ရခိုင်လူမျိုး ဆရာမများ၏ ကျင့်ဝတ်မဲ့ ပြောဆိုမှုများကြောင့် ကလေးများ စာသင်ရန် စိတ်ပျက်လာ
RB News
1.9.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ အခြေခံ ပညာ အထက် တန်းကျောင်း တွင် ဆရာမ အချို့၏ ကျင့်ဝတ်မဲ့ ပြောဆိုမှု များကြောင့် ကျောင်းသား/သူ များ ပညာ သင်ကြားရန် စိတ်ပျက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ်က အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ဘူးသီးတောင် မြို့နယ် အခြေခံ ပညာ အထက်တန်းကျောင်းတွင် ရခိုင်လူမျိုးကျောင်းသား/သူများနှင့် ရိုဟင်ဂျာ လူမျိုး ကျောင်း သား/သူ များကို သီးခြား စာသင် ခန်း များ ခွဲ ၍ သင် ကြား လျက် ရှိ ရာ ယ ခု တိုင် ဖြစ် ပါ သည်။ ရ ခိုင်လူမျိုး ဆ ရာ မလေး ဦး ဖြစ် သူ ဒေါ်အောင်မြသာ၊ ဒေါ်လှလှခိုင်၊ ဒေါ်မကျော့ဦးနှင့် ဒေါ်သန္တာအေး တို့မှ စာ သင်ချိန်တွင် ရိုဟင်ဂျာ ကျောင်း သား/သူ များကို ဘာသာရေး၊ လူမျိုးရေးကို စော်ကားသည့် အသုံးအနှုန်း များ ဖြင့် ပြော ဆို လျက် ရှိကြောင်း သိရှိရပါသည်။ ထို့အပြင်ကျောင်း သား/သူများ ပညာ သင် ကြား ချင် စိတ်မ ရှိတော့ လောက် အောင် ပြော ဆို မှုများ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ များမှ ပြောသည်။
“ကျောင်းသား/သူ တွေရဲ့ နာမည် တွေကို ဘယ်တော့မှ မသုံးဘူး။ ကုလား၊ ကုလားမ လို့ဘဲ ခေါ်တယ်။ ဆရာမ တွေ ကျောင်းမှာ စာသင်ရင် ကလေး တို့ရေ လို့သာ သုံးတာ ရှိပါတယ်။ အခုတော့ ကုလားတို့ရေ ဆိုပြီး တော့သာ သုံးတယ်။ ပြီးတော့ မင်းတို့ ကုလား တွေကို ငါတို့ စာသင်ပေး ချင်တာ မဟုတ်ဘူး” ဟု နေ့စဉ် နေ့တိုင်း ခွဲခြား ဆက်ဆံ မှုများ လုပ်၍ ပြောဆို နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့အပြင် ကောလဟလ များဖြစ်နေသည့် လက်နက်ကိုင် အဖွဲ့သို့ ကျောင်းသား များကြီးပြင်း လာလျှင် ၀င်ရောက်မည်ဟု စွပ်စွဲမှုများ ပြုလုပ်သည် ဟုဆိုသည်။ “မင်းတို့ ကုလားတွေက ကြီးလာရင် RSO ထဲမယ့် သူတွေ။ မင်းတို့က ကြီးလာရင် အကြမ်းဖက် သမားတွေ ဖြစ်လာမှာ။ အဲဒီတော့ မင်းတို့လို အကြမ်းဖက် သမားတွေကို ငါတို့ ဘာလို့ စာသင်ပေး ရမလဲ။ ဆိုတဲ့ စကားမျိုးတွေ လည်း ခဏခဏ ပြောတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။
ထိုကဲ့သို့ ပြောဆိုမှု များကြောင့် ရိုဟင်ဂျာ ကျောင်းသား/သူ အချို့ ကျောင်းမသွား တော့ဘဲ ကျောင်းထွက် လိုက်သည်များ ပင်ရှိသည်ဟု သိရှိ ရပါသည်။ “ကလေးတွေကို အဲဒီလို မဟုတ်တန်း တရားတွေ ပြော တယ်။ ပြီးတော့ ခွဲခြား ဆက်ဆံမှု တွေအရမ်း လုပ်တော့ တချို့ ကလေးတွေ ကျောင်း ထွက် လိုက်ကြ တယ်” ဟု ဆိုသည်။
ကျောင်းသား/သူ များ ပညာသင်ချင် စိတ်ပပျောက် လာအောင်လည်း အစဉ်တစိုက် ပြုလုပ်လျက် ရှိကြောင်း သိရှိ ရသည်။ “ဆရာမတွေက ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ စစ်တွေနဲ့ အခြားမြို့တွေ ကို ကြည့်၊ မင်းတို့ ကုလားတွေ အကုန် သေနေကြပြီ၊ မင်းတို့လည်း သူတို့လို တနေ့ သေရမှာ၊ စာ သင်လို့လည်း ဘာထူးမှာလဲ၊ မင်းတို့ သေရမယ့် နေ့ကို စောင့်နေကြ လို့လည်း အမြဲပြောတယ်။ အဲဒီ လို ပြောတော့ မသိနားမလည်တဲ့ ကလေး တွေရဲ့ စိတ်ဓါတ်တွေ ပျက်စီးလာတယ်။ အဲဒီကျောင်းကို သွားပြီး အဲဒါတွေ နားထောင်ဖို့ မသွားချင်ကြ တော့ဘူး” ဟုဆိုသည်။
ဒေါ်အောင်မြသာနှင့် ဒေါ်လှလှခိုင် တို့သည် အလယ်တန်းပြ ဆရာမ များဖြစ်ပြီး၊ ဒေါ်မကျော့ ဦးနှင့် ဒေါ် သန္တာ ဦး တို့မှာ မူလတန်းပြ ဆရာမများ ဖြစ်သည်။