November 10, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ကမ္ဘာ့သတင်း

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တောင်းပန်ပါသည် မြန်မာပြည်

ဌေးလွင်ဦး
RB News
20.8.2013

လူထုက ကြည်ညိုသည် ဖြစ်စေ၊ မကြည်ညိုသည် ဖြစ်စေ- မြန်မာပြည်ကို တာဝန်ခံ ဦးဆောင် နေတဲ့ ခေါင်း ဆောင်တစ်ဦး (လက်ရှိ သမ္မတ)နဲ့ အပေါင်းပါ များဟာ မကြာမှီ အချုပ်ထဲကို ရောက်ရ တော့မှာပါ။ ဒီအတွက် မှား သည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ ကျွန်ုပ် အနေနဲ့ မြန်မာ ပြည်သူ ပြည်သား အပေါင်းအား တောင်းပန် လိုပါတယ်။ 

လူနည်းစု များကို တန်းတူ ညီမျှ အခွင့် အရေး မပေးဘဲ- အနိုင်ကျင့် ချိုးနှိမ်ထားမှု၊ ဘာသာ မတူတဲ့ လူနည်းစု များကို လူမျိုးပြုတ် သတ်ဖြတ်မှု၊ ဒုက္ခသည် စခန်းက ဒုက္ခသည်များ အပေါ် အလွန်အမင်း ခွဲခြား ဆက်ခံပြီး- လူမဆန်စွာ တစ်ဘက်သတ် နှိပ်ကွပ်မှု၊ ဘာသာ တရား တစ်ခုကို အပျောက် ရိုက်ရန် ကြံစည်မှု များ အတွက် ကမ္ဘာ့ ခုံရုံးမှာ ရှင်းရ လိမ့်မယ်လို့ ကျွန်ုပ်တို့ အကြိမ်ကြိမ် အလီလီ သတိပေး ခဲ့ပါတယ်။ 

ဦးသိန်းစိန် အစိုးရ အဖွဲ့နဲ့ အတိုက်အခံ များထဲက အမျိုးသားရေး ၀ါဒီ တွေဟာ လူထုကို ဗြောင်တိုက် လိမ်ညာပြီး ရိုဟင်ဂျာ ကိစ္စ၊ မြန်မာ မွတ်ဆလင် ကိစ္စဟာ ပြည်တွင်းရေး သမျှသာ ဖြစ်တယ်လို့ ကမ္ဘာကို အရှက် မရှိ ပြောဆို နေပေမယ့်-၊ ဒီကိစ္စ များဟာ ဒေသတွင်း (အာဆီယံ၊ တောင်အာရှ နိုင်ငံများ) ကိစ္စထက် ကျော်လွန်ပြီး ကမ္ဘာ့ အရေးကိစ္စ အဖြစ် ကျွန်ုပ်တို့ အရောက်နိုင် ခဲ့ပြီးပြီ။
ဒီကိစ္စ တွေကို အလျှင် အမြန် ဖြေရှင်း ပေးပါ။ ကမ္ဘာ့ စုံစမ်း စစ်ဆေးရဲ့ အဖွဲ့ကို ၀င်ခွင့်ပြုပါ။ လူသားချင်း စာနာမှု ထောက်ပံ့ခြင်း များကို ခွင့်ပြု ပေးပါ- ဆိုတဲ့ မေတ္တာ ရပ်ခံပေါင်း များစွာ နဲ့လည်း လူသိရှင်ကြား တစ်ဖုံ- လျှို့ဝှက်ဆက် သွယ်ပြီး တစ်မျိုးနဲ့ အာဏာပိုင် များဆီမှာ တောင်းဆို ခဲ့ပါတယ်။ သမ္မတ ကိုယ်တိုင်က လူသိရှင်ကြား တစ်ဖုံ၊ လျှို့ဝှက် ဆက်သွယ်ပြီး တစ်မျိုး ကတိတွေ အခါခါ ပေးပြီး ဗြောင်လိမ် ဗြောင်စား လုပ်ခဲ့ ပါတယ်။ ရာဇ၀တ်ကောင် တွေဘက်က တစ်ဘက်သတ် ရပ်တည်ပြီး- ကြေးစား လူသတ် သင်္ကန်းဝတ် များကို မြှောက်ထိုး ပင့်ကော် လုပ်ပေး ခဲ့ပါတယ်။ ၂၀၁၂ ခု စက်တင်ဘာလမှာ UN လုံခြုံရေး ကောင်စီကို အမှု တင်မယ်လို့ စီစဉ်ပြီးမှ ကမ္ဘာ့ လူကြီးတွေ ရှေ့မှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပြုပြင် ပေးပါမယ်၊ လိုက်လျှော ပေးပါမယ် ကတိပေးပြီး ကတိကို ဗြောင် တိုက် ဖျက်ပါယ် ပစ်ခဲ့ပါပြီ။ 

ပြည်တွင်းမှာ အမျိုးသားရေး ၀ါဒီတွေကို မွေးထုတ်တဲ့ အပြင်-၊ သမ္မတ အပါအ၀င်- သမ္မတရုံးက အကြီးတန်း ၀န်ကြီးများ ကိုယ်တိုင်က အစ္စလာမ် သာသနာ ပပျောက်ရေး အတွက် တစ်စိုက် မတ်မတ် လုပ်ဆောင် နေကြောင်း ကျွန်ုပ်တို့မှာ အထောက် အထား ပေါင်းများစွာ ရရှိ ထားပါတယ်။ 

ရခိုင် အပါအ၀င် တစ်ပြည်လုံးမှာ ရှိတဲ့ အစ္စလာမ် သာသနာဝင် တွေကို အပြုတ် ရှင်းဘို့ ကြိုးပမ်း မှုကို သမ္မတရုံး ကိုယ်တိုင်က ကြီးကြပ် စီမံခဲ့ပြီး-၊ ကောလဟလ အဖြစ် တရုတ်ကို ပို့တဲ့ ဂစ်ပိုက်လိုင်းကို ထိုးချလိုက်၊ စစ်အစိုးရ အဆက်ဆက် ပညာမဲ့ ခဲ့လို့ အခုလို ဖြစ်ရတာ ပါလို့ ပြောဆိုလိုက် လူထုကို လှည့်စား ခဲ့ပြန် ပါတယ်။ ဘယ်သူတွေ လုပ်လုပ်- ဘယ်သူက လုပ်လုပ် ဒါတွေ အားလုံးဟာ သမ္မတမှာ တိုက်ရိုက် တာဝန် အပြည့် ရှိပြီး၊ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ များရဲ့ ပါဝင် ပတ်သက်မှု များဟာလည်း သမ္မတမှာ တာဝန် မကင်းပါ။ ဒါကို တစ်ကမ္ဘာ လုံးက သိနေ ပါတယ်။ 

ဒါတွေကို ရပ်တန်းက ရပ်ပေးဘို့ နောက်ဆုံး သတိပေးချက် အဖြစ် သမ္မတ ဦးသိန်းစိန် ဥရောပ ခရီးစဉ်မှာ နောက်ဆုံး သတိပေး လိုက်ပြီးလည်း ဖြစ်ပါတယ်။ ကျွန်ုပ် တို့ဘက်က လုပ်နိုင် သလောက် မလုပ်ဘဲ- သံတမန် နည်းတွေနဲ့ အစွန်းဆုံးထိ လိုက်လျှော ပေးခဲ့ ပါပြီ။ ဦးသိန်းစိန်ဟာ ကတိပေးပြီး ပေးတဲ့ ကတိတိုင်းကို ဖျက်တတ် ကြောင်း ကမ္ဘာကို သက်သေ ပြခဲ့ ခြင်းပါ။ ဒီနေ့ထိ ရခိုင် နယ်က မွတ်ဆလင် ဒုက္ခသည် များကို လူ အဆင့် အတန်း ညီစွာ မဆက်ဆံ သေးတဲ့ အပြင်-၊ ကမ္ဘာ့ အသိ အမှတ်ပြု ရိုဟင်ဂျာ လူမျိုး ကိုလည်း ဘင်္ဂလီ ဇတ်သွင်းဘို့ အတင်း ဇွတ်မှိတ် ကြိတ်ကြံ နေဆဲ ဖြစ်ပါတယ်။ မိတ္ထိလာက ဒုက္ခသည် များကိုလည်း အချုပ်ထဲမှာ ထားသလို အကြောက် တရားများ၊ မွန်းကြပ် မှုများနဲ့ စိတ်ဒုက္ခ ကိုပါ ဆက်ပေး ထားနေ ပါတယ်။
မြန်မာ တစ်နိုင်ငံ လုံးမှာ ဦးသိန်းစိန် ကတိပေး ခဲ့သလို မငြိမ်းချမ်း လာတဲ့ အပြင် သင်္ကန်းဝတ် များရဲ့ ဆက်လက် ရန်ရှာမှု၊ ခြိမ်းခြောက် မှုတွေသာ ပိုမို ဗြောင်ကျ အတင်းရဲ လာပါတယ်။ ဖျက်ဆီး ခံလိုက် ရတဲ့ ဗလီဝတ် ကျောင်းများ ကို ပြန်လည် ဆောက်ပေးဘို့ နေနေ သာသာ ကိုယ့်စရိတ်နဲ့ ကိုယ်ဆောက် မှာကိုတောင် ခွင့်ပြု မပေးဘဲ နှိပ်ကွပ် ထားနေတယ်။ နောက်ထပ် ဗလီ အသစ်တွေ ဆောက်ရဘို့ ဆိုတာတော့ ဝေလာမှ ဝေးနေပါ သေးတယ်။ ဒီ လောက် ယုတ်မာ ပက်စက်တဲ့ အစိုးရနဲ့ ရာဇ၀တ်ကောင် တွေကို အရေး ယူခြင်းမှ အပ အခြား ရွေးစရာ လမ်း ကျွန်ုပ် တို့မှာ မရှိတော့ပါ။ ဒါကြောင့် ကျွန်ုပ် တို့ရဲ့ ကတိ အတိုင်း ရာဇ ၀တ်ကောင် များကို ခုံရုံးပေါ် အရောက် ဆွဲ တင်လိုက် ရခြင်းသာ ဖြစ်ပါတယ်။ 

ဒါတွေ အားလုံး အတွက် တာဝန် အရှိဆုံး ဖြစ်တဲ့ ဦးသိန်းစိန် အပါအ၀င် အမျိုးသားရေး ၀ါဒီများ အတွက် ထောင်ဝင်စာ ကြည့်မယ့် သူတွေကိုသာ အဆင်သင့် ပြင်ထား လိုက်ဘို့ အချိန်ကို ရောက်လာ ပါပြီ။ မြန်မာပြည် အတွက် သက်စွန့် ခဲ့တဲ့ လူသားပေါင်း များစွာကို ထောင်ဝင်စာ ကြည့်ခိုင်း ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ၀န်ကြီးချုပ်ဟောင်း တစ်ယောက် အနေနဲ့ ၀ဋ်ဆိုတာ မသေခင် လည်တတ်ကြောင်း ထိပ်တိုက် တွေ့ရ ပါတော့မယ်။ ကျွန်ုပ် တို့ဘက်က လည်း မိမိ စွဲတဲ့ တရားကို တရားလို အဖြစ် ရုံးပေါ်မှာ တွေ့ဘို့ Working Committee ဖွဲ့ပြီးနေပါပြီ။ မြန်မာ့ သမိုင်းမှာ မကြုံဘူးတဲ့ ပွဲ ကြုံရပါ တော့မယ်။ 

၁၉၉၆ ခုနှစ်က အင်အယ်လ်ဒီက ဦးကြည်မောင် ဒီလူတွေကို နုရင်ဘတ် ခုံရုံးကို တင်မယ် လို့ ဦးကြည်မောင် ကိုယ်တိုင်က လူသတ် တရားခံတွေကို ခုံရုံးတင်ဘို့ ဆန္ဒရှိ ခဲ့ပါတယ်။ သူ့ခမြာ ကမ္ဘာကို မထိုးဖေါက် နိုင်လို့ အထ မမြောက် ခဲ့ပေမယ့်-၊ အခု သူ့ရဲ့ ဆန္ဒပြည့်ဝ သွားပါပြီ။ ဦးသိန်းစိန်ရေ -အချုပ် ထဲကို လိုက်ခဲ့ပါ ဆိုတဲ့ အသံလေးကို ပဲ အဆင်သင့် ပြင်ပြီး စောင့်နေ လိုက်ပါ။ ဒီအတွက် ကျွန်ုပ် တို့ကို အပြစ် တစ်ခုလို မြင်ခဲ့ရင်လည်း တောင်းပန်ပါ သည် မြန်မာပြည် လို့ပဲ ပြောလိုက် ပါရစေ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Comment ရေးရန်

Pages 22123456 »
Rohingya Exodus