နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်ရှိ ဒု-ရဲမှူးမှ ရိုဟင်ဂျာ စက်လှေပိုင်ရှင် များကို လစဉ်ကြေး သတ်မှတ်၊ ရခိုင်များ ပေးရန်မလို

RB News
4.8.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု တာဝန်ခံ ဒု-ရဲမှူးမှ စက်လှေ ပိုင်ရှင်များ အားလုံးကို သြဂုတ်လ (၂) ရက်နေ့ နေ့လည် ၁၂ နာရီတွင် ယခင် နစက စခန်းရှိရာ ရုံးသို့ အစည်းအဝေး ခေါ်ယူ၍ လစဉ်ကြေး သတ်မှတ်ပြီး တောင်းခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

အလယ်သံကျော် ကျေးရွာတွင် စက်လှေ သုံးမျိုး ရှိပြီး အများစုမှာ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင် ကြသည်။ စက်လှေ များတွင် ငါးဖမ်း စက်လှေ၊ ငါးဝယ်သည့် စက်လှေနှင့် ရိုးရိုးလှေ (စက်မပါ) ဟူ၍ သုံးမျိုး ရှိသည်။ 

အလယ်သံကျော်တွင် ငါးဖမ်းစက်လှေ ၁၀၈ စီးရှိပြီး၊ ယခု အခါ ဒု-ရဲမှူးအား လစဉ် ဆီနှစ်ဂါလံ (သို့မ ဟုတ်) ငွေကျပ် တစ်သောင်းနှင့် နေ့စဉ် ငွေကျပ် ၅၀၀ ပေးရမည် ဖြစ်သည်။ ငါးဝယ်သည့် စက်လှေ ၅၄ စီးရှိပြီး၊ ဒု-ရဲမှူး အားလစဉ် ဆီငါးဂါလံ (သို့မဟုတ်) ငွေကျပ် နှစ်သောင်းခွဲ၊ နေ့စဉ် ငွေကျပ် ၅၀၀ ပေးရ မည် ဖြစ်သည်။ စက်မပါသည့် ရိုးရိုးလှေ အစီး ၃၀၀ ခန့်ရှိပြီး၊ လစဉ် ငွေငါးထောင်နှင့် နေ့စဉ် ငွေကျပ် ၅၀၀ မပျက်မကွက် ပေးရမည် ဖြစ်ကြောင်း အစည်းအဝေးတွင် ဒု-ရဲမှူးမှ ပြောကြား ခဲ့သည်။ 

သို့သော်လည်း ရခိုင် လူမျိုးများ ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ ၄ စီးမှာ ရိုဟင်ဂျာ လူမျိုး စက်လှေ ပိုင်ရှင် များကဲ့သို့ ပေးရန် မလိုကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ယခုကဲ့သို့ တောင်းခံခြင်းမှာ ဥပဒေအရ တရား မ၀င်သော်လည်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများကို မည်သည့် ဥပဒေကမှ ကာကွယ် ထားခြင်း မရှိသော်ကြောင့် စားဝတ်နေရေး ပြေလည်ရန် အတွက် အာဏာ ပိုင်များမှ တရားဝင် ဓါးပြ များကဲ့သို့ တောင်းခံခြင်းကို မပျက်မကွက် ပေးသွားရန်မှ တပါး အခြား မ ရှိ ကြောင်း ဒေသခံ များမှ ဆိုသည်။


Comment ရေးရန်

Rohingya Exodus