March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သံတွဲမြို့မှ ဒေသခံ မွတ်စလင် တစ်ဦးအား ဆက်သွယ် မေးမြန်းခြင်း

တောင်ကုတ်မြို့တွင် ရက်စက်စွာ အသတ်ခံရသည့် မွတ်စလင် ၁၀ ဦး၏ ကဗရ်များ 

မင်းအောင်
RB News
19.8.2013

သံတွဲမြို့တွင် လက်ရှိ ဖြစ်ပေါ်သော အခြေအနေ များနှင့် ပတ်သက်၍ RB News မှ ဒေသခံ မွတ်စလင် တစ်ဦးနှင့် ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

မေး ။ ။ ကျွန်တော်တို့ သံတွဲမြို့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ကြားနေ ရတယ်။ ၂၅/၂၆/၂၇ ရက်နေ့ တွေမှာ ဗုဒ္ဓဘာသာ အစွန်းရောက် အုပ်စု တွေက အသေ အချာ စီမံကိန်း ဆွဲပြီး ဒုတိယ မိတ္တီ လာ ဖြစ်အောင် အကြမ်းဖက် မယ်ဆိုတဲ့ သတင်း တွေလည်း ကြားနေ ရပါတယ်။ အဲဒါ ဟုတ်သလား အစ်ကို။ 

ဖြေ ။ ။ အသေ အချာ စီမံကိန်း ဆွဲနေတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဘာလို့ ကျွန်တော် အတိ အကျ ပြောလို့ ရသလဲ ဆိုရင် အစွန်းရောက် အုပ်စုတွေနဲ့ ပတ်သက်ပြီး စာရွက် စာတမ်း အထောက် အ ထား တွေရယ်၊ ဓါတ်ပုံ အထောက် အထား တွေရယ်၊ အသံဖိုင် တွေရယ် ကျွန်တော်တို့ ရထား ပါတယ်။ ပြီးတော့ ဒီအစွန်းရောက် အုပ်စုဝင် တွေ သံတွဲမြို့နဲ့ ပတ်ဝန်းကျင် နယ်တွေမှာ သွားလာ လှုပ်ရှား စည်း ရုံးရေး ဆင်းနေတာ တွေကို ကြည့်ခြင်း အားဖြင့် ဒီတစ်ခေါက်တော့ အကြမ်းဖက်မယ့် စီမံကိန်းကို အသေ အချာ ဆွဲထားတယ် ဆိုတာ အတိအကျ ပြောလို့ ရပါတယ်။ အစွန်းရောက် ခေါင်းဆောင် ရဲအောင် လံ ကျော်ကျော် အပါအ၀င် ခေါင်းဆောင် တချို့ဆီကို အပြင် နေရာတွေ က ငွေတွေ ရောက် လာ နေတယ် ဆိုတဲ့ အထောက် အထား တွေလည်း ကျွန်တော်တို့ ရထားတယ်။ အထောက် အထား တော်တော် များများ ကိုတော့ အာဏာပိုင် အဖွဲ့ အစည်း တွေကို ကျွန်တော်တို့ ပို့ထား ပြီးပြီ။ ဒီအ စွန်းရောက် အုပ်စုရဲ့ လုပ်ရပ်ကို သံတွဲမြို့ခံ ဗုဒ္ဓ ဘာသာဝင် အများစုရော၊ မွတ်စလင် တွေရော မလိုလားဘူး။ ဒီပြဿနာကို အာဏာ ပိုင် တွေ ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကိုဘဲ လောလောဆယ် ကျွန်တော်တို့ စောင့် ကြည့် နေ ပါတယ်။

မေး ။ ။ သံတွဲမြို့မှာ ၁၄၄ ထုတ်ထားတယ် ဆိုတာကော ဟုတ်ပါသလား။ 

ဖြေ ။ ။ ဟုတ်ပါတယ်။ ၁၄၄ ကတော့ ရှိနေ ပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် ဒီအမိန့်က မွတ်စ လင် တွေ နဲ့ သာမာန် ဗုဒ္ဓ ဘာသာဝင် တွေကလွဲပြီး အစွန်းရောက် အုပ်စု တွေဆီမှာ မသက်ရောက် ဘူး။ ရဲအောင်လံ ကျော်ကျော် တို့အုပ်စု ည ၁၀ နာရီ ၁၁ နာရီ ကျော်မှာလည်း သံတွဲမြို့ထဲ မှာ ကားတွေနဲ့ သွားလာ နေကြတာဘဲ။ သာမာန် အရပ်သားတွေ သွားရင် ဖမ်းပြီး ထောင် ချတယ်။ 

မေး ။ ။ ကျွန်တော်တို့ သတိထား မိနေတာ တစ်ခုက အကြမ်းဖက် ခံလိုက်ရတဲ့ တခြားမြို့ တွေမှာ ဆိုရင် ဗုဒ္ဓ ဘာသာ အကြမ်းဖက် သမားတွေရဲ့ လျှို့ဝှက် သတင်းတွေ တော်တော် တန်တန် ပေါက်ကြားတယ် ဆို တာ မရှိသလောက်ဘဲ။ သံတွဲမြို့ ကျတော့ လျှို့ဝှက် စာရွက် စာတမ်း အထောက် အထားတွေ အကြမ်း ဖက် မှုတွေကို ဦးဆောင် လှုပ်ရှားနေတဲ့ လူနာမည် တွေနဲ့ လိပ်စာ တွေပါ အတိအကျ ထွက်လာ တယ်။ လူ ထု မီဒီယာ တွေမှာလည်း တော်တော် ပြန့်နေတာ တွေ့ရတယ်။ သံတွဲမြို့ရဲ့ ဒီထူးခြား ချက် အပေါ် အစ်ကို့ အနေနဲ့ ရှင်းပြလို့ ရနိုင်မလား မသိဘူး။

ဖြေ ။ ။ ဒီအကြမ်းဖက် အုပ်စုထဲမှာ သံတွဲမြို့ခံ လုံးဝ မပါသလောက်ဘဲ။ အဓိက ဦးဆောင်ပြီး လုပ်နေ တာက ရခိုင် ပြည်နယ် တခြား မြို့တွေက သံတွဲမြို့ကို ပြောင်းလာ နေတဲ့ လူတွေနဲ့ နယ်က လူတ ချို့ ပူးပေါင်းပြီး လုပ်နေတာ။ ကျွန်တော် ရှေ့က ပြောခဲ့ သလို ဒီအကြမ်းဖက် မှုတွေကို သံတွဲမြို့ခံ ဗုဒ္ဓ ဘာ သာဝင် တွေက လုံးဝ မလိုလားဘူး။ သံတွဲမြို့ ဆိုတာ ဗုဒ္ဓ ဘာသာနဲ့ မွတ်စ လင်တွေ ရော ပြီး နေ ကြ တာ။ ဖြစ်လာရင် မြို့ခံ တွေအားလုံး ဆုံးရှုံး နစ်နာမှာ။ ပြီးတော့ သံတွဲ သမိုင်း ကို ကြည့်ရင် သံတွဲမြို့ရဲ့ ဂုဏ် ကို ဆောင်ခဲ့၊ ဆောင်ဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ် တွေထဲမှာ မွတ်စ လင် တွေ အများ ဆုံး ဘဲလေ။ ဗုဒ္ဓဘာသာ ဖက် က ကြည့်မယ် ဆိုရင်လည်း သမိုင်းဝင် ဆံတော်၊ အံတော်၊ နံတော် ဆို တဲ့ စေတီတော်မြတ် သုံးဆူနဲ့ ကာရံ ထားတဲ့မြို့။ တနည်း အားဖြင့် ဗုဒ္ဓ ရဲ့ မေတ္တာ အေး ရိပ် အောက်မှာ ရှိနေတဲ့ မြို့ဆိုတော့ ဒီမြို့မှာ ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက် ကတည်းက အတူတူ ငြိမ်းငြိမ်း ချမ်း ချမ်း နေ လာကြတဲ့ ကျွန်တော် တို့တွေဟာ တစ်ဦး အပေါ် တစ်ဦး နားလည်မှု ရှိကြတယ်။ ဒါကြောင့် သံ တွဲမြို့ခံ ဗုဒ္ဓဘာသာ ၀င်ထဲက လူတချို့က အ ကြမ်းဖက် သမား တွေရဲ့ လှုပ်ရှားမှု အားလုံးကို ထဲထဲ ၀င် ၀င် လေ့ လာ စောင့် ကြည့် ပြီးတော့ ရရှိလာ တဲ့ သတင်း အချက် အလက်တွေ၊ အထောက် အထားတွေကို မွတ် စ လင် တွေနဲ့ ပူးပေါင်းပြီး အာဏာပိုင် အ ဖွဲ့အစည်းကို အသိပေးတယ်။ ဒီလိုနဲ့ အားလုံး ပူးပေါင်းပြီး သံ တွဲမြို့ကို ဒုတိယ မိတ္တီလာ မဖြစ်အောင် ၀ိုင်းဝန်း ကာ ကွယ် နေကြတာ။

မေး ။ ။ အကြမ်းဖက် ခေါင်းဆောင် တွေရဲ့ လူနာမည်၊ နေရပ် လိပ်စာ အတိအကျကို အစ်ကို တို့သိနေတယ်။ အာဏာပိုင် အဖွဲ့အစည်း ကိုလည်း အစ်ကိုတို့ အသိပေး ထားပြီးပြီ ဆိုတော့ အာဏာ ပိုင် တွေက ဒီလူတွေကိုဘာဖြစ်လို့ အခုထိ ဖမ်းဆီး အရေးယူမှု မရှိသေးဘဲ ဆက်လက် အကြမ်းဖက် ခွင့်ပေးထား သလို ဖြစ်နေတဲ့ အပေါ်မှာ အစ်ကိုတို့ အနေနဲ့ ဘယ်လို ထင်မြင် ယူဆ ကြပါသလဲ။

ဖြေ ။ ။ ဒါကတော့ ကျွန်တော် ဖြေနေရင် ပြည့်စုံမှာ မဟုတ်ဘူး။ မဖြေဘဲ နေရင် ပိုပြည့်စုံမယ် ထင်တယ်။ ရယ်စရာ အနေနဲ့ ပြောရရင်တော့ သံတွဲမှာ ခလရ (၅၅) တပ်ရင်း တစ်ရင်း ရှိတယ်။ ရဲတွေ ရှိတယ်။ အ ကြမ်းဖက်အုပ်စု ကခလရ (၅၅)ထက် အာဏာပိုရှိနေတယ်လို့ သုံးသပ်ရင် ရနိုင်မယ် ထင် တယ်။ နေ ပြည်တော် က အာဏာပိုင် အဖွဲ့အစည်း ကဘဲ သံတွဲ အကြမ်းဖက် အုပ်စုထက် ပိုကြီး နေ တာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော် တို့လည်း နေပြည်တော်က လူတွေကိုဘဲ မျှော်နေ ရတယ်။

မေး ။ ။ နောက်ဆုံး အနေနဲ့ မေးချင်တာက သံတွဲမြို့က မွတ်စလင် တွေအနေနဲ့ ကြုံတွေ့ လာနိုင် မယ့် ပြဿနာ တွေအပေါ် ဘယ်လို ရင်ဆိုင် ဖြေရှင်းဖို့ စဉ်းစား ထားကြပါသလဲ။ ပြီးတော့ မွတ်စ လင် မိသားစု တချို့ ရန်ကုန်မြို့ကို ပြောင်းရွှေ့ သွားကြတယ် ဆိုတာကော ဟုတ်ပါသလား။

ဖြေ ။ ။ မွတ်စလင် မိသားစု တချို့ ရန်ကုန် ပြောင်းသွား ကြတယ် ဆိုတဲ့ သတင်းက ကျွန်တော်တို့ လေ့လာ ကြည့် သလောက် မဟုတ်ဘူး။ ဒါပေမယ့် ဗုဒ္ဓ ဘာသာဝင် တချို့ ပြောင်းရွှေ့ သွားတယ် ဆိုတဲ့ သ တင်းတော့ ကြားသိရတယ်။ ကျွန်တော်တို့ မွတ်စလင် တွေအနေနဲ့ ကတော့ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်း နဲ့ရော အာဏာပိုင် အဖွဲ့အစည်း နဲ့ပါ ပူးပေါင်းပြီး သံတွဲမြို့ အတွင်း ပြဿနာ လုံးဝ မဖြစ်ရအောင် ကြိုး စား ဆောင်ရွက် နေပါတယ်။ တကယ်လို့ များ ကြိုတင် တားဆီး ကာကွယ်လို့ မရခဲ့ရင်လည်း မွတ်စ လင် တွေ အနေနဲ့ မိမိကိုယ်ကို ကာကွယ်ရုံမှ အပ တခြား ရွေးချယ် စရာ နည်းလမ်းတော့ မရှိဘူး။ လူ တစ်ယောက်မှာ ပစ္စည်း ဥစ္စာ ဆုံးရှုံးတာထက် လူ့ဂုဏ်သိက္ခာ ဆုံးရှုံးတာက ပိုကြီးမား ပါတယ်။ ရှေ့က မတရား အကြမ်းဖက် ခံခဲ့ရတဲ့ မွတ်စလင် ညီနောင် တွေရဲ့ အဖြစ် အပျက်တွေ သူတို့ကြုံတွေ့ နေရတဲ့ ဒုက္ခ တွေဟာ ကျွန်တော်တို့ ခြေထောက် တွေကို မြဲမြဲခိုင် စေပါတယ်။ ပါရှန် လူမျိုးတွေ စတင် စတေး ချရာ၊ သူတော်စင် ၀လီ၊ ဆူဖီကြီးတွေ လျှေင်စက်ရာ ဒီသံတွဲ နယ်ဟာ (ကာရ် ဘာလ္လာ) သမိုင်းနဲ့လည်း သိပ်မစိမ်း ပါဘူး။ (ဆွဗာရ်) ဆိုတဲ့ ကြံ့ကြံ့ ခိုင်ခြင်း အလံကို သံတွဲက မွတ်စလင်တွေ အမြင့်ဆုံး လွှင့်ထူ ကြမယ် လို့တော့ နောက်ဆုံး အနေနဲ့ ဆုံးဖြတ်ထား ကြပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus