နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်ဖြူကို နဖားကြိုး ထိုးရန် ကြံစည်ကြ သူများ



Robert Elhose
24.8.2013

ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှုးချူပ် ရဲ့ အထူး ကိုယ်စားလှယ် ပါမောက္ခ တောမတ်စ် အိုဟေး ကင်တားနား ရဲ့ မြန်မာပြည် ယခု ခရီးစဉ် အတွင်း မှာ မြန်မာ နိုင်ငံ အတွက် အရုပ်ဆိုး အကျည်းတန် တဲ့ မျက်နှာ ပျက်စရာ အဖြစ် အပျက် အတော် များ များ အများ ပြည်သူတို့ ကြားသိ ခဲ့ရ ပါတယ်။

တခြားသော ကိစ္စ အများ အပြားကို ထားလိုက် ပါတော့။ ဒီ မျက်နှာ ပျက်စရာ ကိစ္စ အတော် များများ ထဲမှာ အခု နောက်ဆုံး အနေနဲ့ မြန်မာ အစိုးရ တာဝန်ရှိ သူတွေ အနေ နဲ့ ကင်တား နားရဲ့ မင်္ဂလာဒုံ လေဆိပ် သ တင်း ထုတ်ပြန်ချက် အပေါ် တရားဝင် ပြန် လည် တုံ့ပြန်မှု တွေက မျက်နှာ ပျက်စရာ တွေထဲက က ရုပ် အပျက်ဆုံး ဖြစ်ရပ် တွေ လို့ ကျွန်တော်တော့ ထင်ပါတယ်။

ပထမ အနေနဲ့ မြန်မာ အစိုးရ အဖွဲ့ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ လည်းဖြစ်၊ လက်ရှိ အစိုးရ ပြန်ကြားရေး ၀န်ကြီး ဌာန ရဲ့ ဒုတိယ ၀န်ကြီး လည်း ဖြစ်တဲ့ ဦးရဲထွဋ် ရဲ့ ပြောကြား ချက် တွေပါ။ သြဂုတ်လ ၂၂ ရက်နေ့ ည ဘီဘီစီ မြန်မာပိုင်း အစီ အစဉ် နဲ့ လုပ်တဲ့ အင်တာ ဗျူးမှာ သူပြောသွား တာတွေ တော့ အများကြီး ပါပဲ။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ တစ်ချက် နှစ်ချက် လောက်ကိုပဲ ထောက်ပြ ချင်ပါတယ်။

သူပြော ချင်တာက ပါမောက္ခ ကင်တားနားက သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြားတဲ့ မိတ္ထီလာမှာ ဆန္ဒပြ တယ် ဆိုတဲ့ လူအုပ်က သူ့ကားကို ကန်ကျောက်တယ်၊ လက်သီးနဲ့ ထိုးတယ် ၊ ပြီးတော့ သူ့ ကားတံခါးကို ဆွဲ ဖွင့်ဖို့ ကြိုးစား ခဲ့ကြတယ် ဆိုတဲ့ ပြောဆိုချက် ကို ဦးရဲထွဋ် ပြန်လည် ချေပတာက ၊ "မဟုတ် ပါဘူး။ ဆန္ဒပြတဲ့ သူတွေက သူ့ကို အိတ်ပိတ်စာ နဲ့ တီရှပ် တစ်ထည် ပေးဖို့ ကြိုးစား တာပါ။ ကားတံခါး မ ဖွင့်ပေး တော့ ကားတံခါး ဖွင့်ခိုင်း တဲ့အနေနဲ့ ကားမှန်ကို ခေါက်တာပါ " ဆိုပြီး အဲ့ဒီ အချိန်က မူးရူးနေ ကြ တဲ့ ဆန္ဒပြ သူများ ဆိုသူ တွေကို ကာကွယ်ဖို့ ထင်ထင် ရှားရှားကြီး ကြိုးစား ထားတာ တွေ့ရ ပါတယ်။

နောက်တစ်ခါ မိတ္ထီလာ ခရိုင် တာဝန်ခံ ရဲမှုးကြီးနဲ့ အာရ်အက်ဖ်အေ တို့ သြဂုတ်လ ၂၃ ရက် နံနက် ပိုင်း မြန်မာ ဘာသာ အစီအစဉ် အင်တာဗျူး မှာလည်း ဒီလေသံ ပဲ ဆန္ဒပြ လူအုပ်စု တွေက သူ့ကို အိတ် ပိတ် ပေးစာ တစ်စောင်နဲ့ တီရှပ် တစ်ထည် လက်ဆောင် ပေးဖို့ ကင်တားနား ရဲ့ ကားတံခါး ကို ဖွင့်ပေးဖို့ အချက် ပေးတဲ့ အနေနဲ့ ကားမှန်တွေ ကို ခေါက်ရ တာပါ လို့ ထုချေ ထားပြန် ပါတယ်။ ကင်တားနားက ကား တံခါး မဖွင့်ပေးရ ကောင်းလား ဆိုပြီး တော့တောင် အပြစ်တင် ချင် ပုံ မျိုး။း

ပြီးတော့ အဲ့ဒီ အချိန်က မိတ္ထီလာမှာ ညမထွက်ရ အမိန့်ထုတ် ထားတဲ့ ကန့်သတ်ချိန် က ည ၁၀ နာရီ။ သဘောက ည ၁၀ နာရီ ဆို လမ်းတွေ ပေါ်မှာ လူမပြောနဲ့ ၊ ခွေး တောင် ရှိမနေရ တော့ပါဘူး။ ကင်တား နား တို့ ကားတန်း အဲ့ဒီ မိတ္ထီလာ တံတား ပေါ် ရောက်လာ ခဲ့တဲ့ အချိန်က ၁၀ နာရီ ၃၀ လို့ အားလုံး လက် ခံ ထားကြတယ်။

ဒီတော့ မေးစရာ မေးခွန်း ရှိလာ တာက ကင်တားနား လိုလူရဲ့ ကားကို ဆိုပါစို့ လူတစ် အုပ် က ဆန္ဒပြတယ် ပေါ့ဗျာ။ ဒါလက်ခံ နိုင်ပါတယ်။ ညမထွက်ရ အမိန့် နောက်ဆုံး ကန့် သတ်ချိန် နဲ့ မိနစ်သုံးဆယ် အပြင်ဖက် ကို စွန်းနေတဲ့ အချိန် မတော် မှာ လူအုပ်စုနဲ့ ဒီလို ရုန့်ရင်းတဲ့ အပြု နဲ့ ဆန္ဒပြနိုင်၊ ဆန္ဒပြ ခဲ့တာ ကပဲ ထူးဆန်း နေတာ။

ကဲ .. ကင်တားနား ကဘယ်သူလဲ။ ကင်တားနား ဆိုတာ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှုးချူပ် ဘန်ကီမွန်း ရဲ့ အထူး ကိုယ်စား လှယ်တော်။ ကုလသမဂ္ဂ ရဲ့ အထူး အခွင့် အာဏာ (Mandate) အပ်နှင်းခံ ရသူ တစ်ဦး အနေ နဲ့ မြန်မာပြည် ကို လာခဲ့ တာ။ သူ့ဟာသူ ပျော်လို့ ငါးမျှား ထွက်လာတာ မ ဟုတ်ပါ ဘူး။ သူလာတာ ကုလ အတွင်းရေး မှုးချူပ် ကိုယ်တိုင် လာတဲ့ သဘော သက် ရောက်တယ်။ 

ကုလ အတွင်းရေး မှုးချူပ်လို လူက နေရာ တိုင်းကို အသေးစိတ် သွားပြီး စစ်ဆေး မေးမြန်း တာတွေ လုပ်ဖို့ အခြေ အနေ မပေးဘူး။ အချိန် မရှိဘူး။ ဒါ့ကြောင့် သူ့ ကိုယ်စား လာ တာ။ လေးစား လောက်တဲ့ သိက္ခာ သမာဓိ ရှိသူ၊ ပညာရည် ရှိသူ၊ နိုင်ငံ တကာ အတွေ့ အကြုံ ရှိသူများ သာ ဒီလို ရာထူးမျိုး ထမ်းဆောင် နိုင် ပါတယ်။ ဦးရဲထွဋ် လိုလူမျိုး ဒါမျိုး ရာထူး သွားထမ်းဆောင် ချင်လို့လည်း အနားတောင် သိနိုင်မှာ မဟုတ်ပါ။

ဒီတော့ ဒီလို အဆင့် ရှိသူ ကို လမ်းဘေးမှာ တွေ့တဲ့ ဘယ်သူမှန်း မသိရသူ လူအုပ်စု က ခပ်လှမ်းလှမ်း ကနေ ဆန္ဒပြတာ မဟုတ်ဘဲ၊ အနား ကပ်လာ၊ ပြီးတော့ တံခါးပါ ဖွင့်ခိုင်းတာ ဆိုတော့။

ဥပမာဗျာ သမ္မတ ဦးသိန်းစိန် ကိုပဲ ဆိုပါစို့။ မင်္ဂလာဒုံ လေဆိပ်လို နေရာမျိုးမှာ သူ့ကားတန်း ထွက်လာ တဲ့ အခါ မကျေနပ်သူ လူတစ်စု က ဆန္ဒပြတယ် ပေါ့ဗျာ။ သမ္မတ ကို တီရှပ် တစ်ထည် ပေးချင်တယ်။ ဒီတော့ သမ္မတ စီးလာတဲ့ ကား ကို အနား ကပ်ပြီး တံခါး သွားဖွင့် ခိုင်းတယ်။ ပုံစံ အနေ အထား တွေကြည့် ရတာ ကလည်း မူးရူးသောက် စား ထားတဲ့ ပုံစံတွေ ဆိုတာ မြင်ရုံ နဲ့တင် သိသာ နေတယ်။ ဒီတော့ သမ္မတ က တံခါး ဖွင့်ပေး မလား။ ဖွင့်မပေး ဘူးလား။ ဒါမျူိး လုပ်လာ ခဲ့ရင် ကားတန်းမှာ အသင့် ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ များကရော ဘယ်လို တုန့်ပြန် ကြမှာလဲ။

ကျွန်တော်လည်း သမ္မတကြီးကို ဆန္ဒပြတဲ့ အနေနဲ့ သမ္မတ ကိုတီရှပ် တစ်ထည် သွားပေး ချင်ပါတယ်။ ဒါ့ကြောင့်သမ္မတကားနားကိုကပ်သွားပြီးကားတံခါး ဖွင့်ပေးဖို့ မှန်တံခါး ကို ခြေထောက်နဲ့ ကန် ပြိး ခေါက်ချင် ပါတယ်။ ရမလား ခင်ဗျာ။

သမ္မတ အဆင့် ထားပါဦး တိုင်းမှုး အဆင့်လောက် ရှိသူတစ်ဦး ကို ဒီအချိုးမျိုး သွားချိုး ရင်ရော ဒါမျိုး သွားလုပ်တဲ့ သူတွေ ဘာဖြစ်သွား နိုင်သလဲ။ ပြီးတော့ ညမထွက်ရ ကာ ဖျူးအမိန့် ထုတ်ထားတဲ့ အချိန် မျိုးကြီးမှာ။ ဘာဖြစ်သွား နိုင်သလဲ ဆိုတဲ့ အဖြေကို မြန် မာပြည် မှာ မွေးပြီး ကြီးခဲ့တယ် ဆိုရင် အားလုံး သိပါတယ်။

မစ္စတာ ကင်တားနား ရဲ့ ကားတန်း ကိုဒါမျိုး သွားလုပ် ခဲ့ပါတယ်။ ဒါကို တီရှပ်နဲ့ စာပေး ချင်လို့ တံခါးဖွင့် ဖို့ မှန်ကို ခေါက်တာ ပါဆို ပြီး အစိုးရ နဲ့ နယ်မြေ စိုးမိုး ရေး အာဏာ ကို ဖော်ဆောင် နေကြတဲ့ တာဝန်ရှိ သူများက တာဝန်မဲ့ တုံ့ ပြန် ခဲ့ပါတယ်။ တံခါး မဖွင့် ပေးရ ကောင်းလား ဆိုပြီး အပြစ် တင်ချင်တဲ့ သဘော ထား ကိုလည်း တွေ့ရပါတယ်။ ဒါဟာ မိုးကြိုး ပစ်ရာ ထန်းလက် နဲ့ ကာ ဆိုသလို အင်မတန် ရယ် ဖွယ် ကောင်းတဲ့ ပျက်လုံး သက်သက် ပါပဲ။ ရယ်စရာ လည်း ဟာသဂုဏ် မမြောက်လှတဲ့ ပျက်လုံး ပဲ ဖြစ် ပါ တယ်။

ဒီလို လုပ်ရပ်မျိုး လုပ်ခဲ့ကြ သူတွေ နဲ့ သူတို့ရဲ့ လုပ်ရပ်ကို ရယ်ဘွယ် ကာကွယ် ပေး နေကြသူတွေ ဟာ ဆင်ဖြူတော် ကို နွားအမှတ် နဲ့ နဖားကြိုး ထိုး ဖို့ ကြိုးစား နေသူ တွေလို ပါပဲ။ ကိုယ့်အဖြစ် ကိုယ်ပြန် မမြင် နိုင်တာမို့ ကိုယ့်ကိုကိုယ် ဘာမှန်း ညာမှန်း မသိကြ ပေမယ့် အများ အမြင် မှာတော့ ဆင်ဖြူတော်ကို နဖား ကြိုးထိုးဖို့ ကြံ သူများ သာ နွားလုံးလုံး ဖြစ်တယ် ဆိုတာ လယ်ပြင် ဆင်သွားသလို ထင်ရှား လှပါတယ်။ 

နောက်နောင်ဆင်ခြင်ဖို့နဲ့ တွေးတော နိုင်စေဖို့မိချောင်းမင်းများကိုရေခင်းပြနေရခြင်းသာ ဖြစ် ပါကြောင်း ရေး သားရင်း နိဂုံးချူပ် ခွင့်ပြုပါ ခင်ဗျာ။

Comment ရေးရန်

Rohingya Exodus