April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘင်္ဂလီ တစ်ကယ် ရှိပါသည်

ဌေးလွင်ဦး
RB News
4.8.2013

အရက္ခဒေသ (ယခု ရခိုင်နယ်) ရဲ့ မူလဘူတ လူမျိုး များဟာ ရိုဟင် ဂျာများ ဖြစ် တယ် ဆိုတဲ့ သမိုင်းက ငြင်းမရနိုင် အောင် ဖြစ်လာ ခဲ့ပါပြီ။ ဗြောင်ငြင်း မျက် ကန်း အမျိုးသားရေး ၀ါဒီ တွေက သမိုင်းကို ဘယ်လို လိမ်လိမ်၊ ဘယ်လို ဖုံးဖုံး ကမ္ဘာ့ အလယ် မှာရော စိတ်နှလုံး ရိုသားမှုကို အခြေခံတဲ့ မြန်မာ လူထု ကြား ထဲ မှာပါ- ဗူးပေါ် သလို ပေါ်လာခဲ့ ပါပြီ။ ရိုဟင်ဂျာ များကို ဘင်္ဂလီဇာတ် အ တင်း သွပ် သွင်း ခြင်းကို ရိုဟင်ဂျာများ ကိုယ်တိုင် လက်မခံ သလို UN, US, EU,OIC အာဆီယံ နိုင်ငံ များနဲ့ ကမ္ဘာ့ အသိုင်း အ၀ိုင်းက လုံးဝ လက်ခံခြင်း မရှိ ဘဲ- ရိုဟင်ဂျာများ ကိုယ်စား ရိုဟင်ဂျာ တို့ရဲ့ သမိုင်းကို တစ်ကမ္ဘာလုံးက ဂုဏ် သိက္ခာ ရှိ တဲ့ ပညာရှင်များ၊ ကမ္ဘာ့ နိုင်ငံကြီး အသိုင်း အ၀ိုင်း ထဲက သြဇာကြီး တဲ့ ပုဂ္ဂိုလ်များ ကိုယ် တိုင် ဖေါ်ထုတ် လာကြ ပါပြီ။

မြန်မာအာဏာပိုင်များဘက်က ဇွတ်မိုက်ရင် ထိပ်တိုက် တိုးရမယ့်ပွဲက အချိန် ပိုနီးစပ် သွားပါမယ်။ ဒီ အခြေအနေမှာ မြန်မာ အာဏာ ပိုင်များ အနေနဲ့ မချစ် သော်လည်း အောင့်ကာ နမ်းရတော့မည့် အခြေ အနေကို ရောက် လာပြီး မပေးချင် သော်လည်း လက်ကိုလှမ်းရ တော့မှာပါ။ ဒါဆိုရင် ရခိုင်မှာ သမိုင်းအရ တစ်ကယ် ရှိနေခဲ့တဲ့ဘင်္ဂလီ လူမျိုးက အလိုလို ပျောက်ဆုံး သွားရတော့မှာ ဖြစ်ပါတယ်။ ဒါဟာလည်း လူ မျိုး တစ်မျိုးရဲ့ သမိုင်း တစ်ခုကို ဖျောက် ဖျက်ခြင်း ဖြစ်မည် ပါတော့မယ်။

၁၇၉၉ ခုနှစ်ထုတ် Asiatic Research Volume the Fifth အရ ဗြိတိသျှ သုတေသီ ဘူချာနန်ရဲ့ သုတေသန မှတ်တမ်း အရ အရက္ခဒေသ ရဲ့ မူလ ဘူတ လူမျိုးဟာ ရိုဟင်ဂျာ များ ဖြစ်ပြီး- သူတို့နဲ့ အတူ စင်ပြိုင် ရိုဆ ၀မ် လူမျိုးများ ရှိနေ ခဲ့ပါတယ်။ ဘူချာနန်ဟာ သူ့ရဲ့ စာအုပ်မှာ ဘာသာ စကားများ နှိုင်းယှဉ်ပြဇယားနဲ့ စကား လုံး ဝေါဟာရပေါင်း ၅၀ ကို ဖေါ်ပြထားပါတယ်။ အဲ့ဒီ ဇယားထဲမှာ ရိုဟင်ဂျာ၊ ရိုဆ၀မ်၊ ဘင်္ဂ(ဘင်္ဂလီ) ဆိုပြီး လူမျိုးကို ထည့်သွင်း ဖေါ်ပြ ခဲ့ပါတယ်။ ဒါကို ၁၈၁၁ ခုနှစ်ထုတ် The Classical Journal Volume 4 ရဲ့စာ မျက် နှာ ၁၀၇ နဲ့ ၃၄၈ မှာလည်း (ကမ္ဘာ့) ဘာသာ စကားပေါင်း ၂၀၀ ကို သုတေသန လုပ်ဖေါ်ပြ ချက်မှာ ဗမာ အင်ပါယာ ထဲက ရိုဟင်ဂျာ၊ ရိုဆ၀မ်နဲ့ ဘင်္ဂ (ဘင်္ဂလီ) စကား ဆိုပြီး မှတ်တမ်းတင် ထားပြန် ပါတယ်။ 

ဒီစာအုပ် များကို ပုံနှိပ် ထုတ်ဝေ ခဲ့ခြင်း ခုနှစ်က ၁၈၁၃ ခုမတိုင်မှီက ဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရ လည်း မြန်မာ နိုင်ငံ ထဲက တိုင်းရင်းသား အဖြစ် အကျုံးဝင်ပြီး မြန်မာ အင်ပါယာ ထဲက သမိုင်းဝင် လူမျိုးလည်း ဖြစ်နေ ခဲ့ပါတယ်။

မြန်မာ အာဏာပိုင် တွေဟာ မဟာ ဗုဒ္ဓဘာသာ အင်ပါယာကို ထူထောင်ဘို့ စိတ်ကူး ယဉ်ပြီး အစ္စလာမ် သာ သနာကို တစ်ဘက်သတ် မုန်းတီးပြီး အစ္စလာမ် များကို ကျူးကျော်သူ ဘင်္ဂလီ များလို့ စွပ်စွဲရင်း လက် လွန် သွားကာ အစ္စလာမ် သာသနာဝင် မျိုးနွယ်စု ဖြစ်ပြီးသား ရိုဟင်ဂျာ များကို အတင်း အဓမ္မ ဘင်္ဂလီ ဇာတ် သွင်းရင်း တစ်ကယ် ရှိခဲ့ ရှိနေတဲ့ ဘင်္ဂလီများ ပျောက်ဆုံး ရပါတော့မယ်။

သမိုင်းကို သမိုင်း လိုသာ မြင်သင့် ပါတယ်။ ဘာသာ လူမျိုးစွဲနဲ့ သမိုင်းကို မဆုံးဖြတ် သင့်ပါ။ သမိုင်းကို အမှန်ကို လိုက်ရင် ၁၈၅၂ ခုနှစ်ထုတ် An Account of Burman Empire စာအုပ်ရဲ့ စာမျက်နှာ ၆၆ ကို ပြန်ကြည့် စေလို ပါတယ်။ အဲ့ဒီမှာ အရက္ခ ဒေသ (Arracan) ဒေသရဲ့ မူလဘူတ လူမျိုး ရှေးပဝေ သဏီ ကပဲ အရက္ခ ဒေသမှာ အခြေချ ခဲ့တဲ့ လူမျိုးဟာ ရိုဟင်ဂျာများ ဖြစ်ပြီး သူတို့ဟာ အစ္စလာမ် သာသနာဝင် မဟာ မေဒင်များ ဖြစ်ပါတယ်။ မော့ဂ် (မာဂဓ ဆိုတဲ့ အသုံးက ဆင်းသက်တဲ့ စကားနဲ့ အခု ရခိုင် အမည်ခံ လူမျိုးကို ရည်ညွှန်းတဲ့) လူမျိုးက အရက္ခ ဒေသရဲ့ မူလဘူတ လူမျိုးစု မဟုတ်ဘဲ ဗမာများရဲ့ အ ဆက် ဖြစ် တယ်။ Hindoos of Bengal လို့ ပြော ထားတဲ့ ဘင်္ဂလီ ဟိန္ဒူ တွေက ဇာတိ လူမျိုး မဟုတ်လို့ သူတို့ကို ကု လား ရခိုင် လို့ သတ်မှတ် ထားပါတယ်။ ၁၇၉၉ ခုထုတ် ဒေါက်တာ ဘူချာနန်ရဲ့ သုတေသန စာအုပ် စာ မျက်နှာ ၂၃၇ မှာလည်း ရိုဆ၀မ် များနဲ့ ဗြဟ္မာ ဟိန္ဒူများကို ကုလား ရခိုင်လို့ ခေါ်ကြောင်း မှတ်တမ်း တင် ထား ပါတယ်။ ဒီအသုံး အနှုန်း ထဲမှာ သေချာတဲ့ အဖြေက အရက္ခ ဒေသမှာ ရှိခဲ့တဲ့ ရိုဆ၀မ်များ ဟိန္ဒူ များ ဟာ ကုလား ရခိုင်များ ဖြစ်ခဲ့ပြီး အဲ့ဒီ အထဲက ဟိန္ဒူများက ဘင်္ဂလီများ ဖြစ်ပါတယ်။ ဒါကို Hindoos of Bengal ဆိုတဲ့ စကားလုံးက သက်သေ ပြုနေ ပါတယ်။

အခု ရခိုင်လို့ ခေါ်တွင် နေတဲ့ အရက္ခ ဒေသမှာ နေတဲ့ ဟိန္ဒူ အများစုက ဗုဒ္ဓဘာသာ ခေါင်းစဉ် အောက်ကို ကူး ပြောင်းပြီး ဖြစ်လို့ သူတို့ကို ဘင်္ဂလီ လို့ မသတ်မှတ် တော့ဘဲ ချန်လှပ် ထားခြင်းနဲ့ အရက္ခ ဒေသရဲ့ မူလဘူတ လူမျိုးဖြစ်တဲ့ အစ္စလာမ် သာသနာဝင် ရိုဟင်ဂျာ များကိုသာ ဘင်္ဂလီ ဖြစ်တယ်လို့ စွပ်စွဲ နေခြင်း ဟာ သမိုင်းကို နှစ် ထပ်ကွမ်း လိမ်ညာ လိုက်ခြင်း ဖြစ်ပြီး ဘာသာရေး အရ ရည်ရွယ်ချက် ပါဝင် နေကြောင်း ထင်ရှား လှပါတယ်။

တစ်ကယ်တော့ ဘင်္ဂလီ များဆို အရက္ခ ဒေသမှာ နေထိုင်တဲ့ ဟိန္ဒူ ဘာသာဝင်များ ဖြစ်ပါတယ်။

ကျွန်တော့ အနေနဲ့ ဒီသမိုင်းကိုပြန်လည် ဖေါ်ပြခြင်းက အမှန်ကို အမှန် အတိုင်း သိစေဘို့ အတွက် သာ ဖြစ် ပြီး မည် သည့် လူမျိုး တစ်မျိုးကို နစ်နာစေ ဆိုတဲ့ စိတ်စေတနာ မရှိပါ။ အရက္ခ ဒေသ မှာ နေထိုင် ခဲ့တဲ့ ဟိန္ဒူ ဘာသာ ၀င်များနဲ့ ရိုဆ၀မ် တို့ဟာ ကုလား ရခိုင်လို့ မှတ်တမ်းတင် ခံထားရတဲ့ လူမျိုး ဖြစ်ပေ မယ့်- သူတို့ ဟာလည်း ၁၇၉၉ ခု မတိုင်မှီ ကတည်းက အဲ့ဒီ ဒေသမှာ နေထိုင် အခြေချ ခဲ့တဲ့ လူမျိုး များ ဖြစ် ပါတယ်။ ဒါကြောင့် သူတို့ ကိုယ်တိုင် လည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရပင် တရားဝင် တိုင်း ရင်းသား ဖြစ်ပြီး လူမျိုးများ ဖြစ်နေ ပါတယ်။ 


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Pages 22123456 »
Rohingya Exodus