နောက်ဆုံးသတင်း/ဆောင်းပါးများ

ထန်းကုန်းတွင် မွတ်စလင် အိမ် ၃၄ လုံးနှင့် ဆိုင် ၈ ဆိုင် မီးရှို့ဖျက်ဆီး ခံရ

အကြမ်းဖက် မီးရှို့ခံရသည့် ထန်းကုန်း (ဓါတ်ပုံ - NY Kogyi Facebook)

RB News
25.8.2013

ကန့်ဘလူ ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူ မြို့နယ်၊ ထန်းကုန်းတွင် ယမန်နေ့ ညက ဗုဒ္ဓဘာသာ ၀င်များ၏ အကြမ်းဖက် မှုကြောင့် မွတ်စလင် နေအိမ် ၃၄ လုံးနှင့် ဆိုင် ၈ ဆိုင် မီးရှို့ဖျက်ဆီး ခံလိုက် ရကြောင်း သတင်း ရရှိပါသည်။ 

မန္တလေးမြို့၊ မစိုးရိမ် ကျောင်းတိုက် တွင် အခြေစိုက် သော ဦးဝီရသူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် မွတ်စ လင် အမျိုးသား ၃ ဦးမှ ၁၉ နှစ် အရွယ် ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်သည်ဟု မဟုတ်မမှန် လီဆယ်၍ လုပ်ကြံ ရေးသား၍ အခင်း စတင် ဖြစ်ပွားသည့် အချိန်တွင် လွှင့်တင် ခဲ့သည်။ ယမန်နှစ် ကစပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုန်း ဖြစ်အောင် လှုံ့ဆော်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော Eleven Media Group ကလည်း အဓမ္မကျင့် ခြင်းကြောင့် အကြမ်းဖက် မှုဖြစ်ပွား ရသည်ဟု ရေးသား လှုံ့ဆော် ထားသည် ကိုတွေ့ရှိ ရသည်။ 

ဘီဘီစီ မြန်မာပိုင်းမှ ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ဆက်သွယ် မေးမြန်း ရာတွင် မုဒိန်းမှု ကျူးလွန်ခြင်း မရှိဘဲ၊ မွတ်စလင် လူငယ် တစ်ဦးမှ ဗုဒ္ဓဘာသာ အမျိုးသမီး တစ်ဦးကို ဖက်ရန် ကြိုးစား ခဲ့ခြင်း သာဖြစ်သည် ဟု ပြော ဆို ခဲ့သည်။ ထိုလူငယ် ကိုလည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီး၍ စစ်ဆေး နေ ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။ 

ယနေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန အင်တာနက် စာမျက်နှာတွင် အစိုးရ ၀န်ကြီးဌာနဖြစ်ပြီး၊ အခင်း ဖြစ်ပွားပြီး ၂၄ နာရီ အ ကြာလောက် တွင် သတင်း ရေးသား သော်လည်း တရားခံ၏ အမည်ကို မဖော်ပြ နိုင်ဘဲ၊ မုဒိန်းကျင့်ရန် ကြိုး စား သည်ဟု ရေးသား ထားသည်ကို တွေ့ရှိ ရပါသည်။ 

ယမန်နေ့ ညက အကြမ်းဖက် မှုကြောင့် ထန်းကုန်းရှိ မွတ်စလင် နေအိမ် ၃၄ လုံးနှင့် ဆိုင် ၈ ဆိုင် မီးရှို့ ဖျက် ဆီး ခံခဲ့ရကြောင်း ဒေသခံ များ၏ ပြောကြားချက် အရ သိရှိ ရပါသည်။ အကြမ်းဖက် သမား များမှ မီးရှို့မှု များကို ည ၉ နာရီ ခန့်တွင် စတင်ခဲ့ပြီး၊ ယနေ့ နံနက် အစောပိုင်းမှ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ အကြမ်းဖက် နေစဉ် အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ် ရှိနေသော်လည်း ထိန်း သိမ်း နိုင်ခြင်း မရှိ ခဲ့သည်ကို တွေ့ရှိ ရပါသည်။ 

မိတ္တီလာ မြို့တွင် မွတ်စလင် ကျောင်းသားနှင့် ဆရာ ၃၀ ကျော်ကို မီးရှို့ သတ်ဖြတ် ခဲ့သည့် ဗုဒ္ဓဘာသာဝင် တရားခံ များကို ထောင်ဒဏ် နှစ်နှစ်သာ ချမှတ်ပြီး၊ အကြမ်းဖက် ခံရသည့် မွတ်စလင် ရွှေဆိုင် ပိုင်ရှင် များကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းကို ကြည့်ခြင်း အားဖြင့် မြန်မာ နိုင်ငံ၏ တရားစီရင် မှုသည် အ စွန်းရောက် တရားစီရင်မှု သာဖြစ်ပြီး မြန်မာ နိုင်ငံသား မွတ်စလင် များကို ကာကွယ် ပေးခြင်း မရှိသည် ကို လေ့လာ တွေ့ရှိ ရပါသည်။ 

ထန်းကုန်းတွင် ယမန်နေ့ ညက အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား သွားသော မွတ်စလင် များသည် ယခု အခါ ထန်း ကုန်းရှိ မွတ်စလင် ဘာသာရေး ကျောင်းတွင် ခိုလှုံလျက် ရှိပါသည်။

Comment ရေးရန်

Rohingya Exodus