နောက်ဆုံးသတင်း/ဆောင်းပါးများ

သားဖြစ်သူ ရေနစ် သေဆုံးခြင်းကို မိခင်ဖြစ်သူအား လူသတ်မှု စွပ်စွဲ၍ ငွေညှစ်နေ

RB News
4.8.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း ဥဒေါင်း ကျေးရွာအုပ်စု၊ ပါစ်ကော်ရီရွာမှ ဦးအဘူလုလ်၏ သားဖြစ်သူ မောင်ဖိုက်ဆဲလ် (အသက် ၂၀ နှစ်) သည် ဇူလိုင်လ (၂၅) ရက်နေ့ က ရေ နစ်သေဆုံး သွားပြီး၊ ယခုအခါ မိခင်ဖြစ်သူအား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်မှ လူသတ်မှုဖြင့် စွပ် စွဲ၍ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။ 

ဖြစ်စဉ်မှာ ဥဒေါင်းကျေးရွာ အုပ်စု၊ ပါစ်ကော်ရီရွာမှ ဦးအဘူလုလ်၏ သားဖြစ်သူ မောင်ဖိုက်ဆဲလ် (အသက် ၂၀ နှစ်) သည် ဇူလိုင်လ (၂၅) ရက်နေ့တွင် သပြေတောရွာရှိ ဆွေမျိုးများ၏ နေအိမ်မှ အပြန် တွင် ချောင်း ကူး၍ ဖြတ်သန်း လာစဉ် ရေနစ်၍ သေဆုံး ခဲ့သည်။ ၎င်း၏ အလောင်းကို အလယ်သံကျော် ဗျူဟာကုန်းရွာ အနီးရှိ ကမ်းခြေတွင် ဇူလိုင်လ (၂၆) ရက်နေ့က ရှာဖွေတွေ့ရှိ ခဲ့ပြီး၊ ထိုရွာတွင်ပင် မြှပ်နှံ သဂြိုဟ် ခဲ့သည်။ 

ထိုသတင်းကို ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်မှ ကြား သိပြီး ရေနစ် သေဆုံး သွား သူ မောင် ဖိုက်ဆဲလ်၏ မိခင်ဖြစ်သူအား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ပြီး ငွေကျပ် ၅ သိန်း မပေး လျှင် လူ သတ်မှုဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံများမှ RB News သို့ ပြောပါသည်။ 

သားဖြစ်သူ ရုတ်တရက် သေဆုံးသွား၍ သောက ရောက်နေသော မိခင် ဖြစ်သူ ဒေါ်ဂူလ်ဘာနူးမှ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခြိမ်းခြောက်မှု များကြောင့် ငွေကျပ် ၂ သိန်း ပေးခဲ့ရကြောင်း သိရှိ ရပါသည်။ 

“သားဖြစ်တဲ့သူလည်း ရုတ်တရက်aရနစ်ပြီး သေဆုံး သွားရတယ်။ အခု ကျေးရွာ အုပ်ချုပ်ရေးမှူး တင်မောင် က ဒမြ တိုက်နေတော့ ဆင်းရဲ နွမ်းပါးတဲ့ သူတို့ မိသားစုမှာ အတော်လေး အကျပ် အ တည်း ဖြစ်နေတဲ့ အပြင် သောကလည်း ပိုများနေ ရတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါ သည်။ 

ထို့အပြင် ဇူလိုင်လ (၃၀)ရက်နေ့က ကျးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်က အစ္စလာမ်ဘာ သာရေး ကျောင်း အုပ်ကြီး ဖြစ်သည့် မော်လာနာ ဦးမိုဟာမတ် ဇူဘိုက်ရ်ကို ခေါ်၍ မီဒီယာ များကို သတင်း ပို့ နေသည်ဟု စွပ်စွဲ၍ ခြိမ်းခြောက်မှု များပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus