နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းသားငယ်ကို ရိုက်၍ ဖခင်ဖြစ်သူ၏ ဆိုင်ကို လုံထိန်းများမှ လုယက်ရန်ကြိုးစား

RB News
21.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာတွင် သြဂုတ်လ (၁၉) ရက်နေ့ ညနေပိုင်းက လုံထိန်း ၃ ဦးမှ ခြောက်တန်း ကျောင်းသား တစ်ဦးကို ရိုက်နှက်၍ ညပိုင်း တွင် ကျောင်းသား၏ ဖခင်ဆိုင်ကို လုယက်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၁၉)ရက်နေ့ ညနေ ၅း၂၅ နာရီတွင်မောင်တောမြို့၊ဇော်မ တက်ကျေးရွာ မှကျောင်း တက် ၍ ပြန် လာသော ခြောက်တန်း ကျောင်းသား မောင်ရိုမာဒင် (ဘ) ဦးဟာဘီရန် အား ပညောင်ပင်ကြီး (ဒုန်ခါ လီ) ရှိ မိုးဝင်း စစ်ဆေး ရေးဂိတ်မှ လုံထိန်း ၃ ဦးက မတ်တပ်ရပ်၍ အလေး မပြုဟု အကြောင်းပြ၍ လူမဆန် စွာ ရိုက်နှက် ခဲ့သည်။ ထိုသို့ ရိုက်နှက် ပြီးနောက် ရွာထဲသို့ ၀င်၍ ရွာအတွင်းရှိ ဗလီထဲတွင် ဘင်္ဂလား ဖုန်းတစ်လုံး ဖွက်ထားသည်ဟု အကြောင်းပြ၍ ဖိနပ် မချွတ်ဘဲ ဗလီထဲသို့ ၀င်ရောက် ရှာဖွေ ခဲ့ကြောင်း သိရှိ ရပါသည်။

“သူတို့ရဲ့ အလုပ်က စစ်ဆေးရေး ဂိတ်မှာ တာဝန် ထမ်းဆောင် ဖို့ပါ။ ကျောင်းသားလေးက သူတို့ကို အလေး ပြု စရာ ဘာအကြောင်းမှ မရှိဘူး။ အကြောင်းမဲ့ အပြစ်ရှာပြီး ရိုက်နှက် ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ ဗလီ ထဲမှာ ဘင်္ဂလား ဖုန်းတစ်လုံး ဖွက်ထားတယ် ဆိုပြီး ဖိနပ် မချွတ်ဘဲ ဗလီထဲ ၀င်တယ်။ ဒါက ဘာ သာရေး စော်ကားမှု တစ်ခုပါဘဲ။” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ထို့အပြင် ည ၈း၃၀ နာရီတွင် ကျောင်းသားငယ်၏ ဖခင် ဖြစ်သူ ဦးဟာဘီရန် (ဘ) ဦးအီစ္စမိုင်လ် (အသက် ၃၉ နှစ်) ၏ ဆိုင်ကို အဆိုပါ လုံထိန်း ၃ ဦးမှ ၀င်၍ လုယက်ရန် ကြိုးစား ခဲ့သည်။ ရွာသားများ အားလုံးမှ လုယက် နေသည်ကို ကာကွယ်ရန် ကြိုးစား သောအခါ လုံထိန်းများမှ ပစ်ခတ် ခဲ့သည်။ 

“ညပိုင်းမှာ ကျောင်းသားလေးရဲ့ အဖေ ဆိုင်ကို ၀င်ပြီး လုတယ်။ ကျွန်တော်တို့ ရွာသားတွေက ၀င် တားတော့ ကျွန်တော် တို့ကို သေနတ်နဲ့ ပစ်တယ်။ ကံကောင်းလို့ ဘယ်သူ့ ကိုမှ တော့မထိဘူး။ နစ က တွေပြောင်း သွားပေမယ့်လည်း အခု လုံထိန်းတွေက နစက နဲ့ တစ်ပုံစံတည်းပါ။ ကျွန်တော်တို့ ရွာ မှာ အေးအေး ချမ်းချမ်း နေကြ ပေမယ့်လည်း၊ အရင်တုန်းက နစက၊ အခုတော့ လုံထိန်း တွေရဲ့ မတရား ညှင်းပန်း နှိပ်စက် မှုတွေကြောင့် အတော်လေး ဒုက္ခရောက် နေရတယ်” ဟု ၎င်းမှ ဆက် လက် ပြော ပါသည်။ 

Comment ရေးရန်

Rohingya Exodus