိုရင် လည်း မသွားဘူး လို့ပြော နေတယ်။” ဟုပြောပါသည်။ 

“အာဏာပိုင် တွေကတော့ ဒုက္ခသည် တွေကို မပြောင်း ဘူးဆိုရင် ရိက္ခာ ဖြတ်မယ် လို့ ခြိမ်းခြောက် နေ တယ်။ ရိက္ခာ ကလည်း အများကြီး ရတာ မဟုတ် ပေမယ့် အောင်မင်္ဂလာ ကလူတွေမှာ ၀င်ငွေ မရှိတာ မနှစ် က ကတည်းက ဆိုတော့ ရိက္ခာ ဖြတ်မယ် ဆိုရင် စားဖို့ သောက်ဖို့ အခက် အခဲ ရှိနိုင် ပါတယ်” ဟု ၎င်းမှ ဆက်လက် ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus