March 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရှစ်လေးလုံး အကြမ်းဖက် နှိမ်နင်းမှု အတွက် တောင်းပန်ဖို့ အစိုးရကိုတိုက်တွန်း




7.8.2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ချိန်မှာ မြန်မာ နိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး အ တွက် အတိတ် ကာလမှာ အစိုးရက အကြမ်းဖက် နှိမ်နင်း ခဲ့တာ တွေကို တရားဝင် တောင်းပန်ဖို့ ဗ မာ နိုင် ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က လက်ရှိ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်း သားတွေ အားလုံးပြန်လွှတ် ပေးဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ဆောင် ရွက်ဖို့ကိုလည်း တိုက်တွန်း တောင်းဆို တယ်လို့ ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဌ ကိုလင်း ထက်နိုင်က ပြောပါတယ်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆိုလို့ ရှိရင် စစ်တပ် ကနေ တာဝန် ခံပြီး ကူးပြောင်း လာတဲ့ အစိုးရ အနေနဲ့ တရားဝင် တောင်းပန် ပြီးမှသာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် စပြီးတော့ လုပ် သင့် တဲ့ အကြောင်း တိုက်တွန်း ထားတယ်၊ ဒီအမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ကိုပဲ နိုင် ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ဆိုတာ ပါတယ်၊ နောက်တကယ် စေတနာ ပါပါနဲ့ ပွင့် လင်း မြင်သာ မှုရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ ကမ်းလှမ်း မှုကို ကျနော်တို့ တောင်းဆို တာပါ”

အလားတူ ဗကသများ အဖွဲ့ချုပ် (ရမည်းသင်း ခရိုင်) ကလည်း ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် သဘောထား အဖြစ် အချက် ၈ ချက်ပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ခရိုင် အတွင်းရေးမှူး ကိုအောင်ထက်နိုင်က အခုလို ပြောပါတယ်။

“သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား ကိုလည်း ရန်ကုန်၊ မန္တလေး လိုမျိုး မြို့ကြီး တွေမှာရော ကျန်တဲ့ မြို့တွေ မှာပါ ကျင်းပ နေတယ်၊ အဲဒီ အချိန် ရန်ကုန်မှာ ကျင်းပတဲ့ ပွဲဆိုလို့ ရှိရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုပြီး ပွဲစီစဉ်တဲ့ သူတွေကနေ ပြီးတော့ မူဝါဒ တစ်ခု ချ မှတ် ထားတာ တွေ့ရတယ်၊ ဒါပေမယ့် အတိုက်အခံ ဘက်က အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို ကြွေးကြော် နေပေ မယ့် တစ်ဘက်က အသံတွေက တိတ်ဆိတ် နေတာ တွေ့ရ တယ်ဗျ၊ ဒါကြောင့် အစိုးရ အနေနဲ့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ နေ့ကို ပြည်သူ့ ဒီမိုကရေစီ နေ့အဖြစ် မသတ် မှတ် သေးသရွေ့ ကျနော် တို့ကလည်း အစိုးရရဲ့ ပြုပြင် ပြောင်းလဲ မှုတွေကို အသိ အမှတ် မပြုသေးတဲ့ အကြောင်းကို ကြေညာချက် ထဲမှာ ထည့်ပြီး ထုတ်ပြန် ထားတာပါ”

ကြေညာချက်ပါ အချက် ၈ ချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု ဆန္ဒ အတိုင်း အမြန်ဆုံး ပြင် ဆင်ဖို့၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တွေကို ဖမ်းဆီး နေတာ၊ တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသား လူ ငယ် တွေကို စောင့်ကြည့် တာတွေ ရပ်ဖို့၊ တိုင်းရင်းသား တွေနဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ အမြန်ဆုံး စတင်ဖို့ စတဲ့ အချက်တွေ ပါဝင် ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus